ကိုဗစ်ကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရပြီး ၂ရက်အကြာမှာပဲ စီးတီး လေ့ကျင့်ခန်းပြန်ဆင်းနေလို့ အဲဗာတန်ပေါက်ကွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ အသင်းတွင်းကိုရိုနာဗိုင်းရပ်စ် Outbreak ဖြစ်ပွားမှုကြောင့် အဲဗာတန်နဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး ၂ရက်အကြာမှာပဲ လေ့ကျင့်ခန်းပြန်ဆင်းဖို့ ခွင့်ပြုချက်ရခဲ့တာကြောင့် ပြိုင်ဘက်အဲဗာတန်အသင်းလည်း ပေါက်ကွဲနေကြောင်း သိရပါတယ်။


နည်းပြဂွါဒီယိုလာရဲ့စီးတီးဟာ ကစားသမား ၅ဦးနဲ့ အသင်းဝန်ထမ်း ၂ဦးတို့ ကိုဗစ်ပိုးကူးစက်ခံခဲ့ရပြီးနောက် အင်္ဂါနေ့က စီးတီးဘောလုံးအကယ်ဒမီမှာ အရေးပေါ်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။
အဲဒီစမ်းသပ်မှုတွေအတွက် အဖြေတွေက ယမန်နေ့၊ နေ့လယ်ပိုင်းမှာ ရရှိခဲ့ပြီး အားလုံး Negative အဖြေထွက်ခဲ့သလို အသင်းလည်း လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရခဲ့ကာ စင်တာကို အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲပုံမှန်အတိုင်းကျင်းပဖြစ်နေကာ ရွှေ့ဆိုင်းရနိုင်တဲ့ နောက်ထပ် ပိုးတွေ့သူ မထွက်ပေါ်သေးပါဘူး။
ဒါပေမဲ့ အဲဗာတန်ကတော့ အဲဒီအခြေအနေကို ကိုင်တွယ်ထိန်းချုပ်ပုံနဲ့ပတ်သက်လို့ အံ့အားသင့်နေပြီး အထူးသဖြင့် ပရီးမီးယားလိဂ်နဲ့ မန်စီးတီးအသင်းတို့ဆီကနေ ဆက်သွယ်မှုနည်းပါးခြင်းအပေါ် ပေါက်ကွဲနေပါတယ်။


မန်စီးတီးအသင်းမှာ ကျန်းမာကြံ့ခိုင်တဲ့ ကစားသမား ၁၄ဦးရှိနေပေမယ့် တနင်္လာညမှာကစားရမယ့်ပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်းနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီကနေ ရှင်းလင်းချက်အပြည့်အစုံမရရှိသေးဘဲ တကယ်လို့ စီးတီးအသင်းသာ ကိုဗစ် Outbreak ဖြစ်ခဲ့တယ်လို့ အတည်ပြုလို့ရရင် အပြည့်အဝစာနာနားလည်မှာဖြစ်ပေမယ့် အခုလိုချက်ချင်းကြီး လေ့ကျင့်ခန်းပြန်ဆင်းနေတာတွေက ဇဝေဇဝါပိုဖြစ်စေပါတယ်။


စီးတီးဟာ ယနေ့နဲ့ စနေနေ့တွေမှာ အသင်းသားတွေကို ထပ်မံစစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ပြီး ထွက်ပေါ်လာတဲ့အဖြေတွေအပေါ် မူတည်ပြီး နောက်ထပ်ဆုံးဖြတ်ချက်တွေ ချမှတ်သွားမှာဖြစ်ပါတယ်။

ခရစ္စမတ်ကာလမှာ စီးတီးအသင်းက ညာနောက်ခံလူ ဝေါ်လ်ကာနဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်တို့ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ကတော့ ကွာရန်တင်းဝင်နေရပြီး နောက်ရက်ပိုင်းအကြာမှာ ကစားသမား ၃ဦးမှာ ပိုးထပ်မံတွေ့ခဲ့တာဖြစ်ပါတယ်။


