ကိုဗစ်ပျောက်ပြီး ကွင်းထဲဝင်ကစားတာနဲ့ စီရော်နယ်ဒိုက ၁၂၆ စက္ကန့်အတွင်း ဂိုးသွင်းနိုင်ခဲ့ပါတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းနဲ့ ကစားနေတုန်း ကိုဗစ်ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတဲ့ စီရော်နယ်ဒို ဟာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းလည်း လွဲခဲ့ပါသေးတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ် စပီဇီယာနဲ့ပွဲမှာတော့ အရန်အဖြစ်ပါဝင်လာခဲ့ပြီး ဒုတိယပိုင်း မှာ လူစားဝင်ကစားခွင့်ရခဲ့သလို ၂ ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ စီရော်နယ်ဒိုမပါတဲ့ ပွဲစဉ် ၄ ပွဲမှာ ဒိုင်နမိုကိဗ်ကို ၁ ပွဲပဲနိုင်ပြီး စီးရီးအေမှာလည်း ၂ ပွဲဆက်တိုက် သရေကျခဲ့တာပါ။

စီရော်နယ်ဒိုဟာ ၅၆ မိနစ်မှာ လူစားဝင်လာခဲ့ပြီး ကွင်းထဲရောက်လို့ ၁၂၆ စက္ကန့်မှာပဲ အသင်းအတွက် အနိုင်ဂိုးစသွင်းနိုင်ခဲ့ပါတယ်။

၇၆ မိနစ်မှာလည်း ပင်နယ်တီကတစ်ဆင့် ပွဲသိမ်းအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကိုဗစ်ဗိုင်းရပ်စ်ပျောက်ကင်းပြီး ပထမဆုံးပြန်ကစားရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူပေးသွား နိုင်ခဲ့တာပါ။ အောက်တိုဘာတစ်လလုံး ဂျူဗင်တပ်အတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အခုလို ပြန်ကစားနိုင်တဲ့ပွဲမှာပဲ ၂ ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး သူ့ရဲ့အနေအထားကို ပြသနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး နည်းပြပီယာလိုက “သူဟာ ဒုတိယ အကြိမ် စစ်ဆေးမှုအပြီး ဗိုင်းရပ်စ်ပိုးကင်းစင်သွားပြီဆိုတာနဲ့ နောက်နေ့မနက်ပိုင်း မှာ တစ်ဦးတည်းသီးသန့်လေ့ကျင့်ရေး ချက်ချင်းစဆင်းခဲ့ပါတယ်။ ပြီးတာနဲ့ အသင်းနဲ့ပူးပေါင်းတဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာပါဝင်ခဲ့ပြီး ပုံမှန်အတိုင်း လေ့ကျင့် ခန်းဆင်းခဲ့တာပါ။

သူ့ကို ပွဲစကတည်းက ကစားနိုင်မယ်လို့ မထင်ထားတာကြောင့် အရန်အဖြစ်ပဲထားခဲ့တာဖြစ်ပါတယ်။ အခုလို ကွင်းထဲဝင် ကစားတာနဲ့ ဂိုးသွင်းနိုင်တာဟာ သူ့အပေါ်ပဲမူတည်ပါတယ်။

သူက အိမ်မှာ သူ့ ဘာသူ ကာယလေ့ကျင့်ခန်းတွေ အမြဲပြုလုပ်နေပြီး ကြံ့ခိုင်မှုမကျအောင် ထိန်း နိုင်တာကြောင့် အခုလိုမျိုး ဝင်ကစားတာနဲ့ ဂိုးသွင်းနိုင်ခဲ့တာပါ” လို့ ပြောကြားသွား ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် စက်တင်ဘာနောက်ဆုံးပတ်တုန်း က ရိုးမားနဲ့ ၂-၂ သရေကျတဲ့ အဝေးကွင်းပွဲစဉ်မှာ နောက်ဆုံးဂိုးသွင်းပေးခဲ့တာပါ။ လက်ရှိအချိန်ထိ စီးရီးအေမှာ ၃ ပွဲကစားပြီး ၅ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး ဂျူဗင် တပ်အတွက် မရှိမဖြစ်ကစားသမားအဖြစ် ခြေစွမ်းပြနေပါတယ်။

ဒီနေ့ စပီဇီယာနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုး ၂ဂိုးကြောင့်လည်း ပီလီစံချိန်တင်ထားတဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကိုမီဖို့ ၂၈ဂိုး သာလိုပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္ေပ်ာက္ၿပီး ကြင္းထဲ၀င္ကစားတာနဲ႔ စီေရာ္နယ္ဒိုက ၁၂၆ စကၠန္႔အတြင္း ဂိုးသြင္းႏိုင္ခဲ့ပါတယ္

