ကိုယ့်ဇာတိ မမေ့ဘဲ ခရစ္စမတ်မှာအလှူအတန်းပြုလုပ်ခဲ့တဲ့ မက်ဂွိုင်းယား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဟာရီမက်ဂွိုင်းယားဟာ သူကြီးပြင်းခဲ့ရာအရပ်ဖြစ်တဲ့ ရှက်ဖီးဒေသ ဆင်ခြေဖုံး နေရာတွေကိုသွားပြီး ခရစ္စမတ်ကာလအတွက် အလှူဒါနပြုလုပ်ပေးခဲ့ တယ်လို့ သိရပါတယ်။

အင်္ဂလန်နဲ့ မန်ယူတို့ရဲ့ နောက်ခံလူဖြစ်တဲ့ မက်ဂွိုင်းယားဟာ သူ့အစ်ကို ဂျိုး၊ ညီမဖြစ်သူ ဒေစီ၊ မိခင်ဖြစ်သူ ဇိုး တို့နဲ့အတူ အစားအသောက်တွေကို ပါဆယ်ထုပ်ပြီး မို့စ်ဘိုရိုအရပ်မှာ တနင်္လာနေ့တုန်းက လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ပင်စင်စားတွေအတွက် အဓိကရည်ရွယ်ပြီးပြုလုပ်ခဲ့တဲ့ ဒီအလှူနဲ့ပတ်သက်ပြီး မက်ဂွိုင်းယားကအခုလိုခက်ခဲတဲ့အချိန်မျိုးမှာ သူ့အလှူက လူတွေရဲ့မျက်နှာမှာအပြုံးပန်း တွေဝေဆာဖို့ အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အလှူပစ္စည်းတွေလက်ခံရရှိသူတစ်ဦးက ဆိုရင်မက်ဂွိုင်းယားဟာ တကယ့်ကိုငဲ့ညှာတတ်တဲ့ စိတ်ထားမျိုးရှိတဲ့သူလို့ ဆိုခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ သူ့ကစားသမားဘဝကို ရှက်ဖီးဒေသခံအသင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ စတင်ခဲ့သူဖြစ်ပါတယ်။

သူက”မိသားစုနဲ့ သူငယ်ချင်းတွေ ရှိနေသေးတဲ့ ကျွန်တော့်ဇာတိ ကိုပြန်လာရေးဟာသိပ်ကိုအရေးကြီးပါတယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ အရပ်နဲ့ နာရီပေါင်းမရေတွက်နိုင်အောင် ဘောလုံးကစားခဲ့တဲ့နေရာတွေမှာ ပြန်ပြီးပေးဆပ်ရတာ သိပ်ကိုကောင်းပါတယ်။ ဒီနေရာမှာ မရေမတွက်နိုင်တဲ့ အမှတ်တရတွေရှိခဲ့တာပါ” လို့ပြောခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ မို့စ်ဘိုရိုအရပ်ကနေ အစားအသောက်တွေကိုပါဆယ်ထုတ်ပြီး လိုက်လံလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီအထဲမှာ အလန်ဘာတန်နဲ့ ဘရန်ဒါဘာတန် ဆိုတဲ့ပင်စင်စား ဇနီးမောင်နှံလည်းပါဝင်ပါတယ်။ အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဘရန်ဒါက” ကျွန်တော်တို့ဟာ ခရစ္စမတ်ကာလမှာ မိသားစုအတွက်မျှော်လင့်နေချိန်မှာ မက်ဂွိုင်းယားက အခုလိုလှူဒါန်းခဲ့တာ သိပ်ကိုမွန်မြတ်ပါတယ်။ သူဟာတကယ့်ကို ငဲ့ညှာတတ်တဲ့သူပါ။

ဒေသခံလူငယ်ဖြစ်ပြီး ကိုယ့်ဇာတိကိုလည်း မမေ့ပါဘူး။ ဒီကောင်လေးဟာ မိသားစုကိုလည်း ခင်တွယ်ပြီး သူ့မိဘတွေကလည်း သူ့ကိုတော်တည့်ဖြောင့်မတ်အောင် ပျိုးထောင်နိုင်ခဲ့လို့ တကယ့်ကို ဂုဏ်ယူနေကြမှာပါ” လို့ပြောသွားပါတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဂျာနစ်နီကိုးလ်ဆင်ဆိုသူကလည်း ”မက်ဂွိုင်းယားရဲ့အလှူက သိပ်ကိုအံအားသင့်စရာကောင်းပါတယ်။ လော့ခ်ဒေါင်းချခံရမှုဟာ သိပ်ကိုကြောက်စရာဖြစ်သလို စိတ်လည်းပျက်ရပါတယ်။ တစ်ချို့တွေရဲ့နေ့ရက်တွေဆိုပိုဆိုးတာပေါ့ဗျာ။ ဒါကြောင့် ဒီလိုအလှူမျိုးနဲ့တွေ့လိုက်တာဟာ သိကြားမသလိုပါဘဲ” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုယ့္ဇာတိ မေမ့ဘဲ ခရစၥမတ္မွာအလႉအတန္းျပဳလုပ္ခဲ့တဲ့ မက္ဂြိဳင္းယား

