
ပရီးမီးယားလိဂ်ကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များ
စံချိန်တင်ကိုဗစ်ကူးစက်ခံရမှုနှင့်အတူပရီးမီးယားလိဂ်ပွဲများကို
ပိုမိုရွှေ့ဆိုင်းမှုပြုလုပ်လာရဖို့ရှိနေပါတယ်။
စပါးစ်ဟာအသင်းရဲ့လေ့ကျင့်ရေးကွင်းအတွင်း
ကိုဗစ်ကူးစက်ပျံ့ပွားမှုဖြစ်ပွားခဲ့ပြီးနောက်တနင်္ဂနွေနေ့တုန်းက
ဘရိုက်တန်နှင့်ပွဲကိုရွှေ့ဆိုင်းခဲ့ရပါတယ်။
ယခုအခါစပါးစ်အသင်းတွင်စီနီယာအသင်းတွင်သာမကယူ-၂၃အသင်းတွင်လည်း
ကိုဗစ်ကူးစက်ပြန့်ပွားမှုဖြစ်နေရာပိုမိုစိုးရိမ်ရတဲ့အနေအထားမျိုးမှာရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်တွင်လည်းကစားသမားလေးဦး
ကိုဗစ်ကူးစက်မှုဖြစ်ပွားနေမှုကြောင့်တနင်္လာနေ့တုန်းက
လေ့ကျင့်ရေးကွင်းကိုပိတ်ခဲ့ရပါတယ်။
ယူနိုက်တက်ရဲ့ယနေ့ညတွင်ကစားရမယ့်ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်ကိုလည်း
ရွှေ့ဆိုင်းထားရပြီးဖြစ်ပါတယ်။
ဗီလာတွင်လည်းကိုဗစ်ကူးစက်မှုရှိနေပြီးပြီးခဲ့တဲ့အပတ်တုန်းက
Bodymore Health လေ့ကျင့်ရေးကွင်းကိုပိတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့အထိပရီးမီးယားလိဂ်မှကစားသမားများနှင့်
ဝန်ထမ်းများပေါင်း၃၈၀၅ဦးတို့ကိုကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်
ကိုဗစ်ကူးစက်ခံထားရသူ၄၂ဦးအထိစံချိန်တင်တွေ့ရှိခဲ့ပါတယ်။
ယင်းကူးစက်မှုတွေ့ရှိမှုပမာဏမှာ၂၀၂၀ခုနှစ်၊မေလနောက်ပိုင်းတွင်
အမြင့်မားဆုံးတွေ့ရှိမှုဖြစ်ပါတယ်။
ယခင်တုန်းကပရီးမီးယားလိဂ်တွင်အမြင့်မားဆုံးကိုဗစ်ကူးစက်မှုတွေ့ရှိမှုက
၄၀ဦးအထိသာဖြစ်ပါတယ်။
ယခုအခါကိုဗစ်မျိုးစိတ်သစ်အိုမီခရွန်ကူးစက်မှုမှ
တဖြည်းဖြည်းမြင့်မားလာနေရာပရီးမီးယားလိဂ်တင်မက
ချန်ပီယံရှစ်အပါအဝင်အခြားလိဂ်များကိုလည်းရိုက်ခတ်လျက်ရှိနေပါတယ်။
ပရီးမီးယားလိဂ်ကအကယ်၍ကိုဗစ်ကူးစက်မှုများဆက်လက်မြင့်တက်လာနေမည်ဆိုပါက
ခရစ္စမတ်ကာလတွင်ပွဲများအားတံခါးပိတ်ကစားရတဲ့အထိ
ကန့်သတ်မှုပြုလုပ်လာနိုင်ကြောင်းဆိုထားပါတယ်။
ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းအရကစားသမား၁၄ဦးနှင့်အထက်ကစားရန်အသင့်ရှိပါက
ပွဲကစားရန်ဆုံးဖြတ်ထားပေမယ့်ပြိုင်ပွဲဘုတ်အဖွဲ့၊ကျန်းမာရေးဌာနတို့ရဲ့
ဆုံးဖြတ်ချက်ဖြင့်ပွဲကိုရွှေ့ဆိုင်းနိုင်ပါတယ်။
zawgyi
