ကိုဗစ်ကာကွယ်ဆေး မထိုးရင် ကစားခွင့်မရဖို့နီးစပ်နေတဲ့ ပရီးမီးယားလိဂ် ကစားသမားများ

ပရီးမီးယားလိဂ်နည်းပြများဟာအစိုးရရဲ့ကိုဗစ်နှိမ်နင်းရေးအစီအစဉ်သစ်ကြောင့်

ကာကွယ်ဆေးမထိုးတဲ့ကစားသမားများကိုအသုံးပြုခွင့်ပိတ်ပင်လာမည်ကို

အထူးစိုးရိမ်နေကြပါတယ်။ ဗြိတိန်အစိုးရကအိုမီခရွန်ဗိုင်းရပ်စ်သစ်ရဲ့ခြိမ်းခြောက်မှု

ကြောင့် Covid Plan B ကိုအသုံးပြုသွားမယ်လို့အတည်ပြုထားပါတယ်။

ဒါကြောင့်ပရိသတ်များအနေဖြင့်ကွင်းအတွင်းသို့ဝင်ရောက်ရာမှာကာကွယ်ဆေး

ထိုးထားတဲ့အထောက်အထားစာရွက်ပြသရပါမယ်။

ဒါပေမယ့်ပရီးမီးယားလိဂ်ကလပ်များဟာအစိုးရကကိုဗစ်ကာကွယ်ဆေးထိုးမှုနဲ့

ပတ်သက်ပြီးလမ်းညွှန်ချက်တင်းကြပ်သထက်တင်းကြပ်လာနိုင်မှုနဲ့အတူ

ကာကွယ်ဆေးမထိုးတဲ့ကစားသမားများကိုသုံးခွင့်ပိတ်ပင်လာမှာစိုးရိမ်နေပါတယ်။

အောက်တိုဘာလတုန်းကပရီးမီးယားလိဂ်ရဲ့ကြေညာချက်ရပရီးမီးယားလိဂ်မှ

ကစားသမား ၈၁ ရာခိုင်နှုန်းကကာကွယ်ဆေးတစ်ကြိမ်ထိုးထားပြီး

၆၁ ရာခိုင်နှုန်းသာကာကွယ်ဆေးနှစ်ကြိမ်ထိုးထားကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်များမှာကလပ်များကကစားသမားများကိုကာကွယ်ဆေး

ထိုးရန်ဖိအားပေးမှုနဲ့အတူ ကာကွယ်ဆေးထိုးထားတဲ့ပမာဏများပြား

လာမယ်လို့ယုံကြည်ရပါတယ်။ အစိုးရလမ်းညွှန်ချက်အရကာကွယ်ဆေးမထိုးတဲ့

ကစားသမားမှာကိုဗစ်စစ်ဆေးမှုနက်ဂတစ်ဖြစ်မှကစားရမှာဖြစ်ပေမဲ့စည်းကမ်း

ပိုမိုတင်းကြပ်လာနိုင်တဲ့အနေအထားကြောင့်ကလပ်များစိုးရိမ်နေကြတာပါ။

အမေရိကန်တွင်ကိုဗစ်စည်းမျဉ်းကန့်သတ်မှုအသစ်ကြောင့်ကာကွယ်ဆေး

မထိုးတဲ့ကစားသမားဟာလေ့ကျင့်ရေးကွင်းသို့လာရောက်ခွင့်ပိတ်ပင်

ခံထားရပါတယ်။ NBA ကလပ် ဘရွတ်ကလင်းနက်မှကိုင်ရီအိုင်ဗင်းဟာ

ကာကွယ်ဆေးမထိုးမှုကြောင့်လေ့ကျင့်ခန်းအစီအစဉ်သို့ပင်လာခွင့်မရပါဘူး။

zawgyi

ကိုဗစ္ကာကြယ္ေဆး မထိုးရင္ ကစားခြင့္မရဖို႔နီးစပ္ေနတဲ့ ပရီးမီးယားလိဂ္ ကစားသမားမ်ား

ပရီးမီးယားလိဂ္နည္းျပမ်ားဟာအစိုးရရဲ႕ကိုဗစ္ႏွိမ္နင္းေရးအစီအစဥ္သစ္ေၾကာင့္

ကာကြယ္ေဆးမထိုးတဲ့ကစားသမားမ်ားကိုအသုံးျပဳခြင့္ပိတ္ပင္လာမည္ကို

အထူးစိုးရိမ္ေနၾကပါတယ္။ ၿဗိတိန္အစိုးရကအိုမီခ႐ြန္ဗိုင္းရပ္စ္သစ္ရဲ႕ၿခိမ္းေျခာက္မႈ

ေၾကာင့္ Covid Plan B ကိုအသုံးျပဳသြားမယ္လို႔အတည္ျပဳထားပါတယ္။

ဒါေၾကာင့္ပရိသတ္မ်ားအေနျဖင့္ကြင္းအတြင္းသို႔ဝင္ေရာက္ရာမွာကာကြယ္ေဆး

ထိုးထားတဲ့အေထာက္အထားစာ႐ြက္ျပသရပါမယ္။

ဒါေပမယ့္ပရီးမီးယားလိဂ္ကလပ္မ်ားဟာအစိုးရကကိုဗစ္ကာကြယ္ေဆးထိုးမႈနဲ႔

ပတ္သက္ၿပီးလမ္းၫႊန္ခ်က္တင္းၾကပ္သထက္တင္းၾကပ္လာႏိုင္မႈနဲ႔အတူ

ကာကြယ္ေဆးမထိုးတဲ့ကစားသမားမ်ားကိုသုံးခြင့္ပိတ္ပင္လာမွာစိုးရိမ္ေနပါတယ္။

ေအာက္တိုဘာလတုန္းကပရီးမီးယားလိဂ္ရဲ႕ေၾကညာခ်က္ရပရီးမီးယားလိဂ္မွ

ကစားသမား ၈၁ ရာခိုင္ႏႈန္းကကာကြယ္ေဆးတစ္ႀကိမ္ထိုးထားၿပီး

၆၁ ရာခိုင္ႏႈန္းသာကာကြယ္ေဆးႏွစ္ႀကိမ္ထိုးထားေၾကာင္းသိရပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားမွာကလပ္မ်ားကကစားသမားမ်ားကိုကာကြယ္ေဆး

ထိုးရန္ဖိအားေပးမႈနဲ႔အတူ ကာကြယ္ေဆးထိုးထားတဲ့ပမာဏမ်ားျပား

လာမယ္လို႔ယုံၾကည္ရပါတယ္။ အစိုးရလမ္းၫႊန္ခ်က္အရကာကြယ္ေဆးမထိုးတဲ့

ကစားသမားမွာကိုဗစ္စစ္ေဆးမႈနက္ဂတစ္ျဖစ္မွကစားရမွာျဖစ္ေပမဲ့စည္းကမ္း

ပိုမိုတင္းၾကပ္လာႏိုင္တဲ့အေနအထားေၾကာင့္ကလပ္မ်ားစိုးရိမ္ေနၾကတာပါ။

အေမရိကန္တြင္ကိုဗစ္စည္းမ်ဥ္းကန႔္သတ္မႈအသစ္ေၾကာင့္ကာကြယ္ေဆး

မထိုးတဲ့ကစားသမားဟာေလ့က်င့္ေရးကြင္းသို႔လာေရာက္ခြင့္ပိတ္ပင္

ခံထားရပါတယ္။ NBA ကလပ္ ဘ႐ြတ္ကလင္းနက္မွကိုင္ရီအိုင္ဗင္းဟာ

ကာကြယ္ေဆးမထိုးမႈေၾကာင့္ေလ့က်င့္ခန္းအစီအစဥ္သို႔ပင္လာခြင့္မရပါဘူး။