ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထရိန်နင်စင်တာအဖြစ် အိုးထရက်ဖို့ဒ်ကို ယူနိုက်တက် အသုံးပြုခွင့်ပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဗြိတိန်တစ်နိုင်ငံလုံးအနှံ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေး ပရိုဂရမ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် St John Ambulance အဖွဲ့အတွက် ဗော်လန်တီယာသမား ရာပေါင်းများစွာ လေ့ကျင့်ဖို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို ဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။


လာမယ့်ရက်သတ္တပတ် ၅ပတ်အတွင်း ကြီးမားတဲ့ထရိန်နင်အဆောက်အဦအဖြစ် ၄ခု အသုံးပြုမှာဖြစ်ပြီး St John Ambulance ဟာ ဗြိတိန်တစ်နိုင်ငံလုံးအနှံ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် ဗော်လန်တီယာ ၃၀၀၀၀ ကို ထရိန်နင်ပေးနေတာဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာ ထရိန်နင်ဆင်းမယ့် ဗော်လန်တီယာတွေဟာ ဂရိတ်တားမန်ချက်စတာဒေသမှာ ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးမှာဖြစ်သလို ယူနိုက်တက်ဝန်ထမ်းတွေလည်း အဲဒီပရိုဂရမ်မှာ ဗော်လန်တီယာလုပ်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။


”အိုးထရက်ဖို့ဒ်ကွင်းက အခုလိုသမိုင်းဝင်ပရိုဂရမ်ကြီးမှာ ပါဝင်မယ့် ဗော်လန်တီယာတွေကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ အဆောက်အဦတွေ၊ ကားပါကင်တွေ၊ လမ်းမတွေနဲ့ ကျွန်တော်တို့ရဲ့အဖွဲ့က ကိုဗစ်-၁၉ ကို တိုက်ထုတ်နေတဲ့ နိုင်ငံရဲ့ကြိုးစားမှုမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်မှာပါ”

”St John Ambulance အတွက် အိုးထရက်ဖို့ဒ်ရဲ့တံခါးတွေကို ဂုဏ်ယူစွာနဲ့ ဖွင့်လိုက်ပါတယ်။ ကျွန်တော်တို့အသင်းဘက်ကလည်း အခုလိုကပ်ဘေးကာလအတွင်း အများပြည်သူကျန်းမာရေးအတွက် လိုအပ်တာတွေ ကူညီဖြည့်ဆည်းပေးနေတဲ့မူဝါဒအတိုင်း ဒေသတွင်းကော်မတီကို ကူညီနေပါတယ်”လို့ ယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူဖြစ်တဲ့ ကော်လက်တီရို့ချ်က ပြောပါတယ်။

