ကိုဗစ်ဖြစ်ပြီး ၂ ပတ်အကြာ စစ်ဆေးမှုမှာ စီရော်နယ်ဒို negative ပြန်ပြသွားပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဒုတိယအကြိမ် စစ်ဆေးမှုဟာ ကိုရိုနာဗိုင်းရပ်စ် positive ပြခဲ့တဲ့ စီရော်နယ်ဒိုဟာ အခုဗိုင်းရပ်စ်ပိုးစတင်ဖြစ်ပွားတဲ့ ၂ ပတ်အကြာ စစ်ဆေးမှုမှာတော့ negative ဖြစ်သွားခဲ့ပြီလို့ သိရပါတယ်။

သူဟာ ဘာစီလိုနာနဲ့ပွဲမှာ ကစားချင်လွန်းတဲ့အတွက် UEFA ရဲ့ စည်းမျဉ်းအတိုင်း ပွဲမကစားခင် ၂၄ နာရီအလိုမှာ နောက်ဆုံးစမ်းသပ်စစ် ဆေးမှုကို ပြုလုပ်ခဲ့ရာမှာတော့ positive ပဲပြနေတဲ့အတွက် ကစားခွင့်မရခဲ့ပါဘူး။

အခုတော့ သူဟာ ဂျူဗင်တပ်ကစားဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းဖို့ ပြင်ဆင်နေပြီး လာမယ့် တန်းတက် စပီဇီယာနဲ့ပွဲစဉ်အပြင် ချန်ပီယံလိဂ်ဖီရန်ဗာရို့စ်နဲ့ ပွဲမှာလည်း ပါဝင်လာဖို့ရှိပါတယ်။

ဂျူဗင်တပ်အသင်းဟာ စီရော်နယ်ဒိုမပါဝင်ခဲ့တဲ့ ချန်ပီယံလိပ်ပွဲစဉ် ၂ ပွဲမှာ ဒိုင်နမိုကိဗ်ကိုနိုင်ပြီး ဘာစီလိုနာကို ရှုံးခဲ့သလို စီရီးအေမှာလည်း ခရိုတိုနီနဲ့ ဗီရိုနာတို့လို အသင်းတွေကို အနိုင်မရခဲ့ဘဲ သရေသာကစားနိုင်ခဲ့တာပါ။

စီရော်နယ်ဒို ကိုဗစ်ဖြစ်နေတဲ့ကာလမှာ သူ့ရဲ့ ဇနီးဖြစ်တဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်း ရောဂါစစ်ဆေးခဲ့ရပြီး negative ပြခဲ့တဲ့အတွက် ကလေးငယ် ၄ ဦးနဲ့အတူ နေထိုင်ခွင့်ရပြီး ကံကောင်းခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ တူရင်မြို့က သူ့ရဲ့နေအိမ်မှာ မိသားစုနဲ့ အလွှာတစ်ခုစီနေပြီး ကြံ့ခိုင်မှုရအောင် ပြုမူနေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပရိသတ်တွေအတွက် ထူးခြားမှုဖြစ်ခဲ့တာကတော့ စီရော်နယ်ဒိုဟာ ကိုဗစ်ဖြစ်ပြီး တစ်ပတ်အကြာမှာ သူ့ရဲ့ဆံပင်ကို ကတုံးဆံပင်ပေါက်ပုံစံပြုလုပ်ခဲ့ပြီး စက်ဘီးစီးလေ့ကျင့်ခန်းလုပ်နေတဲ့ပုံကို ပြသခဲ့တာပါပဲ။

ဒီဓာတ်ပုံနဲ့ ဗီဒီယိုကို ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ရိုက်ပေးခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကမ္ဘာတစ်ဝှမ်းလုံးက ကြည့်ရှုသူမီလီယံနဲ့ချီပြီး ဖြစ်သွားခဲ့ပါတယ်။

သူ့ရဲ့ပရိသတ်တွေကလည်း စီရော်နယ်ဒိုအတွက် ဆုတောင်းစကားတွေ ပြောကြား ခဲ့သလို အခုတော့ သူတို့ဆုတောင်းတွေ ပြည့်ခဲ့ပါပြီ။

စီရော်နယ်ဒိုဟာ အိမ်မှာနေနေရတဲ့ ကာလအတွင်းမှာ သူအားပေးတဲ့ MMA တိုက်ခိုက်ရေးသမား ခါဘစ်ရဲ့ပွဲစဉ်ကိုလည်း အင်စတာဂရမ်ကနေတစ်ဆင့် အားပေးစကားပြောကြားခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုဗစ္ျဖစ္ၿပီး ၂ ပတ္အၾကာ စစ္ေဆးမႈမွာ စီေရာ္နယ္ဒို negative ျပန္ျပသြားၿပီ

