
သောမတ်စ်တူချယ်ကအသင်းတွင်ကိုဗစ်နှင့်ဒဏ်ရာပြဿနာများကြုံနေပေမယ့်
ပရီးမီးယားလိဂ်ဖလားရရှိနိုင်သေးတယ်လို့ယုံကြည်နေပါက
ရူးမိုက်ရာကျလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။
တူချယ်ရဲ့ချဲလ်ဆီးဟာမနေ့ညတုန်းကဘရိုက်တန်နှင့်ပွဲတွင်
ဒန်နီဝဲလ်ဘက်ရဲ့နာကျင်အချိန်ပိုချေပဂိုးကြောင့်တစ်ဂိုးစီသရေကျခဲ့ပါတယ်။
ချဲလ်ဆီးအတွက်ပိုမိုဆိုးရွားသွားသည်မှာဘရိုက်တန်နှင့်ပွဲတွင်
ဒန်နီဝဲလ်ဘက်မှာတံကောက်ကြောဒဏ်ရာ၊ခရစ်တင်ဆင်မှာကျောဒဏ်ရာ
အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။
တူချယ်က “ကိုဗစ်ကူးစက်မှု၇ခုရှိတယ်။ကစားသမားငါးဦး(သို့မဟုတ်)
ခြောက်ဦးက ခြောက်ပတ်နဲ့အထက်နားရမယ်။ဘယ်လိုလုပ်ပြီး
အမှတ်ပေးဖလားအတွက်ယှဉ်ပြိုင်နိုင်မှာလဲ။လူအင်အားအပြည့်၊
လေ့ကျင့်ခန်းအပြည့်အစုံလုပ်ပြီးတော့လိဂ်ကိုဖြတ်ကျော်ဖြတ်ကျော်နိုင်ပါမယ်။
ကိုဗစ်နဲ့ဒဏ်ရာပြဿနာကိုကျော်ဖြတ်နိုင်တယ်လို့တွေးရင်ရူးမိုက်ရာကျပါလိမ့်မယ်။
ကစးသမား၂၃ဦးလောက်မပါဘဲလုပ်နိုင်တယ်လို့တွေးရင်ရူးမိုက်နေတာပဲဖြစ်လိမ့်မယ်”လို့
ပြောကြားသွားပါတယ်။ဒါ့အပြင်သောမတ်စ်တူချယ်ဟာ
မေဆင်မောင့်အားပြစ်ဒဏ်ကျူးလွန်မှုအတွက်ပင်နယ်တီပေးရမယ့်အဖြစ်အပျက်ကို
မပေးခဲ့တဲ့ဒိုင်လူကြီးမိုက်ဒိန်းကိုလည်းဝေဖန်သွားခဲ့ပါတယ်။
zawgyi
ကိုဗစ္ႏွင့္ဒဏ္ရာေၾကာင့္ ပရီးမီးယားလိဂ္ဖလားရရွိႏိုင္ေသးတယ္လို႔ ယုံၾကည္ေနပါက ႐ူးမိုက္ရာက်လိမ့္မယ္လို႔တူခ်ယ္ဝန္ခံ
ေသာမတ္စ္တူခ်ယ္ကအသင္းတြင္ကိုဗစ္ႏွင့္ဒဏ္ရာျပႆနာမ်ားႀကဳံေနေပမယ့္
ပရီးမီးယားလိဂ္ဖလားရရွိႏိုင္ေသးတယ္လို႔ယုံၾကည္ေနပါက
႐ူးမိုက္ရာက်လိမ့္မယ္လို႔ေျပာၾကားလိုက္ပါတယ္။
တူခ်ယ္ရဲ႕ခ်ဲလ္ဆီးဟာမေန႔ညတုန္းကဘ႐ိုက္တန္ႏွင့္ပြဲတြင္
ဒန္နီဝဲလ္ဘက္ရဲ႕နာက်င္အခ်ိန္ပိုေခ်ပဂိုးေၾကာင့္တစ္ဂိုးစီသေရက်ခဲ့ပါတယ္။
ခ်ဲလ္ဆီးအတြက္ပိုမိုဆိုး႐ြားသြားသည္မွာဘ႐ိုက္တန္ႏွင့္ပြဲတြင္
ဒန္နီဝဲလ္ဘက္မွာတံေကာက္ေၾကာဒဏ္ရာ၊ခရစ္တင္ဆင္မွာေက်ာဒဏ္ရာ
အသီးသီးရရွိခဲ့တာျဖစ္ပါတယ္။
တူခ်ယ္က “ကိုဗစ္ကူးစက္မႈ၇ခုရွိတယ္။ကစားသမားငါးဦး(သို႔မဟုတ္)
ေျခာက္ဦးက ေျခာက္ပတ္နဲ႔အထက္နားရမယ္။ဘယ္လိုလုပ္ၿပီး
အမွတ္ေပးဖလားအတြက္ယွဥ္ၿပိဳင္ႏိုင္မွာလဲ။လူအင္အားအျပည့္၊
ေလ့က်င့္ခန္းအျပည့္အစုံလုပ္ၿပီးေတာ့လိဂ္ကိုျဖတ္ေက်ာ္ျဖတ္ေက်ာ္ႏိုင္ပါမယ္။
ကိုဗစ္နဲ႔ဒဏ္ရာျပႆနာကိုေက်ာ္ျဖတ္ႏိုင္တယ္လို႔ေတြးရင္႐ူးမိုက္ရာက်ပါလိမ့္မယ္။
ကစးသမား၂၃ဦးေလာက္မပါဘဲလုပ္ႏိုင္တယ္လို႔ေတြးရင္႐ူးမိုက္ေနတာပဲျဖစ္လိမ့္မယ္”လို႔
ေျပာၾကားသြားပါတယ္။ဒါ့အျပင္ေသာမတ္စ္တူခ်ယ္ဟာ
ေမဆင္ေမာင့္အားျပစ္ဒဏ္က်ဴးလြန္မႈအတြက္ပင္နယ္တီေပးရမယ့္အျဖစ္အပ်က္ကို
မေပးခဲ့တဲ့ဒိုင္လူႀကီးမိုက္ဒိန္းကိုလည္းေဝဖန္သြားခဲ့ပါတယ္။