၂၀၂၀ အတွင်း ဗြိတိန်နိုင်ငံကို ကိုဗစ်ကပ်ဘေး ပထမလှိုင်းအဖြစ် စတင်ရိုက်ခတ်စဉ်က ယူနိုက်တက်ဟာ ဒေသတွင်းဆေးရုံတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အစားအစာပေါင်း ၆၀၀၀၀ လှူဒါန်းခဲ့ပြီး ကလပ်အသင်းနဲ့ ဖောင်ဒေးရှင်းကောလိပ်ပေါင်း ၈၀ ကလည်း ကျန်းမာရေးNHS Manchester ဆိုက်ဒ် ၄ခုအတွက် ပေါင် ၁၅၀၀၀၀ တန်ဖိုးရှိ အစားအစာတွေ လှူဒါန်းခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ကိုဗစ္ကာကြယ္ေဆးထိုးဖုိ႔ ထရိန္နင္စင္တာအျဖစ္ အုိးထရက္ဖို႔ဒ္ကို ယူႏုိက္တက္ အသုံးျပဳခြင့္ေပး
ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္ဟာ ၿဗိတိန္တစ္ႏိုင္ငံလံုးအႏွံ႔ ကုိဗစ္-၁၉ ကာကြယ္ေဆး ထိုးႏွံေပးေရး ပ႐ိုဂရမ္ရဲ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ St John Ambulance အဖြဲ႕အတြက္ ေဗာ္လန္တီယာသမား ရာေပါင္းမ်ားစြာ ေလ့က်င့္ဖို႔ အိမ္ကြင္း အိုးထရက္ဖို႔ဒ္ကို ဖြင့္ေပးခဲ့ေၾကာင္း သိရပါတယ္။
လာမယ့္ရက္သတၱပတ္ ၅ပတ္အတြင္း ႀကီးမားတဲ့ထရိန္နင္အေဆာက္အဦအျဖစ္ ၄ခု အသုံးျပဳမွာျဖစ္ၿပီး St John Ambulance ဟာ ၿဗိတိန္တစ္ႏိုင္ငံလုံးအႏွံ႔ ကုိဗစ္ကာကြယ္ေဆးထိုးေပးႏိုင္ေရးအတြက္ ေဗာ္လန္တီယာ ၃၀၀၀၀ ကို ထရိန္နင္ေပးေနတာျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္ကြင္းမွာ ထရိန္နင္ဆင္းမယ့္ ေဗာ္လန္တီယာေတြဟာ ဂရိတ္တားမန္ခ်က္စတာေဒသမွာ ျပည္သူေတြကို ကာကြယ္ေဆးထိုးေပးမွာျဖစ္သလုိ ယူႏုိက္တက္၀န္ထမ္းေတြလည္း အဲဒီပ႐ိုဂရမ္မွာ ေဗာ္လန္တီယာလုပ္ဖုိ႔ အခြင့္အေရးရရွိမွာျဖစ္ပါတယ္။
”အုိးထရက္ဖုိ႔ဒ္ကြင္းက အခုလိုသမုိင္း၀င္ပ႐ိုဂရမ္ႀကီးမွာ ပါ၀င္မယ့္ ေဗာ္လန္တီယာေတြကို လႈံ႔ေဆာ္ေပးႏိုင္စြမ္းရွိပါတယ္။ အေဆာက္အဦေတြ၊ ကားပါကင္ေတြ၊ လမ္းမေတြနဲ႔ ကၽြန္ေတာ္တုိ႔ရဲ႕အဖြဲ႕က ကိုဗစ္-၁၉ ကို တုိက္ထုတ္ေနတဲ့ ႏိုင္ငံရဲ႕ႀကိဳးစားမႈမွာ အေရးပါတဲ့အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္မွာပါ”
”St John Ambulance အတြက္ အုိးထရက္ဖုိ႔ဒ္ရဲ႕တံခါးေတြကို ဂုဏ္ယူစြာနဲ႔ ဖြင့္လုိက္ပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းဘက္ကလည္း အခုလိုကပ္ေဘးကာလအတြင္း အမ်ားျပည္သူက်န္းမာေရးအတြက္ လိုအပ္တာေတြ ကူညီျဖည့္ဆည္းေပးေနတဲ့မူ၀ါဒအတုိင္း ေဒသတြင္းေကာ္မတီကို ကူညီေနပါတယ္”လုိ႔ ယူနုိက္တက္အသင္းရဲ႕တာ၀န္ရွိသူျဖစ္တဲ့ ေကာ္လက္တီ႐ုိ႕ခ်္က ေျပာပါတယ္။
၂၀၂၀ အတြင္း ၿဗိတိန္ႏိုင္ငံကို ကိုဗစ္ကပ္ေဘး ပထမလိႈင္းအျဖစ္ စတင္႐ိုက္ခတ္စဥ္က ယူႏုိက္တက္ဟာ ေဒသတြင္းေဆး႐ုံေတြမွာရွိတဲ့ က်န္းမာေရး၀န္ထမ္းေတြအတြက္ အစားအစာေပါင္း ၆၀၀၀၀ လွဴဒါန္းခဲ့ၿပီး ကလပ္အသင္းနဲ႔ ေဖာင္ေဒးရွင္းေကာလိပ္ေပါင္း ၈၀ ကလည္း က်န္းမာေရးNHS Manchester ဆုိက္ဒ္ ၄ခုအတြက္ ေပါင္ ၁၅၀၀၀၀ တန္ဖုိးရွိ အစားအစာေတြ လွဴဒါန္းခဲ့ၾကပါတယ္။