ကိုယ့်အချစ်ဆုံးယောကျ်ားကို ကိုယ့်ရှေ့မှာ လှောင်ပြောင်ခံရတာကြောင့် ငိုတော့မယ့်ပုံပေါက်ခဲ့တဲ့ အန်တိုနယ်လာ

မက်ဆီဟာ သူ့ကစားသမားဘ၀ ကလပ်ဟောင်းဘာစီလိုနာမှာရော

နိုင်ငံအသင်းအာဂျင်တီးနားမှာပါ ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကို

တစ်ခါမှ ကြုံဆုံရခြင်း မရှိပါဘူး။

ဒါပေမဲ့ လက်ရှိကစားနေတဲ့ပီအက်စ်ဂျီမှာတော့ ပထမဆုံးရာသီမှာပဲ

အသင်းပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

ဘော်ဒိုးကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကိုယ့်အသင်းပရိသတ်တွေရဲ့

လှောင်ပြောင်းခြင်းခံခဲ့ရတာက မက်ဆီအတွက် ကြုံတောင့်ကြုံခဲလို့လည်း ဆိုရမှာပါ။

ဖြစ်ချင်တော့ သူ့ရဲ့ချစ်ဇနီးဖြစ်တဲ့ ၃၄ နှစ်အရွယ် အန်တိုနယ်လာကလည်း

အဲဒီပွဲကို VIP Box ကနေ တက်ရောက်ကြည့်ရှုခဲ့တာပါ။

ကွင်းကြေညာသူက မက်ဆီရဲ့နာမည်ကို ကြေညာလိုက်ချိန်

ပရိသတ်တွေက လှောင်ပြောင်အော်ဟစ်ကြတော့

ပွဲကြည့်စင်ပေါ်က အန်တိုနယ်လာဟာ သိသိသာသာကို မျက်နှာပျက်ယွင်းသွားပြီး

ငိုတော့မယ့်ပုံတောင် ရှိခဲ့ပါတယ်။ သူ့အချစ်ဆုံးယောကျ်ားသားက

ဒီလိုကိုယ့်ရှေ့မှာ လှောင်ပြောင်ခံရတာကို

ကမ္ဘာပေါ်က ဘယ်အမျိုးသမီးကမှ ကြည့်ရက်ကြမှာ မဟုတ်ပါဘူး။

မက်ဆီလိုပဲ အန်တိုနယ်လာအတွက်လည်း

ဒီအဖြစ်အပျက်က လုံးဝကို ကြုံတောင့်ကြုံခဲဖြစ်မှာပါ။

အဲဒီပွဲအပြီးမှာ မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့

ဆွာရက်ဇ်နဲ့ဖာဘရီဂတ်စ်တိ့ုက ဆိုရှယ်မီဒီယာထက်ကနေ ကာကွယ်စကားဆိုခဲ့ကြပါတယ်။

အန်တိုနယ်လာနဲ့မက်ဆီတို့ဟာ ငယ်ချစ်တွေဖြစ်ကြပြီး

လက်ရှိမှာ သား ၃ ယောက်ထွန်းကားထားတာပါ။

အခုချိန်မှာတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ပဲရစ်က အိပ်မက်ဆိုးကြောင့်

ဘာစီလိုနာကိုတောင် ပြန်သွားချင်ဖြစ်နေကြပါလိမ့်မယ်။

zawgyi

ကိုယ့္အခ်စ္ဆုံးေယာက်္ားကို ကိုယ့္ေရွ႕မွာ ေလွာင္ေျပာင္ခံရတာေၾကာင့္ ငိုေတာ့မယ့္ပုံေပါက္ခဲ့တဲ့ အန္တိုနယ္လာ

မက္ဆီဟာ သူ႔ကစားသမားဘ၀ ကလပ္ေဟာင္းဘာစီလိုနာမွာေရာ

ႏိုင္ငံအသင္းအာဂ်င္တီးနားမွာပါ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းကို

တစ္ခါမွ ႀကဳံဆုံရျခင္း မရွိပါဘူး။

ဒါေပမဲ့ လက္ရွိကစားေနတဲ့ပီအက္စ္ဂ်ီမွာေတာ့ ပထမဆုံးရာသီမွာပဲ

အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။

ေဘာ္ဒိုးကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ကိုယ့္အသင္းပရိသတ္ေတြရဲ႕

ေလွာင္ေျပာင္းျခင္းခံခဲ့ရတာက မက္ဆီအတြက္ ႀကဳံေတာင့္ႀကဳံခဲလို႔လည္း ဆိုရမွာပါ။

ျဖစ္ခ်င္ေတာ့ သူ႔ရဲ႕ခ်စ္ဇနီးျဖစ္တဲ့ ၃၄ ႏွစ္အ႐ြယ္ အန္တိုနယ္လာကလည္း

အဲဒီပြဲကို VIP Box ကေန တက္ေရာက္ၾကည့္ရႈခဲ့တာပါ။

ကြင္းေၾကညာသူက မက္ဆီရဲ႕နာမည္ကို ေၾကညာလိုက္ခ်ိန္

ပရိသတ္ေတြက ေလွာင္ေျပာင္ေအာ္ဟစ္ၾကေတာ့

ပြဲၾကည့္စင္ေပၚက အန္တိုနယ္လာဟာ သိသိသာသာကို မ်က္ႏွာပ်က္ယြင္းသြားၿပီး

ငိုေတာ့မယ့္ပုံေတာင္ ရွိခဲ့ပါတယ္။ သူ႔အခ်စ္ဆုံးေယာက်္ားသားက

ဒီလိုကိုယ့္ေရွ႕မွာ ေလွာင္ေျပာင္ခံရတာကို

ကမာၻေပၚက ဘယ္အမ်ိဳးသမီးကမွ ၾကည့္ရက္ၾကမွာ မဟုတ္ပါဘူး။

မက္ဆီလိုပဲ အန္တိုနယ္လာအတြက္လည္း

ဒီအျဖစ္အပ်က္က လုံးဝကို ႀကဳံေတာင့္ႀကဳံခဲျဖစ္မွာပါ။

အဲဒီပြဲအၿပီးမွာ မက္ဆီရဲ႕ဘာစီလိုနာအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့

ဆြာရက္ဇ္နဲ႔ဖာဘရီဂတ္စ္တိ့ုက ဆိုရွယ္မီဒီယာထက္ကေန ကာကြယ္စကားဆိုခဲ့ၾကပါတယ္။

အန္တိုနယ္လာနဲ႔မက္ဆီတို႔ဟာ ငယ္ခ်စ္ေတြျဖစ္ၾကၿပီး

လက္ရွိမွာ သား ၃ ေယာက္ထြန္းကားထားတာပါ။

အခုခ်ိန္မွာေတာ့ သူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ ပဲရစ္က အိပ္မက္ဆိုးေၾကာင့္

ဘာစီလိုနာကိုေတာင္ ျပန္သြားခ်င္ျဖစ္ေနၾကပါလိမ့္မယ္။