ကိုဗစ္ကူးစက္ျပန႔္ပြားမႈ စိုးရိမ္ရတဲ့အေနအထားေၾကာင့္ ပရီးမီးယားလိဂ္ပြဲမ်ားစြာ ေ႐ႊ႕ဆိုင္းရဖို႔ရွိေန
ပရီးမီးယားလိဂ္ကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ား
စံခ်ိန္တင္ကိုဗစ္ကူးစက္ခံရမႈႏွင့္အတူပရီးမီးယားလိဂ္ပြဲမ်ားကို
ပိုမိုေ႐ႊ႕ဆိုင္းမႈျပဳလုပ္လာရဖို႔ရွိေနပါတယ္။
စပါးစ္ဟာအသင္းရဲ႕ေလ့က်င့္ေရးကြင္းအတြင္း
ကိုဗစ္ကူးစက္ပ်ံ႕ပြားမႈျဖစ္ပြားခဲ့ၿပီးေနာက္တနဂၤေႏြေန႔တုန္းက
ဘ႐ိုက္တန္ႏွင့္ပြဲကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။
ယခုအခါစပါးစ္အသင္းတြင္စီနီယာအသင္းတြင္သာမကယူ-၂၃အသင္းတြင္လည္း
ကိုဗစ္ကူးစက္ျပန႔္ပြားမႈျဖစ္ေနရာပိုမိုစိုးရိမ္ရတဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။
မန္ခ်က္စတာယူႏိုက္တက္တြင္လည္းကစားသမားေလးဦး
ကိုဗစ္ကူးစက္မႈျဖစ္ပြားေနမႈေၾကာင့္တနလၤာေန႔တုန္းက
ေလ့က်င့္ေရးကြင္းကိုပိတ္ခဲ့ရပါတယ္။
ယူႏိုက္တက္ရဲ႕ယေန႔ညတြင္ကစားရမယ့္ဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္ကိုလည္းေ႐ႊ႕ဆိုင္းထားရၿပီးျဖစ္ပါတယ္။
ဗီလာတြင္လည္းကိုဗစ္ကူးစက္မႈရွိေနၿပီးၿပီးခဲ့တဲ့အပတ္တုန္းက
Bodymore Health ေလ့က်င့္ေရးကြင္းကိုပိတ္ခဲ့ရပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြေန႔အထိပရီးမီးယားလိဂ္မွကစားသမားမ်ားႏွင့္
ဝန္ထမ္းမ်ားေပါင္း၃၈၀၅ဦးတို႔ကိုကိုဗစ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္
ကိုဗစ္ကူးစက္ခံထားရသူ၄၂ဦးအထိစံခ်ိန္တင္ေတြ႕ရွိခဲ့ပါတယ္။
ယင္းကူးစက္မႈေတြ႕ရွိမႈပမာဏမွာ၂၀၂၀ခုႏွစ္၊ေမလေနာက္ပိုင္းတြင္
အျမင့္မားဆုံးေတြ႕ရွိမႈျဖစ္ပါတယ္။
ယခင္တုန္းကပရီးမီးယားလိဂ္တြင္အျမင့္မားဆုံးကိုဗစ္ကူးစက္မႈေတြ႕ရွိမႈက
၄၀ဦးအထိသာျဖစ္ပါတယ္။ယခုအခါကိုဗစ္မ်ိဳးစိတ္သစ္အိုမီခ႐ြန္ကူးစက္မႈမွ
တျဖည္းျဖည္းျမင့္မားလာေနရာပရီးမီးယားလိဂ္တင္မက
ခ်န္ပီယံရွစ္အပါအဝင္အျခားလိဂ္မ်ားကိုလည္း႐ိုက္ခတ္လ်က္ရွိေနပါတယ္။
ပရီးမီးယားလိဂ္ကအကယ္၍ကိုဗစ္ကူးစက္မႈမ်ားဆက္လက္ျမင့္တက္လာေနမည္ဆိုပါက
ခရစၥမတ္ကာလတြင္ပြဲမ်ားအားတံခါးပိတ္ကစားရတဲ့အထိ
ကန႔္သတ္မႈျပဳလုပ္လာႏိုင္ေၾကာင္းဆိုထားပါတယ္။
ပရီးမီးယားလိဂ္ရဲ႕စည္းမ်ဥ္းအရကစားသမား၁၄ဦးႏွင့္အထက္ကစားရန္အသင့္ရွိပါက
ပြဲကစားရန္ဆုံးျဖတ္ထားေပမယ့္ၿပိဳင္ပြဲဘုတ္အဖြဲ႕၊က်န္းမာေရးဌာနတို႔ရဲ႕
ဆုံးျဖတ္ခ်က္ျဖင့္ပြဲကိုေ႐ႊ႕ဆိုင္းႏိုင္ပါတယ္။