
ဂျိုရှာကမ်မစ်ချ်ဟာကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန်
ငြင်းပယ်ခဲ့မိမှုအတွက်အကြီးအကျယ်နောင်တရနေပါတယ်။
သူဟာကာကွယ်ဆေးထိုးရန်ငြင်းခဲ့ပြီးနောက်ကိုဗစ်ကူးစက်ခြင်းခံရပြီး
ပြန်လည်ကောင်းမွန်လာချိန်တွင်လည်းနောက်ဆက်တွဲဆိုးကျိုးအနေဖြင့်
အဆုတ်ရောဂါဝေဒနာခံစားနေရကာလာမယ့်နှစ်အထိအနားယူနေရပါတယ်။
ကမ်မစ်ချ်ဟာတစ်ကမ္ဘာလုံးကကိုဗစ်ကာကွယ်ဆေးထိုးရေးနှိုးဆော်နေချိန်တွင်
ကိုဗစ်ကာကွယ်ဆေးရန်ငြင်းဆိုခဲ့သူဖြစ်ပြီးကာကွယ်ဆေးမထိုးရေး
ဆန့်ကျင်သူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်သူဟာပြီးခဲ့တဲ့လတုန်းက
ကိုဗစ်ကူးစက်ခံထားရထားရကြောင်းတွေ့ရှိရပြီးနောက်
စိတ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။
ZDF နှင့်အင်တာဗျူးတွင်ကမ်မစ်ချ်က “အကြောက်တရားနဲ့
စိုးရိမ်ပူပန်မှုတွေကိုရင်ဆိုင်ရချိန်မှာအရမ်းခက်ခဲခဲ့ပါတယ်။ဒါကြောင့်လည်းဘဲ
မဆုံးဖြတ်နိုင်ဘဲရှိနေခဲ့တာပါ”လို့ပြောကြားသွားပါတယ်။
အစောပိုင်းတုန်းကကမ်မစ်ချ်က “ကျွန်တော်ကကိုဗစ်ကာကွယ်ဆေးတွေက
ကာလရှည်ကြာသုသေသနလုပ်ပြီးထုတ်လုပ်ထားတာမဟုတ်လို့စိုးရိမ်နေတာပါ။
ကျွန်တော်လည်းသတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပါတယ်။
နှစ်ရက်သုံးရက်တစ်ခါစစ်ခဲ့ပါတယ်။ကိုယ့်အတွက်ကိုယ်ကိုယ်တိုင်မှာ
ဆုံးဖြတ်ခွင့်ရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ဂျာမနီလက်ရွေးစင်ကစားသမားဟာ
ကိုဗစ်ကာကွယ်ဆေးထိုးရန်အတွက်မှတ်ပုံတင်ထားလိုက်ပြီဖြစ်ပါတယ်။
zawgyi
ကိုဗစ္ေနာက္ဆက္တြဲ အဆုတ္ေဝဒနာေၾကာင့္ ေနာင္တအႀကီးအက်ယ္ရေနသူ
ဂ်ိဳရွာကမ္မစ္ခ်္ဟာကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးရန္
ျငင္းပယ္ခဲ့မိမႈအတြက္အႀကီးအက်ယ္ေနာင္တရေနပါတယ္။
သူဟာကာကြယ္ေဆးထိုးရန္ျငင္းခဲ့ၿပီးေနာက္ကိုဗစ္ကူးစက္ျခင္းခံရၿပီး
ျပန္လည္ေကာင္းမြန္လာခ်ိန္တြင္လည္းေနာက္ဆက္တြဲဆိုးက်ိဳးအေနျဖင့္
အဆုတ္ေရာဂါေဝဒနာခံစားေနရကာလာမယ့္ႏွစ္အထိအနားယူေနရပါတယ္။
ကမ္မစ္ခ်္ဟာတစ္ကမာၻလုံးကကိုဗစ္ကာကြယ္ေဆးထိုးေရးႏႈိးေဆာ္ေနခ်ိန္တြင္
ကိုဗစ္ကာကြယ္ေဆးရန္ျငင္းဆိုခဲ့သူျဖစ္ၿပီးကာကြယ္ေဆးမထိုးေရး
ဆန႔္က်င္သူအျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္သူဟာၿပီးခဲ့တဲ့လတုန္းက
ကိုဗစ္ကူးစက္ခံထားရထားရေၾကာင္းေတြ႕ရွိရၿပီးေနာက္
စိတ္ေျပာင္းလဲသြားခဲ့ၿပီျဖစ္ပါတယ္။
ZDF ႏွင့္အင္တာဗ်ဴးတြင္ကမ္မစ္ခ်္က “အေၾကာက္တရားနဲ႔
စိုးရိမ္ပူပန္မႈေတြကိုရင္ဆိုင္ရခ်ိန္မွာအရမ္းခက္ခဲခဲ့ပါတယ္။ဒါေၾကာင့္လည္းဘဲ
မဆုံးျဖတ္ႏိုင္ဘဲရွိေနခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။
အေစာပိုင္းတုန္းကကမ္မစ္ခ်္က “ကြၽန္ေတာ္ကကိုဗစ္ကာကြယ္ေဆးေတြက
ကာလရွည္ၾကာသုေသသနလုပ္ၿပီးထုတ္လုပ္ထားတာမဟုတ္လို႔စိုးရိမ္ေနတာပါ။
ကြၽန္ေတာ္လည္းသတ္မွတ္စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာပါတယ္။
ႏွစ္ရက္သုံးရက္တစ္ခါစစ္ခဲ့ပါတယ္။ကိုယ့္အတြက္ကိုယ္ကိုယ္တိုင္မွာ
ဆုံးျဖတ္ခြင့္ရွိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ယခုအခါမွာေတာ့ဂ်ာမနီလက္ေ႐ြးစင္ကစားသမားဟာ
ကိုဗစ္ကာကြယ္ေဆးထိုးရန္အတြက္မွတ္ပုံတင္ထားလိုက္ၿပီျဖစ္ပါတယ္။