ကိုဗစ်ကြောင့် လူငယ်များကို အားပြုဖို့ဖြစ်လာတဲ့ ချဲလ်ဆီး
ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာပထမအသင်းနှင့်လေ့ကျင့်ခန်းဆင်းရန်အတွက်
အကယ်ဒမီနှင့်ယူ-၂၃အသင်းတို့မှကစားသမား၁၂ဦးကို ဆင့်ခေါ်ထားကြောင်းသိရပါတယ်။
ချဲလ်ဆီးဟာဒဏ်ရာပြဿနာနှင့်ကိုဗစ်ကူးစက်မှုများကြောင့်
ကစားသမားများစွာဆုံးရှုံးထားရမှုနဲ့အတူ လူငယ်များကို အားပြုဖို့
ဖြစ်လာရတာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးကဆင်ခေါ်လိုက်တဲ့လူငယ်များတွင်
တက်ဒီရှာမင်းလိုဝီ(၁၈)၊ဂျို့စ်ဘရွတ်ကင်း(၁၉)၊အမ်ဘူယမ်ဘာ(၁၉)၊
အယ်ဖီဂယ်ခရစ်(၁၈)၊ဒီယွန်ရန်ခင်း(၁၉)၊ဇာဗီးယားဆိုင်မွန်(၁၈)ပါဝင်ပြီး
တနင်္လာနေ့မှစတင်ကာ စီနီယာအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။
ဒါ့အပြင်လီဝစ်ဘာကာ(၂၆)၊လီဝစ်ဟောလ်(၁၇)၊ဂျိုးဟိုက်(၁၈)၊
ဟာဗေးဗေးလ်(၁၈)ဘရိုင်ယန်ဖီယာဘီမာ(၁၈)၊ဂျေးဝါရီဟမ်း(၁၈)တို့လည်း
ပါဝင်ပါတယ်။ချဲလ်ဆီးဟာပြီးခဲ့တဲတနင်္ဂနွေနေ့တုန်းကဝုဗ်နှင့်ပွဲတွင်
ကစားသမား၁၄ဦးသာရှိပေမယ့်လည်းကစားခဲ့ရမှုနဲ့အတူအကြီးအကျယ်
ဒေါသထွက်ခဲ့ရပါတယ်။ချဲလ်ဆီးဟာအစောပိုင်းတုန်းကစားသမား၇ဦး
ကိုဗစ်ကူးစက်ခံနေရပြီးဝုဗ်နှင့်ပွဲနောက်ပိုင်းတွင်ကူးစက်သူမြင့်မားလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကတနင်္လာနေ့တုန်းကဆွေးနွေးမှုအရကစားသမား၁၄ဦးရှိလျှင်
ပွဲရွှေ့ဆိုင်းမည်မဟုတ်ကြောင်းဆုံးဖြတ်ခဲ့မှုနဲ့အတူ
ချဲလ်ဆီးဟာလူငယ်ကစားသမားများကိုပါဆင့်ခေါပြီး
ပွဲအတွက်ပြင်ဆင်နေရတာလည်းဖြစ်ပါတယ်။
zawgyi