ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဧည့်သည် ၅၀၀ နဲ့ ပါတီပေးခဲ့တာကြောင့် ဒုက္ခတွေ့နေတဲ့ ပီအက်စ်ဂျီစတား နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ပီအက်စ်ဂျီစတား နေမာဟာ မွေးရပ်မြေဘရာဇီးမှာ အခုရက်သတ္တပတ်အကုန်က လူ ၅၀၀ နဲ့ ပါတီးပေးခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးကတော့ ကိုဗစ်ကပ်ရောဂါရဲ့ရိုက်ခတ်မှုကို ခံစားနေရပြီး ၇.၄၅ သန်းလောက်အထိ ဖြစ်ပွားနေကာ လူပေါင်း ၂၀၀၀၀၀ လောက်အထိ သေဆုံးနေတာဖြစ်ပါတယ်။


မာကာသတင်းဌာနကတော့ ပီအက်စ်ဂျီစတားဟာ မွေးရပ်မြေ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ပါတီကျင်းပခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်သားဟာ ပါတီကိုလာရောက်မယ့်သူတွေအနေနဲ့ မှတ်တမ်းတွေမကျန်ခဲ့အောင် မိုဘိုင်းဖုန်းတွေကို ထားခဲ့ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မာကာသတင်းဌာနက အဆိုပါ ပါတီကိုလာရောက်ခဲ့တဲ့လူတွေဟာ ကိုဗစ်ပိုးစစ်ဆေးခဲ့ခြင်းရှိ မရှိကို စစ်ဆေးခဲ့သလားဆိုတာ မသေချာသေးကြောင်း ဖော်ပြခဲ့ပါတယ်။


နေမာဟာ ပါတီကိုတက်ရောက်လာတဲ့သူတွေကို အသံစစ်တဲ့နည်းပညာနဲ့ ဆူညံ့ခြင်းမရှိအောင် ပြုလုပ်ပြီး ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

ဘရာဇီးသတင်းဌာန ဂလိုဘိုကလည်း နေမာရဲ့အစီအစဉ်တွေကို ဖော်ပြခဲ့ပြီးနောက် ဘရာဇီးလူမျိုးတွေက ဝေဖန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ဖေဖော်ဝါရီလမှာကစားမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်ပြန်လာဖွယ်ရှိနေပါတယ်။


ဘရာဇီးသားဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီ နဲ့ အတူပြန်လည်တွဲကစားချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့သေးတာဖြစ်ပါတယ်။

“ဖြစ်နိုင်ရင် ကျွန်တော်မက်ဆီနဲ့ နောက်တစ်ကြိမ်အသင်းမှာ တွဲကစားချင်ပါတယ်။ သူလာကစားမယ်ဆိုရင် ကျွန်တော့်နေရာကိုတောင်ပေးနိုင်ပါတယ်။ အဲ့အတွက် ကျွန်တော့်မှာ ဘာပြဿနာမှမရှိပါဘူး”လို့ နေမာက ယူနိုက်တက်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