ေပၚတူဂီအသင္းနဲ႔ ကစားေနတုန္း ကိုဗစ္ဗိုင္းရပ္စ္ပိုးကူးစက္ခံခဲ့ရတဲ့ စီေရာ္နယ္ဒို ဟာ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲႀကီးပြဲေကာင္းလည္း လြဲခဲ့ပါေသးတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ စီးရီးေအပြဲစဥ္ စပီဇီယာနဲ႔ပြဲမွာေတာ့ အရန္အျဖစ္ပါ၀င္လာခဲ့ၿပီး ဒုတိယပိုင္း မွာ လူစား၀င္ကစားခြင့္ရခဲ့သလို ၂ ဂိုးသြင္းယူေပးသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာ စီေရာ္နယ္ဒိုမပါတဲ့ ပြဲစဥ္ ၄ ပြဲမွာ ဒိုင္နမိုကိဗ္ကို ၁ ပြဲပဲႏိုင္ၿပီး စီးရီးေအမွာလည္း ၂ ပြဲဆက္တိုက္ သေရက်ခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ ၅၆ မိနစ္မွာ လူစား၀င္လာခဲ့ၿပီး ကြင္းထဲေရာက္လို႔ ၁၂၆ စကၠန္႔မွာပဲ အသင္းအတြက္ အႏိုင္ဂိုးစသြင္းႏိုင္ခဲ့ပါတယ္။

၇၆ မိနစ္မွာလည္း ပင္နယ္တီကတစ္ဆင့္ ပြဲသိမ္းအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ကိုဗစ္ဗိုင္းရပ္စ္ေပ်ာက္ကင္းၿပီး ပထမဆံုးျပန္ကစားရတဲ့ပြဲမွာ ၂ ဂိုးသြင္းယူေပးသြား ႏိုင္ခဲ့တာပါ။ ေအာက္တိုဘာတစ္လလံုး ဂ်ဴဗင္တပ္အတြက္ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ အခုလို ျပန္ကစားႏိုင္တဲ့ပြဲမွာပဲ ၂ ဂိုးသြင္းယူသြားႏိုင္ခဲ့ၿပီး သူ႕ရဲ႕အေနအထားကို ျပသႏိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး နည္းျပပီယာလိုက “သူဟာ ဒုတိယ အႀကိမ္ စစ္ေဆးမႈအၿပီး ဗိုင္းရပ္စ္ပိုးကင္းစင္သြားၿပီဆိုတာနဲ႔ ေနာက္ေန႔မနက္ပိုင္း မွာ တစ္ဦးတည္းသီးသန္႔ေလ့က်င့္ေရး ခ်က္ခ်င္းစဆင္းခဲ့ပါတယ္။ ၿပီးတာနဲ႔ အသင္းနဲ႔ပူးေပါင္းတဲ့ ေလ့က်င့္ခန္းအစီအစဥ္မွာပါ၀င္ခဲ့ၿပီး ပံုမွန္အတုိင္း ေလ့က်င့္ ခန္းဆင္းခဲ့တာပါ။

သူ႕ကို ပြဲစကတည္းက ကစားႏိုင္မယ္လို႔ မထင္ထားတာေၾကာင့္ အရန္အျဖစ္ပဲထားခဲ့တာျဖစ္ပါတယ္။ အခုလို ကြင္းထဲ၀င္ ကစားတာနဲ႔ ဂိုးသြင္းႏို္င္တာဟာ သူ႕အေပၚပဲမူတည္ပါတယ္။

သူက အိမ္မွာ သူ႕ ဘာသူ ကာယေလ့က်င့္ခန္းေတြ အၿမဲျပဳလုပ္ေနၿပီး ႀကံ့ခိုင္မႈမက်ေအာင္ ထိန္း ႏိုင္တာေၾကာင့္ အခုလုိမ်ဳိး ၀င္ကစားတာနဲ႔ ဂိုးသြင္းႏိုင္ခဲ့တာပါ” လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ စက္တင္ဘာေနာက္ဆံုးပတ္တုန္း က ရိုးမားနဲ႔ ၂-၂ သေရက်တဲ့ အေ၀းကြင္းပြဲစဥ္မွာ ေနာက္ဆံုးဂိုးသြင္းေပးခဲ့တာပါ။ လက္ရွိအခ်ိန္ထိ စီးရီးေအမွာ ၃ ပြဲကစားၿပီး ၅ ဂိုး သြင္းယူေပးထားႏိုင္ခဲ့ၿပီး ဂ်ဴဗင္ တပ္အတြက္ မရွိမျဖစ္ကစားသမားအျဖစ္ ေျခစြမ္းျပေနပါတယ္။ ဒီေန႕ စပီဇီယာနဲ႕ပြဲမွာ သြင္းယူခဲ့တဲ့ဂိုး ၂ဂိုးေၾကာင့္လည္း ပီလီစံခ်ိန္တင္ထားတဲ့ ဂိုးအမ်ားဆံုးသြင္းယူထားတဲ့စံခ်ိန္ကိုမီဖို႕ ၂၈ဂိုး သာလိုပါေတာ့တယ္။