နာမည္ေက်ာ္ေဘာလုံးသမားတစ္ဦးျဖစ္တဲ့ ဟာရီမက္ဂြိဳင္းယားဟာ သူႀကီးျပင္းခဲ့ရာအရပ္ျဖစ္တဲ့ ရွက္ဖီးေဒသ ဆင္ေျခဖုံး ေနရာေတြကိုသြားၿပီး ခရစၥမတ္ကာလအတြက္ အလႉဒါနျပဳလုပ္ေပးခဲ့ တယ္လို႔ သိရပါတယ္။ အဂၤလန္နဲ႔ မန္ယူတို႔ရဲ႕ ေနာက္ခံလူျဖစ္တဲ့ မက္ဂြိဳင္းယားဟာ သူ႔အစ္ကို ဂ်ိဳး၊ ညီမျဖစ္သူ ေဒစီ၊ မိခင္ျဖစ္သူ ဇိုး တို႔နဲ႔အတူ အစားအေသာက္ေတြကို ပါဆယ္ထုပ္ၿပီး မို႔စ္ဘို႐ိုအရပ္မွာ တနလၤာေန႔တုန္းက လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ပင္စင္စားေတြအတြက္ အဓိကရည္႐ြယ္ၿပီးျပဳလုပ္ခဲ့တဲ့ ဒီအလႉနဲ႔ပတ္သက္ၿပီး မက္ဂြိဳင္းယားကအခုလိုခက္ခဲတဲ့အခ်ိန္မ်ိဳးမွာ သူ႔အလႉက လူေတြရဲ႕မ်က္ႏွာမွာအၿပဳံးပန္း ေတြေဝဆာဖို႔ အကူအညီျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အလႉပစၥည္းေတြလက္ခံရရွိသူတစ္ဦးက ဆိုရင္မက္ဂြိဳင္းယားဟာ တကယ့္ကိုငဲ့ညႇာတတ္တဲ့ စိတ္ထားမ်ိဳးရွိတဲ့သူလို႔ ဆိုခဲ့ပါတယ္။ မက္ဂြိဳင္းယားဟာ သူ႔ကစားသမားဘဝကို ရွက္ဖီးေဒသခံအသင္းျဖစ္တဲ့ ရွက္ဖီးယူႏိုက္တက္နဲ႔ စတင္ခဲ့သူျဖစ္ပါတယ္။ သူက”မိသားစုနဲ႔ သူငယ္ခ်င္းေတြ ရွိေနေသးတဲ့ ကြၽန္ေတာ့္ဇာတိ ကိုျပန္လာေရးဟာသိပ္ကိုအေရးႀကီးပါတယ္။ ကြၽန္ေတာ္ႀကီးျပင္းခဲ့တဲ့ အရပ္နဲ႔ နာရီေပါင္းမေရတြက္ႏိုင္ေအာင္ ေဘာလုံးကစားခဲ့တဲ့ေနရာေတြမွာ ျပန္ၿပီးေပးဆပ္ရတာ သိပ္ကိုေကာင္းပါတယ္။ ဒီေနရာမွာ မေရမတြက္ႏိုင္တဲ့ အမွတ္တရေတြရွိခဲ့တာပါ” လို႔ေျပာခဲ့ပါတယ္။ မက္ဂြိဳင္းယားဟာ မို႔စ္ဘို႐ိုအရပ္ကေန အစားအေသာက္ေတြကိုပါဆယ္ထုတ္ၿပီး လိုက္လံလႉဒါန္းခဲ့တာျဖစ္ပါတယ္။

ဒီအထဲမွာ အလန္ဘာတန္နဲ႔ ဘရန္ဒါဘာတန္ ဆိုတဲ့ပင္စင္စား ဇနီးေမာင္ႏွံလည္းပါဝင္ပါတယ္။ အသက္ ၇၁ ႏွစ္ရွိၿပီျဖစ္တဲ့ ဘရန္ဒါက” ကြၽန္ေတာ္တို႔ဟာ ခရစၥမတ္ကာလမွာ မိသားစုအတြက္ေမွ်ာ္လင့္ေနခ်ိန္မွာ မက္ဂြိဳင္းယားက အခုလိုလႉဒါန္းခဲ့တာ သိပ္ကိုမြန္ျမတ္ပါတယ္။ သူဟာတကယ့္ကို ငဲ့ညႇာတတ္တဲ့သူပါ။ ေဒသခံလူငယ္ျဖစ္ၿပီး ကိုယ့္ဇာတိကိုလည္း မေမ့ပါဘူး။ ဒီေကာင္ေလးဟာ မိသားစုကိုလည္း ခင္တြယ္ၿပီး သူ႔မိဘေတြကလည္း သူ႔ကိုေတာ္တည့္ေျဖာင့္မတ္ေအာင္ ပ်ိဳးေထာင္ႏိုင္ခဲ့လို႔ တကယ့္ကို ဂုဏ္ယူေနၾကမွာပါ” လို႔ေျပာသြားပါတယ္။

အသက္ ၇၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ာနစ္နီကိုးလ္ဆင္ဆိုသူကလည္း ”မက္ဂြိဳင္းယားရဲ႕အလႉက သိပ္ကိုအံအားသင့္စရာေကာင္းပါတယ္။ ေလာ့ခ္ေဒါင္းခ်ခံရမႈဟာ သိပ္ကိုေၾကာက္စရာျဖစ္သလို စိတ္လည္းပ်က္ရပါတယ္။ တစ္ခ်ိဳ႕ေတြရဲ႕ေန႔ရက္ေတြဆိုပိုဆိုးတာေပါ့ဗ်ာ။ ဒါေၾကာင့္ ဒီလိုအလႉမ်ိဳးနဲ႔ေတြ႕လိုက္တာဟာ သိၾကားမသလိုပါဘဲ” လို႔ေျပာသြားပါတယ္။