ကိုဗစ်နဲ့ပတ်သက်လို့ အီတလီအားကစားဝန်ကြီးနဲ့ စကားများနေတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နိုင်ငံအသင်းမှာရှိနေစဉ် ကိုရိုနာဗိုင်းရပ်စ် positive ထွက်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းအခြေစိုက်ရာ တူရင်မြို့ကိုပြန်လာခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ အီတလီအားကစားဝန်ကြီးနဲ့ လူသိရှင်ကြား အခြေအတင်ဖြစ်နေပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုလုပ်တော့ positive ထွက်ခဲ့ပြီး အဲဒီအတွက် သူ့ကိုယ်သူသီးသန့်ခွဲခြားနေထိုင်ခဲ့ကာ ဆွီဒင်နဲ့ပွဲကို လွဲခဲ့တာပါ။

အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ ၁၂ ရက်အတွင်းကစားရမယ့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲမှာ ပါဝင်နိုင်ရေးနဲ့ အီတလီမှာ ကွာရန်တင်းဆက်ဝင်ဖို့အတွက် ပေါ်တူဂီမှာ ခပ်ကြာကြာမနေခဲ့ပါဘူး။ ဒါကို အီတလီအားကစားဝန်ကြီးက စိတ်ပျက်ခဲ့ပြီး စီရော်နယ်ဒိုဟာ သူတို့ရဲ့ကိုဗစ်စည်းကမ်းတွေကို ချိုးဖောက်ဖွယ်ရှိတယ်လို့ ဆိုခဲ့တာပါ။

ဒါပေမဲ့ အီတလီရဲ့ကိုဗစ်စည်းကမ်းကို သူချိုးဖောက်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ စီရော်နယ်ဒိုက ပြန်လည်တုံ့ပြန်မှု ပြုလုပ်လိုက်ပါတယ်။ ”ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ ကျွန်တော် မချိုးဖောက်ခဲ့ပါဘူး။ ကျွန်တော်က အီတလီဥပဒေတွေကို ချိုးဖောက်တယ်လို့ သူတို့ ပြောနေကြတယ်။ အဲဒါတွေအားလုံးဟာ အလိမ်အညာပါ”ပါလို့ စီရော်နယ်ဒိုက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ရေးတင်ခဲ့တာပါ။

ဒါပေမဲ့လည်း အဲဒါက အဆုံးသတ်မဟုတ်ခဲ့ပါဘူး။ အီတလီအားကစားဝန်ကြီးစပါဒါဖိုရာကလည်း ကျော်ကြားမှုအရ ကစားသမားတွေဟာ နမူနာကောင်းဖြစ်သင့်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကိုဗစ္နဲ႔ပတ္သက္လို႔ အီတလီအားကစား၀န္ႀကီးနဲ႔ စကားမ်ားေနတဲ့ စီေရာ္နယ္ဒို

ႏုိင္ငံအသင္းမွာရွိေနစဥ္ ကိုရိုနာဗုိင္းရပ္စ္ positive ထြက္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္အသင္းအေျခစိုက္ရာ တူရင္ၿမိဳ႕ကိုျပန္လာခဲ့ၿပီးေနာက္ စီေရာ္နယ္ဒိုဟာ အီတလီအားကစား၀န္ႀကီးနဲ႔ လူသိရွင္ၾကား အေျခအတင္ျဖစ္ေနပါတယ္။ စီေရာ္နယ္ဒိုဟာ ေပၚတူဂီနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ကိုရိုနာဗုိင္းရပ္စ္စစ္ေဆးမႈလုပ္ေတာ့ positive ထြက္ခဲ့ၿပီး အဲဒီအတြက္ သူ႔ကိုယ္သူသီးသန္႔ခြဲျခားေနထိုင္ခဲ့ကာ ဆြီဒင္နဲ႔ပြဲကို လြဲခဲ့တာပါ။

အဲဒီဂ်ဴဗင္တပ္တုိက္စစ္မႈးဟာ ၁၂ ရက္အတြင္းကစားရမယ့္ ဘာစီလိုနာနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ႏိုင္ေရးနဲ႔ အီတလီမွာ ကြာရန္တင္းဆက္၀င္ဖို႔အတြက္ ေပၚတူဂီမွာ ခပ္ၾကာၾကာမေနခဲ့ပါဘူး။ ဒါကို အီတလီအားကစား၀န္ႀကီးက စိတ္ပ်က္ခဲ့ၿပီး စီေရာ္နယ္ဒိုဟာ သူတုိ႔ရဲ႕ကိုဗစ္စည္းကမ္းေတြကို ခ်ိဳးေဖာက္ဖြယ္ရွိတယ္လို႔ ဆုိခဲ့တာပါ။

ဒါေပမဲ့ အီတလီရဲ႕ကိုဗစ္စည္းကမ္းကို သူခ်ိဳးေဖာက္ခဲ့တယ္ဆိုတာနဲ႔ပတ္သက္လုိ႔ စီေရာ္နယ္ဒိုက ျပန္လည္တုံ႔ျပန္မႈ ျပဳလုပ္လုိက္ပါတယ္။ ”ဘယ္စည္းမ်ဥ္းစည္းကမ္းကိုမွ ကၽြန္ေတာ္ မခ်ိဳးေဖာက္ခဲ့ပါဘူး။ ကၽြန္ေတာ္က အီတလီဥပေဒေတြကို ခ်ိဳးေဖာက္တယ္လုိ႔ သူတုိ႔ ေျပာေနၾကတယ္။ အဲဒါေတြအားလုံးဟာ အလိမ္အညာပါ”ပါလုိ႔ စီေရာ္နယ္ဒိုက ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ ေရးတင္ခဲ့တာပါ။

ဒါေပမဲ့လည္း အဲဒါက အဆုံးသတ္မဟုတ္ခဲ့ပါဘူး။ အီတလီအားကစား၀န္ႀကီးစပါဒါဖုိရာကလည္း ေက်ာ္ၾကားမႈအရ ကစားသမားေတြဟာ နမူနာေကာင္းျဖစ္သင့္တယ္လုိ႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။