ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး စုံစမ်းစစ်ဆေးခံနေရတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

positive ဖြစ်ပြီးနောက် ပေါ်တူဂီကနေ အီတလီကိုပြန်ချိန်မှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို
ချိုးဖောက်တယ်ဆိုပြီး စီရော်နယ်ဒိုဟာ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ Ballon d’Or ၅ ဆုရှင်ဟာ အခုလအစောပိုင်းက ပေါ်တူဂီအသင်းနဲ့အတူရှိနေစဉ်မှာ

ကိုဗစ် positive ထွက်ခဲ့ပြီး အဲဒီအတွက် အီတလီက သူ့ရဲ့အိမ်ကိုပြန်ရာမှာ

ပုဂ္ဂလိက လူနာတင်လေယာဉ်ကို အသုံးပြုခဲ့တာပါ။

စီရော်နယ်ဒိုဟာ ကိုဗစ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့ခြင်းရှိမရှိမေးမြန်းတော့

အီတလီအားကစားဝန်ကြီးစပါဒါဖိုရာက ”ကျန်းမားရေးတာဝန်ရှိသူတွေဆီက ဘာ

ခွင့်ပြုချက်မှမယူခဲ့ရင် ကျွန်တော်ကတော့ ချိုးဖောက်တယ်လို့ပဲ ထင်ပါတယ်”လို့ ရုပ်သံတစ်ခုမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုလည်း စပါဒါဖိုရာက အဲဒီဂျူဗင်တပ်ကြယ်ပွင့်ဟာ ပိုးရှိနေချိန်မှာ
လေယာဉ်နဲ့အိမ်ပြန်ရာလာတာက စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာခြင်းမရှိကြောင်း၊
ဘယ်သူ့ကိုမှ ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ကြောင်း ဆိုလိုက်ပါတယ်။

”စီရော်နယ်ဒိုဟာ လုပ်ထုံးလုပ်နည်းကို မလေးစားခဲ့ပါဘူး။

အဲဒါကို သက်သေပြဖို့ အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။

ဗိုင်းရပ်စ်က ဘယ်သူ့ကိုမှ ကင်းလွတ်ခွင့် မပေးဘူးဆိုတာကို ကျွန်တော်တို့ကို သင်ပေးထားတာပါ။

စည်းမျဉ်းစည်းကမ်းတွေကို အတတ်နိုင်ဆုံးကြိုးစားလိုက်နာတဲ့ လူတွေလည်ရှိနေပါတယ်။

ဒါပေမဲ့ တစ်ခုတည်းသောဖြေရှင်းနည်းကတော့

အိမ်မှာသာ နေထိုင်ဖို့ပါပဲ”လို့ စပါဖိုဒါရာက ပြောကြားခဲ့ပါတယ်။

စီရော်နယ်ဒိုကတော့ အီတလီအားကစားဝန်ကြီးရဲ့စွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ကာ

သူဟာ လိုအပ်တဲ့အစီအစဉ်တွေအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း စီရော်နယ်ဒိုဟာ သူ့အိမ်မှာပဲ

သီးသန့်ခွဲခြားနေပြီး လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်နေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္တယ္ဆိုၿပီး စုံစမ္းစစ္ေဆးခံေနရတဲ့ စီေရာ္နယ္ဒို

positive ျဖစ္ၿပီးေနာက္ ေပၚတူဂီကေန အီတလီကိုျပန္ခ်ိန္မွာ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို
ခ်ိဳးေဖာက္တယ္ဆိုၿပီး စီေရာ္နယ္ဒိုဟာ စုံစမ္းစစ္ေဆးမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။
အဲဒီ Ballon d’Or ၅ ဆုရွင္ဟာ အခုလအေစာပိုင္းက ေပၚတူဂီအသင္းနဲ႔အတူရွိေနစဥ္မွာ
ကိုဗစ္ positive ထြက္ခဲ့ၿပီး အဲဒီအတြက္ အီတလီက သူ႔ရဲ႕အိမ္ကိုျပန္ရာမွာ
ပုဂၢလိက လူနာတင္ေလယာဥ္ကို အသုံးျပဳခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ကိုဗစ္စည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့ျခင္းရွိမရွိေမးျမန္းေတာ့
အီတလီအားကစားဝန္ႀကီးစပါဒါဖိုရာက ”က်န္းမားေရးတာဝန္ရွိသူေတြဆီက ဘာ
ခြင့္ျပဳခ်က္မွမယူခဲ့ရင္ ကြၽန္ေတာ္ကေတာ့ ခ်ိဳးေဖာက္တယ္လို႔ပဲ ထင္ပါတယ္”လို႕ ႐ုပ္သံတစ္ခုမွာ ျပန္လည္ေျဖၾကားခဲ့ပါတယ္။
အခုလည္း စပါဒါဖိုရာက အဲဒီဂ်ဴဗင္တပ္ၾကယ္ပြင့္ဟာ ပိုးရွိေနခ်ိန္မွာ
ေလယာဥ္နဲ႔အိမ္ျပန္ရာလာတာက စည္းမ်ဥ္းစည္းကမ္းေတြကို ေလးစားလိုက္နာျခင္းမရွိေၾကာင္း၊
ဘယ္သူ႔ကိုမွ ကင္းလြတ္ခြင့္ေပးမွာ မဟုတ္ေၾကာင္း ဆိုလိုက္ပါတယ္။

”စီေရာ္နယ္ဒိုဟာ လုပ္ထုံးလုပ္နည္းကို မေလးစားခဲ့ပါဘူး။
အဲဒါကို သက္ေသျပဖို႔ အစိုးရေရွ႕ေန႐ုံးက စုံစမ္းစစ္ေဆးမႈျပဳလုပ္ေနပါတယ္။
ဗိုင္းရပ္စ္က ဘယ္သူ႔ကိုမွ ကင္းလြတ္ခြင့္ မေပးဘူးဆိုတာကို ကြၽန္ေတာ္တို႔ကို သင္ေပးထားတာပါ။
စည္းမ်ဥ္းစည္းကမ္းေတြကို အတတ္ႏိုင္ဆုံးႀကိဳးစားလိုက္နာတဲ့ လူေတြလည္ရွိေနပါတယ္။
ဒါေပမဲ့ တစ္ခုတည္းေသာေျဖရွင္းနည္းကေတာ့
အိမ္မွာသာ ေနထိုင္ဖို႔ပါပဲ”လို႔ စပါဖိုဒါရာက ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္ဒိုကေတာ့ အီတလီအားကစားဝန္ႀကီးရဲ႕စြပ္စြဲမႈေတြကို ျငင္းဆန္ခဲ့ကာ
သူဟာ လိုအပ္တဲ့အစီအစဥ္ေတြအတိုင္း လုပ္ေဆာင္ခဲ့တာလို႔ ဆိုခဲ့ပါတယ္။ လက္ရွိမွာလည္း စီေရာ္နယ္ဒိုဟာ သူ႔အိမ္မွာပဲ
သီးသန႔္ခြဲျခားေနၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြ လုပ္ေဆာင္ေနတာပါ။