ကိုယ့်အသင်းဖော်တွေ နောက်ပြောင်တာကို ခံခဲ့ရတဲ့ အယ်လီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ FA ဖလား တတိယအဆင့်ပွဲတွေမှာ စပါးအသင်းက အသင်းငယ်တစ်သင်းဖြစ်တဲ့ မာရင်းအသင်းကို (၅)ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် ကွင်းလယ်လူ အယ်လီကတော့ မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုကြောင့် ကိုယ့်အသင်းတွေရဲ့ နောက်ပြောင်တာကို ခံခဲ့ရပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်လီဟာ ဒီရာသီမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး မာရင်းနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ပွဲထွက်ကစားခွင့် ပြန်ရခဲ့တာပါ။ အဲဒီပွဲမှာ အယ်လီအနေနဲ့ ပုံမှန်ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အသင်းဖော်တွေက သူ့ကို စနောက်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲကစားချိန်အတွင်း အယ်လီဟာ အသင်းဖော် ဘင်ဒေးဗီးစ်ဆီကနေ ဘောလုံးလက်ခံရယူဖို့ နောက်ကို ဆုတ်လိုက်တာမှာ သူ့ဘာသာသူ ခလုတ်တိုက်လဲကျခဲ့တာဖြစ်ပြီး ကံဆိုးချင်တော့ ဒါက စပါးအသင်း အရန်ခုံတန်းအရှေ့မှာ ဖြစ်ခဲ့တာပါပဲ။ ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရတဲ့ အရန်ခုံတန်းက ကစားသမားတွေဟာ ဟန်တောင်မဆောင်နိုင်ဘဲ ရီမောခဲ့ကြသလို ဆွန်ဟောင်မင်ဆိုရင် ပါးစပ်ကို လက်နဲ့အုပ်ပြီးတော့တောင် ရီလိုက်ပါသေးတယ်။ ဂါရတ်ဘေးလ်ကတော့ အယ်လီဟာ ဟန်ဆောင်လှဲချလို့ အဝါကတ်ပြသင့်တယ်ဆိုတဲ့ သဘောမျိုးနဲ့ လက်ကို ဝှေ့ယမ်းပြီး နောက်ပြောင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်က အယ်လီအတွက် ရှက်ကိုးရှက်ကန်းဖြစ်စရာကောင်းခဲ့ပေမယ့် သူဟာ နည်းပြမော်ရင်ဟို စိတ်ကျေနပ်မှုရအောင် ကစားနိုင်ခဲ့ပြီး စပါးအသင်းရဲ့ အဖွင့်ဂိုးကို ကားလို့စ်ဗင်နီစီယက်စ် သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ အဲဒီပွဲမှာ အယ်လီဟာ အသင်းဖော်တွေရဲ့ နောက်ပြောင်တာကို ခံခဲ့ရပေမယ့် သူ့ရဲ့အသင်းဖော် အယ်လ်ဖီဒီဗိုင်းကတော့ လက်ခုပ်တီးဂုဏ်ပြုတာခံခဲ့ရပါတယ်။

အကြောင်းကတော့ အသက်(၁၆)နှစ် (၁၆၃)ရက်သာရှိသေးတဲ့ ဒီဗိုင်းဟာ စပါးအသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်ရရှိခဲ့လို့ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တနဂၤေႏြေန႔က ကစားခဲ့တဲ့ FA ဖလား တတိယအဆင့္ပြဲေတြမွာ စပါးအသင္းက အသင္းငယ္တစ္သင္းျဖစ္တဲ့ မာရင္းအသင္းကို (၅)ဂိုးျပတ္အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့ေပမယ့္ ကြင္းလယ္လူ အယ္လီကေတာ့ မထင္မွတ္တဲ့အျဖစ္အပ်က္တစ္ခုေၾကာင့္ ကိုယ့္အသင္းေတြရဲ႕ ေနာက္ေျပာင္တာကို ခံခဲ့ရပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အယ္လီဟာ ဒီရာသီမွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး မာရင္းနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ပြဲထြက္ကစားခြင့္ ျပန္ရခဲ့တာပါ။

အဲဒီပြဲမွာ အယ္လီအေနနဲ႔ ပုံမွန္ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ ရယ္စရာေကာင္းတဲ့ အျဖစ္အပ်က္တစ္ခုေၾကာင့္ အသင္းေဖာ္ေတြက သူ႔ကို စေနာက္ခဲ့ၾကတာျဖစ္ပါတယ္။ ပြဲကစားခ်ိန္အတြင္း အယ္လီဟာ အသင္းေဖာ္ ဘင္ေဒးဗီးစ္ဆီကေန ေဘာလုံးလက္ခံရယူဖို႔ ေနာက္ကို ဆုတ္လိုက္တာမွာ သူ႔ဘာသာသူ ခလုတ္တိုက္လဲက်ခဲ့တာျဖစ္ၿပီး ကံဆိုးခ်င္ေတာ့ ဒါက စပါးအသင္း အရန္ခုံတန္းအေရွ႕မွာ ျဖစ္ခဲ့တာပါပဲ။ ဒီအျဖစ္အပ်က္ကို ျမင္ေတြ႕ခဲ့ရတဲ့ အရန္ခုံတန္းက ကစားသမားေတြဟာ ဟန္ေတာင္မေဆာင္ႏိုင္ဘဲ ရီေမာခဲ့ၾကသလို ဆြန္ေဟာင္မင္ဆိုရင္ ပါးစပ္ကို လက္နဲ႔အုပ္ၿပီးေတာ့ေတာင္ ရီလိုက္ပါေသးတယ္။ ဂါရတ္ေဘးလ္ကေတာ့ အယ္လီဟာ ဟန္ေဆာင္လွဲခ်လို႔ အဝါကတ္ျပသင့္တယ္ဆိုတဲ့ သေဘာမ်ိဳးနဲ႔ လက္ကို ေဝွ႔ယမ္းၿပီး ေနာက္ေျပာင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္က အယ္လီအတြက္ ရွက္ကိုးရွက္ကန္းျဖစ္စရာေကာင္းခဲ့ေပမယ့္ သူဟာ နည္းျပေမာ္ရင္ဟို စိတ္ေက်နပ္မႈရေအာင္ ကစားႏိုင္ခဲ့ၿပီး စပါးအသင္းရဲ႕ အဖြင့္ဂိုးကို ကားလို႔စ္ဗင္နီစီယက္စ္ သြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့ပါတယ္။ အဲဒီပြဲမွာ အယ္လီဟာ အသင္းေဖာ္ေတြရဲ႕ ေနာက္ေျပာင္တာကို ခံခဲ့ရေပမယ့္ သူ႔ရဲ႕အသင္းေဖာ္ အယ္လ္ဖီဒီဗိုင္းကေတာ့ လက္ခုပ္တီးဂုဏ္ျပဳတာခံခဲ့ရပါတယ္။ အေၾကာင္းကေတာ့ အသက္(၁၆)ႏွစ္ (၁၆၃)ရက္သာရွိေသးတဲ့ ဒီဗိုင္းဟာ စပါးအသင္းအတြက္ ပၪၥမေျမာက္ဂိုးကို သြင္းယူခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံး ဂိုးသြင္းသူအျဖစ္ စံခ်ိန္ရရွိခဲ့လို႔ပါပဲ။