ကိုဗစ်ကို အနိုင်တိုက်ဖို့ တိုက်ပွဲဝင်ဆံပင်ပုံစံနဲ့ ကြံ့ခိုင်မှုလေ့ကျင့်ခန်းလုပ်နေတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူအီးအက်ဖ်အေနေရှင်းလိဂ်ပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းနဲ့ ကစားနေတုန်း ကိုဗစ် ဗိုင်းရပ်စ်စစ်ဆေးမှုမှာ ထီပေါက်ခဲ့တဲ့ စီရော်နယ်ဒိုဟာ အခုဆိုရင် ကိုဗစ်ဗိုင်းရပ်စ်ကို သူ့ ရဲ့နာမည်ကြီးတဲ့ ကျန်းမာကြံ့ခိုင်မှုနဲ့အတူကျော်ဖြတ်ဖို့ လုံးဝဆုံးဖြတ်ထားပုံပါပဲ။ ပေါ်တူဂီ အသင်းဆီကနေ အခြားအသင်းသားတွေမကူးအောင် တစ်ယောက်တည်းပြန်လာခဲ့တဲ့ စီရော်နယ်ဒိုဟာ အီတလီနိုင်ငံ၊ တူရင်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ Home Quratine ဝင် နေခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်တွင်းမှာရှိတဲ့ သူ့ရဲ့ရေကူးကန်မှာ ခန္ဒာကိုယ်အပေါ်ပိုင်းဗလာနဲ့ ကြွက်သားတွေကိုပြသထားတဲ့ပုံတင်ပြီး သူ့ရဲ့ကြံ့ခိုင်မှုကို ပရိသတ်တွေကို အသိပေးခဲ့သလို အခုဆိုရင် သူ့ရဲ့တွစ်တာစာမျက်နှာမှာ စက်ဘီးစီး လေ့ကျင့်ခန်းလုပ်ရင်း သီချင်းတအေးအေးနဲ့သီဆိုနေတဲ့ပုံကို တင်ထားခဲ့ပါတယ်။ ထူး ခြားတာက အမြဲတမ်း ဆံပင်ပုံစံတွေကို တသသလုပ်လေ့ရှိတဲ့ စီရော်နယ်ဒိုဟာ ဒီတစ် ခေါက်မှာတော့ ကတုံးဆံပင်ပေါက်ပုံစံပြုလုပ်ထားပြီး ဗိုင်းရပ်စ်ရောဂါပိုးကို အနိုင်တိုက်ဖို့ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပုံပါပဲ။

ဒီဗီဒီယိုဖိုင်ကို သူ့ရဲ့ဇနီး ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်က ရိုက်ကူးပေးခဲ့ ပုံရပြီး ဒီပုံရဲ့ခေါင်းစဉ်အဖြစ် “ဘဝရဲ့အောင်မြင်မှုကို သင့်ရဲ့အောင်မြင်မှုနဲ့ တိုင်းတာတာ မဟုတ်ဘဲ သင်ကျော်လွှားလိုက်တဲ့ အတားအဆီးတွေနဲ့သာ တိုင်းတာတာပါ” ဆိုတဲ့ စာသားကိုတင်ထားခဲ့ပါတယ်။ စီရော်နယ်ဒိုကြည့်ရတာ ပုံမှန်အတိုင်းကျန်းမာသန်စွမ်းနေပုံ ရပြီး အမြဲတမ်းအစားအသောက်၊ အနေအထိုင်၊ လေ့ကျင့်ခန်းဂရုစိုက်လေ့ရှိတဲ့သူဖြစ်တဲ့ အတွက် မကြာခင်မှာ ရောဂါပျောက်ကင်းသွားမယ်လို့လည်း ထင်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးက လူသားအားလုံးကို (ကျား/မ) မရွေးကူးစက်နေပြီး ကမ္ဘာ့ကပ်ရောဂါဖြစ်ပေမယ့် ကူးစက်ခံရတဲ့ ဘောလုံးသ မားအားလုံးနီးပါးကတော့ ဒုတိယအကြိမ်စစ်ဆေးမှုမှာ အမြဲရောဂါအရှင်းပျောက်သွား တာချည်းပါပဲ။

အေစီမီလန် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဆိုရင်လည်း သူ့ကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်တာဟာ ဗိုင်းရပ်စ်ပိုးရဲ့အမှားပဲဆိုပြီး ပြောကြားခဲ့သလို နောက်ဆုံးမှာ ရောဂါကိုအနိုင်ယူလိုက်နိုင် တဲ့အပြင် မီလန်ဒါဘီမှာ ဂိုး ၂ ဂိုးတောင် သွင်းပြနိုင်ခဲ့ပါသေးတယ်။

အာဆင်နယ်နည်းပြ အာတီတာအပါအဝင် ချဲလ်ဆီးက အေဘရာဟမ်၊ တီကိုနည်းပြဆီမြွန်နီ၊ ဂျူဗင်တပ် တိုက်စစ်မှူး ဒိုင်ဘာလာတို့ ရောဂါကနေ ပြန်ကောင်းလာခဲ့ပြီး စီရော်နယ်ဒိုတစ်ယောက် လည်း အမြန်ဆုံးပျောက်ကင်းသက်သာသွားပါစေလို့သာ ….။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္ကို အႏုိင္တုိက္ဖို႔ တိုက္ပြဲ၀င္ဆံပင္ပံုစံနဲ႔ ႀကံ့ခိုင္မႈေလ့က်င့္ခန္းလုပ္ေနတဲ့ စီေရာ္နယ္ဒို

ယူအီးအက္ဖ္ေအေနရွင္းလိဂ္ၿပိဳင္ပြဲအတြက္ ေပၚတူဂီအသင္းနဲ႔ ကစားေနတုန္း ကိုဗစ္ ဗိုင္းရပ္စ္စစ္ေဆးမႈမွာ ထီေပါက္ခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အခုဆိုရင္ ကိုဗစ္ဗိုင္းရပ္စ္ကို သူ႕ ရဲ႕နာမည္ႀကီးတဲ့ က်န္းမာႀကံ့ခိုင္မႈနဲ႔အတူေက်ာ္ျဖတ္ဖို႔ လံုး၀ဆံုးျဖတ္ထားပံုပါပဲ။ ေပၚတူဂီ အသင္းဆီကေန အျခားအသင္းသားေတြမကူးေအာင္ တစ္ေယာက္တည္းျပန္လာခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အီတလီႏိုင္ငံ၊ တူရင္ၿမိဳ႕မွာရွိတဲ့ သူ႕ရဲ႕ေနအိမ္မွာ Home Quratine ၀င္ ေနခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက အိမ္တြင္းမွာရွိတဲ့ သူ႕ရဲ႕ေရကူးကန္မွာ ခႏၵာကိုယ္အေပၚပိုင္းဗလာနဲ႔ ၾကြက္သားေတြကိုျပသထားတဲ့ပံုတင္ၿပီး သူ႕ရဲ႕ႀကံ့ခိုင္မႈကို ပရိသတ္ေတြကို အသိေပးခဲ့သလို အခုဆိုရင္ သူ႕ရဲ႕တြစ္တာစာမ်က္ႏွာမွာ စက္ဘီးစီး ေလ့က်င့္ခန္းလုပ္ရင္း သီခ်င္းတေအးေအးနဲ႔သီဆုိေနတဲ့ပံုကို တင္ထားခဲ့ပါတယ္။ ထူး ျခားတာက အၿမဲတမ္း ဆံပင္ပံုစံေတြကို တသသလုပ္ေလ့ရွိတဲ့ စီေရာ္နယ္ဒိုဟာ ဒီတစ္ ေခါက္မွာေတာ့ ကတံုးဆံပင္ေပါက္ပံုစံျပဳလုပ္ထားၿပီး ဗိုင္းရပ္စ္ေရာဂါပိုးကို အႏိုင္တိုက္ဖို႔ စိတ္ပိုင္းဆိုင္ရာနဲ႔ရုပ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားပံုပါပဲ။

ဒီဗီဒီယုိဖိုင္ကို သူ႕ရဲ႕ဇနီး ဒါမွမဟုတ္ မိသားစု၀င္တစ္ေယာက္ေယာက္က ရိုက္ကူးေပးခဲ့ ပံုရၿပီး ဒီပံုရဲ႕ေခါင္းစဥ္အျဖစ္ “ဘ၀ရဲ႕ေအာင္ျမင္မႈကို သင့္ရဲ႕ေအာင္ျမင္မႈနဲ႔ တိုင္းတာတာ မဟုတ္ဘဲ သင္ေက်ာ္လႊားလိုက္တဲ့ အတားအဆီးေတြနဲ႔သာ တိုင္းတာတာပါ” ဆိုတဲ့ စာသားကိုတင္ထားခဲ့ပါတယ္။ စီေရာ္နယ္ဒိုၾကည့္ရတာ ပံုမွန္အတုိင္းက်န္းမာသန္စြမ္းေနပံု ရၿပီး အၿမဲတမ္းအစားအေသာက္၊ အေနအထိုင္၊ ေလ့က်င့္ခန္းဂရုစိုက္ေလ့ရွိတဲ့သူျဖစ္တဲ့ အတြက္ မၾကာခင္မွာ ေရာဂါေပ်ာက္ကင္းသြားမယ္လို႔လည္း ထင္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ဟာ တစ္ကမာၻလံုးက လူသားအားလံုးကို (က်ား/မ) မေရြးကူးစက္ေနၿပီး ကမာၻ႕ကပ္ေရာဂါျဖစ္ေပမယ့္ ကူးစက္ခံရတဲ့ ေဘာလံုးသ မားအားလံုးနီးပါးကေတာ့ ဒုတိယအႀကိမ္စစ္ေဆးမႈမွာ အၿမဲေရာဂါအရွင္းေပ်ာက္သြား တာခ်ည္းပါပဲ။

ေအစီမီလန္ တိုက္စစ္မွဴး အီဘရာဟီမုိဗစ္ဆိုရင္လည္း သူ႕ကို ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္တာဟာ ဗိုင္းရပ္စ္ပိုးရဲ႕အမွားပဲဆိုၿပီး ေျပာၾကားခဲ့သလို ေနာက္ဆံုးမွာ ေရာဂါကိုအႏိုင္ယူလိုက္ႏိုင္ တဲ့အျပင္ မီလန္ဒါဘီမွာ ဂိုး ၂ ဂိုးေတာင္ သြင္းျပႏိုင္ခဲ့ပါေသးတယ္။

အာဆင္နယ္နည္းျပ အာတီတာအပါအ၀င္ ခ်ဲလ္ဆီးက ေအဘရာဟမ္၊ တီကိုနည္းျပဆီျမြန္နီ၊ ဂ်ဴဗင္တပ္ တုိက္စစ္မွဴး ဒိုင္ဘာလာတို႔ ေရာဂါကေန ျပန္ေကာင္းလာခဲ့ၿပီး စီေရာ္နယ္ဒိုတစ္ေယာက္ လည္း အျမန္ဆံုးေပ်ာက္ကင္းသက္သာသြားပါေစလို႔သာ ….။