ကိုဗစ်ကြောင့် အာဆင်နယ် ပေါင်သန်း ၁၂၀ ချေးသုံးရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကာကွယ်ဆေးပေါ်နေပေမယ့် ကိုဗစ်မွှေချက်တွေက မပြီးသေးပါဘူး။ ဘောလုံးလောကမှာလည်း နောက်တစ်ခေါက်ထပ်မံရိုက်ခတ်လာနေပါတယ်။ အင်္ဂလန်ကလပ် အာဆင်နယ်အသင်းကတော့ ကိုဗစ်ကာလမှာ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စ အဆင်ပြေဖို့အတွက် ပေါင် သန်း ၁၂၀အထိ ကာလတို ချေးငွေနဲ့ ယူသုံးလိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါ ချေးငွေကိုတော့ မေလ ကုန်တဲ့ အချိန်ကျရင် ပြန်ဆပ်ရမှာ ဖြစ်ပြီးတော့ ဆုံးရှုံးတာတွေကို ကာမိဖို့ အတွက် ပေးဆောင်ရမယ့် အတိုးပမာဏကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။

ဒါ့အပြင် အဆိုပါ ချေးငွေကိစ္စဟာ အာတီတာရဲ့ ဆောင်းရာသီ ဈေးကွက် အစီအစဉ်နဲ့ ပတ်သက်ပြီး ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ အဲဒီချေးငွေကိုတော့ ဘဏ်ရဲ့ ကိုဗစ် ကော်ပိုရိတ်ငွေကြေးထောက်ပံ့မှု အဖွဲ့အစည်းက ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့အစည်းဟာ တိကျတဲ့ ရင်းနှီးမြှုပ်နှံမှု စံနှုန်းများ နဲ့ ကိုက်ညီပြီး‌တော့ စီးပွားရေးကို သိသာထင်ရှားတဲ့ ပံ့ပိုးမှု‌တွေပြုလုပ် နေတဲ့ အဖွဲ့အစည်း‌တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ယခုထုတ်ချေးငွေကြောင့် အာဆင်နယ်အသင်းဟာ မနှစ်က သြဂုတ်လတုန်းက တင်ရှိခဲ့တဲ့ ကြွေးမြီတွေကို အချိန်မီ ပြန်လည်ဆပ်နိုင်တော့မယ်လို့လည်း သိရပါတယ်။ “ဘောလုံး လုပ်ငန်းတွေအကောင်းဆုံး ဆက်လက်လည်ပတ်နိုင်ဖို့အတွက် ကိုဗစ်ကာလမှာ အင်္ဂလန်ဘဏ်က ချေးငွေကို ကာလတိုနဲ့ ထုတ်ချေးပေးပါတယ်။ ဒါဟာ အင်္ဂလန်ရဲ့ စီးပွားရေးကို ထောက်ပံ့ပေးမှု အပိုင်းမှာကောင်းမွန်မှုလည်း ဖြစ်စေပါတယ်။”လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ထားပါတယ်။

အာဆင်နယ် အသင်း တာဝန်ရှိသူတွေ အနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ အသုံးစရိတ်တွေ လျှော့ချဖို့ အတွက် ပြင်ဆင်နေပါပြီ။ ပိုက်ဆံအဝင်ကောင်းပြီး၊ အထွက်လျော့စေဖို့အတွက် အသင်းသားရောင်းချရေးကိစ္စတွေမှာလည်း အမြတ်ကျန်ဖို့ စဉ်းစားနေပါတယ်။ အိုဇေးလ်ရောင်းချရေး ခေါင်းစဉ်ကလည်း အသင်း အသက်ရှုနည်းနည်းချောင်စေမယ့် ခေါင်းစဉ်ပါ။

အိုဇေးလ် နဲ့ ပတ်သက်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ပမာဏကတော့ ခေါ်ယူမယ့် အသင်း အတွက် ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ အာဆင်နယ်အသင်းဟာအစောပိုင်း ကိုဗစ် တည်ငြိမ်စအချိန်မှာ ပရိသတ်တွေ ကွင်းအတွင်း အစောဆုံး ဝင်ရောက် ခွင့်ပြုနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းဖြစ်ခဲ့ပါတယ်။