ၿပီးခဲ့တဲ့ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ ဒုတိယအႀကိမ္ စစ္ေဆးမႈဟာ ကိုရိုနာဗိုင္းရပ္စ္ positive ျပခဲ့တဲ့ စီေရာ္နယ္ဒိုဟာ အခုဗိုင္းရပ္စ္ပိုးစတင္ျဖစ္ပြားတဲ့ ၂ ပတ္အၾကာ စစ္ေဆးမႈမွာေတာ့ negative ျဖစ္သြားခဲ့ၿပီလို႔ သိရပါတယ္။

သူဟာ ဘာစီလိုနာနဲ႔ပြဲမွာ ကစားခ်င္လြန္းတဲ့အတြက္ UEFA ရဲ႕ စည္းမ်ဥ္းအတို္င္း ပြဲမကစားခင္ ၂၄ နာရီအလိုမွာ ေနာက္ဆံုးစမ္းသပ္စစ္ ေဆးမႈကို ျပဳလုပ္ခဲ့ရာမွာေတာ့ positive ပဲျပေနတဲ့အတြက္ ကစားခြင့္မရခဲ့ပါဘူး။

အခုေတာ့ သူဟာ ဂ်ဴဗင္တပ္ကစားေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းဖို႔ ျပင္ဆင္ေနၿပီး လာမယ့္ တန္းတက္ စပီဇီယာနဲ႔ပြဲစဥ္အျပင္ ခ်န္ပီယံလိဂ္ဖီရန္ဗာရို႔စ္နဲ႔ ပြဲမွာလည္း ပါ၀င္လာဖို႔ရွိပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ စီေရာ္နယ္ဒိုမပါ၀င္ခဲ့တဲ့ ခ်န္ပီယံလိပ္ပြဲစဥ္ ၂ ပြဲမွာ ဒိုင္နမိုကိဗ္ကိုႏိုင္ၿပီး ဘာစီလိုနာကို ရႈံးခဲ့သလို စီရီးေအမွာလည္း ခရိုတိုနီနဲ႔ ဗီရိုနာတို႔လို အသင္းေတြကို အႏိုင္မရခဲ့ဘဲ သေရသာကစားႏုိင္ခဲ့တာပါ။

စီေရာ္နယ္ဒို ကိုဗစ္ျဖစ္ေနတဲ့ကာလမွာ သူ႕ရဲ႕ ဇနီးျဖစ္တဲ့ ေဂ်ာ္ဂ်ီနာရိုဒရီဂြက္ဇ္လည္း ေရာဂါစစ္ေဆးခဲ့ရၿပီး negative ျပခဲ့တဲ့အတြက္ ကေလးငယ္ ၄ ဦးနဲ႔အတူ ေနထိုင္ခြင့္ရၿပီး ကံေကာင္းခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ တူရင္ၿမိဳ႕က သူ႕ရဲ႕ေနအိမ္မွာ မိသားစုနဲ႔ အလႊာတစ္ခုစီေနၿပီး ႀကံ့ခိုင္မႈရေအာင္ ျပဳမူေနထိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ပရိသတ္ေတြအတြက္ ထူးျခားမႈျဖစ္ခဲ့တာကေတာ့ စီေရာ္နယ္ဒိုဟာ ကိုဗစ္ျဖစ္ၿပီး တစ္ပတ္အၾကာမွာ သူ႕ရဲ႕ဆံပင္ကို ကတံုးဆံပင္ေပါက္ပံုစံျပဳလုပ္ခဲ့ၿပီး စက္ဘီးစီးေလ့က်င့္ခန္းလုပ္ေနတဲ့ပံုကို ျပသခဲ့တာပါပဲ။

ဒီဓာတ္ပံုနဲ႔ ဗီဒီယိုကို ေဂ်ာ္ဂ်ီနာရိုဒရီဂြက္ဇ္က ရိုက္ေပးခဲ့တာျဖစ္ၿပီး မိနစ္ပိုင္းအတြင္းမွာပဲ ကမၻာတစ္၀ွမ္းလံုးက ၾကည့္ရႈသူမီလီယံနဲ႔ခ်ီၿပီး ျဖစ္သြားခဲ့ပါတယ္။

သူ႕ရဲ႕ပရိသတ္ေတြကလည္း စီေရာ္နယ္ဒိုအတြက္ ဆုေတာင္းစကားေတြ ေျပာၾကား ခဲ့သလို အခုေတာ့ သူတို႔ဆုေတာင္းေတြ ျပည့္ခဲ့ပါၿပီ။

စီေရာ္နယ္ဒိုဟာ အိမ္မွာေနေနရတဲ့ ကာလအတြင္းမွာ သူအားေပးတဲ့ MMA တိုက္ခိုက္ေရးသမား ခါဘစ္ရဲ႕ပြဲစဥ္ကိုလည္း အင္စတာဂရမ္ကေနတစ္ဆင့္ အားေပးစကားေျပာၾကားခဲ့ပါေသးတယ္။