စီးတီးအသင်းက လန်ဒန်မြို့မှာ အာဆင်နယ်အသင်းနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲကစားခဲ့ရပြီးနောက် လန်ဒန်မြို့ကနေ ကူးစက်မြန်ပိုးအသစ် ကူးစက်မှာကို စိုးရိမ်နေပြီး အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်လည်း ပိုးကူးစက်ခံထားရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုဗစ္ေၾကာင့္ ပြဲေရႊ႕ဆုိင္းခဲ့ရၿပီး ၂ရက္အၾကာမွာပဲ စီးတီး ေလ့က်င့္ခန္းျပန္ဆင္းေနလုိ႔ အဲဗာတန္ေပါက္ကြဲ
မန္စီးတီးအသင္းဟာ အသင္းတြင္းကို႐ိုနာဗုိင္းရပ္စ္ Outbreak ျဖစ္ပြားမႈေၾကာင့္ အဲဗာတန္နဲ႔ပြဲကို ေရႊ႕ဆုိင္းခဲ့ရၿပီး ၂ရက္အၾကာမွာပဲ ေလ့က်င့္ခန္းျပန္ဆင္းဖို႔ ခြင့္ျပဳခ်က္ရခဲ့တာေၾကာင့္ ၿပိဳင္ဘက္အဲဗာတန္အသင္းလည္း ေပါက္ကြဲေနေၾကာင္း သိရပါတယ္။
နည္းျပဂြါဒီယိုလာရဲ႕စီးတီးဟာ ကစားသမား ၅ဦးနဲ႔ အသင္း၀န္ထမ္း ၂ဦးတုိ႔ ကိုဗစ္ပိုးကူးစက္ခံခဲ့ရၿပီးေနာက္ အဂၤါေန႔က စီးတီးေဘာလုံးအကယ္ဒမီမွာ အေရးေပၚစမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ရပါတယ္။
အဲဒီစမ္းသပ္မႈေတြအတြက္ အေျဖေတြက ယမန္ေန႔၊ ေန႔လယ္ပိုင္းမွာ ရရွိခဲ့ၿပီး အားလုံး Negative အေျဖထြက္ခဲ့သလုိ အသင္းလည္း ေလ့က်င့္ခန္းျပန္ဆင္းခြင့္ရခဲ့ကာ စင္တာကို အစိတ္အပိုင္းတစ္ရပ္အေနနဲ႔ ျပန္ဖြင့္ႏိုင္ခဲ့ပါတယ္။
မန္စီးတီးဟာ တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးနဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး အဲဒီပြဲပုံမွန္အတုိင္းက်င္းပျဖစ္ေနကာ ေရႊ႕ဆုိင္းရႏုိင္တဲ့ ေနာက္ထပ္ ပိုးေတြ႕သူ မထြက္ေပၚေသးပါဘူး။

ဒါေပမဲ့ အဲဗာတန္ကေတာ့ အဲဒီအေျခအေနကို ကိုင္တြယ္ထိန္းခ်ဳပ္ပုံနဲ႔ပတ္သက္လုိ႔ အ့ံအားသင့္ေနၿပီး အထူးသျဖင့္ ပရီးမီးယားလိဂ္နဲ႔ မန္စီးတီးအသင္းတို႔ဆီကေန ဆက္သြယ္မႈနည္းပါးျခင္းအေပၚ ေပါက္ကြဲေနပါတယ္။
မန္စီးတီးအသင္းမွာ က်န္းမာႀကံ့ခိုင္တဲ့ ကစားသမား ၁၄ဦးရွိေနေပမယ့္ တနလၤာညမွာကစားရမယ့္ပြဲကို ေရႊ႕ဆုိင္းခဲ့ရျခင္းနဲ႔ပတ္သက္လုိ႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဆီကေန ရွင္းလင္းခ်က္အျပည့္အစုံမရရွိေသးဘဲ တကယ္လုိ႔ စီးတီးအသင္းသာ ကိုဗစ္ Outbreak ျဖစ္ခဲ့တယ္လုိ႔ အတည္ျပဳလုိ႔ရရင္ အျပည့္အ၀စာနာနားလည္မွာျဖစ္ေပမယ့္ အခုလိုခ်က္ခ်င္းႀကီး ေလ့က်င့္ခန္းျပန္ဆင္းေနတာေတြက ဇေ၀ဇ၀ါပိုျဖစ္ေစပါတယ္။
စီးတီးဟာ ယေန႔နဲ႔ စေနေန႔ေတြမွာ အသင္းသားေတြကို ထပ္မံစစ္ေဆးမႈျပဳလုပ္သြားမွာျဖစ္ၿပီး ထြက္ေပၚလာတဲ့အေျဖေတြအေပၚ မူတည္ၿပီး ေနာက္ထပ္ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္သြားမွာျဖစ္ပါတယ္။
ခရစၥမတ္ကာလမွာ စီးတီးအသင္းက ညာေနာက္ခံလူ ေ၀ၚလ္ကာနဲ႔ တုိက္စစ္မွဴး ဂ်ီးဆပ္စ္တို႔ ကိုဗစ္ပိုးကူးစက္ခံထားရတယ္လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီးေနာက္ သူတုိ႔ႏွစ္ေယာက္ကေတာ့ ကြာရန္တင္း၀င္ေနရၿပီး ေနာက္ရက္ပိုင္းအၾကာမွာ ကစားသမား ၃ဦးမွာ ပုိးထပ္မံေတြ႕ခဲ့တာျဖစ္ပါတယ္။
စီးတီးအသင္းက လန္ဒန္ၿမိဳ႕မွာ အာဆင္နယ္အသင္းနဲ႔ ကာရာေဘာင္ဖလား ကြာတားဖုိင္နယ္ပြဲကစားခဲ့ရၿပီးေနာက္ လန္ဒန္ၿမိဳ႕ကေန ကူးစက္ျမန္ပိုးအသစ္ ကူးစက္မွာကို စုိးရိမ္ေနၿပီး အာဆင္နယ္ေနာက္ခံလူ ဂါဘရီရယ္လည္း ပိုးကူးစက္ခံထားရပါတယ္။