အခုတော့ တစ်ကြော့ပြန် ပိုးကူးမှုတွေကြောင့် ပရိသတ်တွေနဲ့ ဝေးနေရပြန်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁နေရာရောက်နေပြီး ကျဆင်းနေတဲ့ အသင်းရဲ့ ခြေစွမ်းကို ပြန်လည်မြင့်တက်လာအောင် ကြိုးစားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကာကွယ်ဆေးပေါ်နေပေမယ့် ကိုဗစ်မွှေချက်တွေက မပြီးသေးပါဘူး။ ဘောလုံးလောကမှာလည်း နောက်တစ်ခေါက်ထပ်မံရိုက်ခတ်လာနေပါတယ်။ အင်္ဂလန်ကလပ် အာဆင်နယ်အသင်းကတော့ ကိုဗစ်ကာလမှာ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စ အဆင်ပြေဖို့အတွက် ပေါင် သန်း ၁၂၀အထိ ကာလတို ချေးငွေနဲ့ ယူသုံးလိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါ ချေးငွေကိုတော့ မေလ ကုန်တဲ့ အချိန်ကျရင် ပြန်ဆပ်ရမှာ ဖြစ်ပြီးတော့ ဆုံးရှုံးတာတွေကို ကာမိဖို့ အတွက် ပေးဆောင်ရမယ့် အတိုးပမာဏကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။

ဒါ့အပြင် အဆိုပါ ချေးငွေကိစ္စဟာ အာတီတာရဲ့ ဆောင်းရာသီ ဈေးကွက် အစီအစဉ်နဲ့ ပတ်သက်ပြီး ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ အဲဒီချေးငွေကိုတော့ ဘဏ်ရဲ့ ကိုဗစ် ကော်ပိုရိတ်ငွေကြေးထောက်ပံ့မှု အဖွဲ့အစည်းက ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့အစည်းဟာ တိကျတဲ့ ရင်းနှီးမြှုပ်နှံမှု စံနှုန်းများ နဲ့ ကိုက်ညီပြီး‌တော့ စီးပွားရေးကို သိသာထင်ရှားတဲ့ ပံ့ပိုးမှု‌တွေပြုလုပ် နေတဲ့ အဖွဲ့အစည်း‌တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ယခုထုတ်ချေးငွေကြောင့် အာဆင်နယ်အသင်းဟာ မနှစ်က သြဂုတ်လတုန်းက တင်ရှိခဲ့တဲ့ ကြွေးမြီတွေကို အချိန်မီ ပြန်လည်ဆပ်နိုင်တော့မယ်လို့လည်း သိရပါတယ်။

“ဘောလုံး လုပ်ငန်းတွေအကောင်းဆုံး ဆက်လက်လည်ပတ်နိုင်ဖို့အတွက် ကိုဗစ်ကာလမှာ အင်္ဂလန်ဘဏ်က ချေးငွေကို ကာလတိုနဲ့ ထုတ်ချေးပေးပါတယ်။ ဒါဟာ အင်္ဂလန်ရဲ့ စီးပွားရေးကို ထောက်ပံ့ပေးမှု အပိုင်းမှာကောင်းမွန်မှုလည်း ဖြစ်စေပါတယ်။”လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ထားပါတယ်။

အာဆင်နယ် အသင်း တာဝန်ရှိသူတွေ အနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ အသုံးစရိတ်တွေ လျှော့ချဖို့ အတွက် ပြင်ဆင်နေပါပြီ။ ပိုက်ဆံအဝင်ကောင်းပြီး၊ အထွက်လျော့စေဖို့အတွက် အသင်းသားရောင်းချရေးကိစ္စတွေမှာလည်း အမြတ်ကျန်ဖို့ စဉ်းစားနေပါတယ်။ အိုဇေးလ်ရောင်းချရေး ခေါင်းစဉ်ကလည်း အသင်း အသက်ရှုနည်းနည်းချောင်စေမယ့် ခေါင်းစဉ်ပါ။ အိုဇေးလ် နဲ့ ပတ်သက်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ပမာဏကတော့ ခေါ်ယူမယ့် အသင်း အတွက် ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။

အာဆင်နယ်အသင်းဟာအစောပိုင်း ကိုဗစ် တည်ငြိမ်စအချိန်မှာ ပရိသတ်တွေ ကွင်းအတွင်း အစောဆုံး ဝင်ရောက် ခွင့်ပြုနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းဖြစ်ခဲ့ပါတယ်။ အခုတော့ တစ်ကြော့ပြန် ပိုးကူးမှုတွေကြောင့် ပရိသတ်တွေနဲ့ ဝေးနေရပြန်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁နေရာရောက်နေပြီး ကျဆင်းနေတဲ့ အသင်းရဲ့ ခြေစွမ်းကို ပြန်လည်မြင့်တက်လာအောင် ကြိုးစားနေပါတယ်။