
နော့ဝှစ်ချ်အသင်းဟာကိုဗစ်ကူးစက်မှုစိုးရိမ်စရာအနေအထားနဲ့ကြုံရတဲ့
နောက်ဆုံးပရီးမီးယားလိဂ်အသင်းဖြစ်လာပါတယ်။နော့ဝှစ်ချ်အသင်းနည်းပြ
ဒိန်းစမစ်ကအသင်းရဲ့ကစားသမားနှစ်ဦးမှာနာမကျန်းဖြစ်နေပြီးတစ်သင်းကို
ကိုဗစ်စစ်ဆေးမှုခံယူခဲ့ရကြောင်းဆိုထားပါတယ်။
တန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့နော့ဝှစ်ချ်ဟာယနေ့ညမှာ
မန်ချက်စတာယူနိုက်တက်ကိုရင်ဆိုင်ကစားရပါမယ်။ယခုအပတ်အစောပိုင်းတုန်းက
စပါးစ်နှင့်လက်စတာတို့တွင်လည်းကိုဗစ်ကူးစက်မှုများရှိနေခဲ့ပါတယ်။
စပါးစ်ဟာအသင်းတွင်ကိုဗစ်အကြီးအကျယ်ကူးစက်ပျံ့နှံ့နေမှုကြောင့်
ရန်းနက်စ်ပွဲနှင့်ဘရိုက်တန်ပွဲတို့ကိုရွှေ့ဆိုင်းထားရပါတယ်။
ဒါပေမဲ့နော့ဝှစ်ချ်နည်းပြဒိန်းစမစ်က “ကိုဗစ်နဲ့ဆက်စပ်ပြီးဖြစ်နေတာ
နှစ်ယောက်ရှိနေတယ်။သူတို့ရဲ့ရလဒ်ကိုစောင့်ဆိုင်းနေတယ်။
ဘယ်သူတွေလဲဆိုတာအမည်တော့မပြောနိုင်ပါဘူး။ဒီတော့ကျွန်တော်တို့လည်း
စစ်ခဲ့ရတယ်။သူတို့နည်းနည်းလေးနေထိုင်မကောင်းဖြစ်နေကြတယ်။
ပြီးခဲ့တဲ့စပါးစ်နဲ့ပွဲနဲ့ဆက်စပ်မယ်လို့တော့မထင်ပါဘူး။တကယ်တော့တနိုင်ငံလုံး
စိုးရိမ်နေကြရတာပါ”လို့ပြောကြားသွားပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာနိုင်ငံတွင်အိုမီခရွန်
ကိုဗစ်မျိုးစိတ်သစ်ဖြစ်ပွားလာပြီးနောက်
ကိုဗစ်စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ဆောင်လာရပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာလာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှစတင်ကာ
ကွင်းအတွင်းဝင်ရောက်ကြည့်ရှုမယ့်ပရိသတ်များကို ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်
ထိုးထားပြီးသူမှဝင်ကြည့်ခွင့်ပေးရန်အစိုးရလမ်းညွှန်မှုခံထားရပါတယ်။
zawgyi
ကိုဗစ္ျဖစ္ေနတဲ့ ေနာ့ဝွစ္ခ်္အသင္းဆီ သြားကစားရမယ့္ ယူႏိုက္တက္
ေနာ့ဝွစ္ခ်္အသင္းဟာကိုဗစ္ကူးစက္မႈစိုးရိမ္စရာအေနအထားနဲ႔ႀကဳံရတဲ့
ေနာက္ဆုံးပရီးမီးယားလိဂ္အသင္းျဖစ္လာပါတယ္။ေနာ့ဝွစ္ခ်္အသင္းနည္းျပ
ဒိန္းစမစ္ကအသင္းရဲ႕ကစားသမားႏွစ္ဦးမွာနာမက်န္းျဖစ္ေနၿပီးတစ္သင္းကို
ကိုဗစ္စစ္ေဆးမႈခံယူခဲ့ရေၾကာင္းဆိုထားပါတယ္။
တန္းမဆင္းရေရးတိုက္ပြဲဝင္ေနတဲ့ေနာ့ဝွစ္ခ်္ဟာယေန႔ညမွာ
မန္ခ်က္စတာယူႏိုက္တက္ကိုရင္ဆိုင္ကစားရပါမယ္။ယခုအပတ္အေစာပိုင္းတုန္းက
စပါးစ္ႏွင့္လက္စတာတို႔တြင္လည္းကိုဗစ္ကူးစက္မႈမ်ားရွိေနခဲ့ပါတယ္။
စပါးစ္ဟာအသင္းတြင္ကိုဗစ္အႀကီးအက်ယ္ကူးစက္ပ်ံ႕ႏွံ႔ေနမႈေၾကာင့္
ရန္းနက္စ္ပြဲႏွင့္ဘ႐ိုက္တန္ပြဲတို႔ကိုေ႐ႊ႕ဆိုင္းထားရပါတယ္။
ဒါေပမဲ့ေနာ့ဝွစ္ခ်္နည္းျပဒိန္းစမစ္က “ကိုဗစ္နဲ႔ဆက္စပ္ၿပီးျဖစ္ေနတာ
ႏွစ္ေယာက္ရွိေနတယ္။သူတို႔ရဲ႕ရလဒ္ကိုေစာင့္ဆိုင္းေနတယ္။
ဘယ္သူေတြလဲဆိုတာအမည္ေတာ့မေျပာႏိုင္ပါဘူး။ဒီေတာ့ကြၽန္ေတာ္တို႔လည္း
စစ္ခဲ့ရတယ္။သူတို႔နည္းနည္းေလးေနထိုင္မေကာင္းျဖစ္ေနၾကတယ္။
ၿပီးခဲ့တဲ့စပါးစ္နဲ႔ပြဲနဲ႔ဆက္စပ္မယ္လို႔ေတာ့မထင္ပါဘူး။တကယ္ေတာ့တႏိုင္ငံလုံး
စိုးရိမ္ေနၾကရတာပါ”လို႔ေျပာၾကားသြားပါတယ္။ပရီးမီးယားလိဂ္ကလပ္မ်ားဟာ
ႏိုင္ငံတြင္အိုမီခ႐ြန္ကိုဗစ္မ်ိဳးစိတ္သစ္ျဖစ္ပြားလာၿပီးေနာက္
ကိုဗစ္စည္းမ်ဥ္းစည္းကမ္းအတိုင္းလုပ္ေဆာင္လာရပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားဟာလာမယ့္အပတ္ဗုဒၶဟူးေန႔မွစတင္ကာ
ကြင္းအတြင္းဝင္ေရာက္ၾကည့္ရႈမယ့္ပရိသတ္မ်ားကို ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္
ထိုးထားၿပီးသူမွဝင္ၾကည့္ခြင့္ေပးရန္အစိုးရလမ္းၫႊန္မႈခံထားရပါတယ္။