ကိုယ့်အသင်းပရိသတ်ကို လက်ခလယ်ထောင်ပြပြီး ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်ခဲ့တဲ့ အီဒူးရဲ့ဇနီး

Ads ( 18+ , Gamble responsibly )

– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ

– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

အာဆင်နယ်နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်သလို လက်ရှိနည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ယူနေတဲ့အီဒူးရဲ့ဇနီးဖြစ်သူဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချယ်လ်ဆီးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ကိုယ့်အသင်းပရိသတ်တစ်ဦးကို လက်ခလယ်ထောင်ပြပြီး ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်ခဲ့ပါတယ်။

အဲဒီပွဲမှာ အာဆင်နယ်အသင်းဟာ သူတို့ရဲ့အခါးသီးဆုံးလန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ခြေစွမ်းပိုင်းအရ ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ လူကာကူ၊ ရိစ်ဂျိမ်းစ်တို့ရဲ့ဂိုးတွေနဲ့ အိမ်ကွင်းမှာပဲ (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း အာဆင်နယ်ပရိသတ်တွက အသင်းရဲ့ခြေစွမ်းအပေါ် အားမလိုအားမရဖြစ်တာကနေ ပရိသတ်တစ်ဦးက မလှမ်းမကမ်းမှာရှိနေတဲ့ အီဒူးကို ဒေါသတကြီးအော်ဟစ်ပြောဆိုခဲ့တာဖြစ်ပြီး

အီဒူးက အအြေနေမဆိုးရွားအောင် ထိန်းသိမ်းနေပေမယ့် သူ့ဇနီးဖြစ်တဲ့ ပေါ်လာဂတ်စ်ပါကတော့ ဒေါသမထိန်းနိုင်ဘဲ အဲဒီပရိတ်သတ်ကို လက်ခလယ်ထောင်ပြပြီးတော့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ရှုံးနိမ့်ခဲ့လို့ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားအဆင့်(၁၉)နေရာမှာ ရပ်တည်နေပြီး အာဆင်နယ်ပရိသတ်တွေက ပွဲချိန်အတွင်း ကစားသမားတွေကို အော်ဟစ်လှောင်ပြောင်ခဲ့ကြသလို ပွဲအပြီးမှာလည်း နည်းပြအာတီတာရဲ့ကားကို ပိတ်ဆို့ပြီးတော့ ရာထူးကနေနုတ်ထွက်ဖို့ အော်ဟစ်ခဲ့ကြပါတယ်။

ချယ်လ်ဆီးနဲ့ပွဲအပြီး အင်တာဗျူးမှာ ပရိသတ်တွေလှောင်ပြောင်အော်ဟစ်ကြတာနဲ့ပတ်သက်လို့ အာတီတာက “အသင်းပရိသတ်တွေကို ကျွန်တော်ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့အသင်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်မှာ သူတို့တွေဟာ ကစားသမားတွေကို စိတ်ဓာတ်မကျအောင် အကောင်းဆုံးအားပေးခဲ့ကြတာပါ။

မကြာခင် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပြင်ဆင်ထားရမှာပါ”လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုတစ်ပတ်မှာ မန်စီးတီးအသင်းနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အောက်တိုဘာလမတိုင်ခင် ရလဒ်ဆိုးတွေမပြောင်းလဲနိုင်ခဲ့ရင် အာတီတာ ရာထူးကအထုတ်ခံရဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

Ads ( 18+ , Gamble responsibly )

– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ

– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi




