
ဘာနေဗျူးမှာ ဇယားထိပ်ဆုံးက ရီးရဲလ်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီး
ဆိုရှယ်မီဒီယာထက်မှာ ဘာစီလိုနာနောက်ခံလူပီကေးရော သူ့လက်တွဲဖော်ဖြစ်တဲ့
ကိုလံဘီယာပေါ့ပ်အဆိုကျော် ဆိုရှယ်မီဒီယာထက်မှာ အောင်ပွဲခံခဲ့ကြပါတယ်။
အဲဒီပွဲမှာ ဝါရင့်နောက်ခံလူပီကေးဟာ မိနစ် ၉၀ ပြည့်ကစားခဲ့သလို
ဘင်ဇီမာမပါတဲ့ရီးရဲလ်ကိုလည်း ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
မကြာသေးခင်နှစ်တွေအတွင်း အနိမ့်ပိုင်းကို တောက်လျှောက်ကျဆင်းသွားခဲ့တဲ့
ဘာစီလိုနာအတွက် လုံးဝထူးရှယ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ပွဲပြီးလို့ ၅ မိနစ်အကြာမှာပဲ ပီကေးက Twitter ထက်မှာ
“ငါတို့ ပြန်လာပြီ”လို့ ကြွေးကျော်လိုက်တာပါ။
တစ်ဖက်မှာလည်း သူ့ရဲ့လက်တွဲဖော်ဖြစ်တဲ့ ရှာကီရာက ပီကေးနဲ့ပတ်သက်ပြီး
Instagram မှာ ပို့စ်တစ်ခုတင်လိုက်ပါတယ်။
ဘာစီလိုနာသွင်းခဲ့တဲ့ ၄ ဂိုးကို ရည်ညွှန်းတဲ့အနေနဲ့ လက် ၄ ချောင်းထောင်ပြထားတဲ့
သူ့ပုံနဲ့အတူ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ထားတဲ့စာကို ရှာကီရာက အခုလိုရေးထားတာပါ။
”ပီကေးက ဒီအကြောင်းအရာတွေကို လူသိရှင်ကြားပြောခွင့်မပြုခဲ့ပါဘူး။
ဒါပေမဲ့ သူ့ရဲ့သူရသတ္တိက ဒီလိုမျိုးလည်း ကစားနိုင်သလို နာကျင်ခံစားနေရရင်တောင်
တောင့်ခံကျော်လွှားပြီး သူ့ရဲ့အကောင်းဆုံးကို အမြဲပေးဆပ်တတ်တာပါ။
အဲဒါက သူဟာ ကျွန်မယောကျ်ားဖြစ်နေတာကြောင့်အပြင်
ကမ္ဘာပေါ်က အကောင်းဆုံးဗဟိုနောက်ခံလူဖြစ်နေလို့ပါ”လို့
ရှာကီရာက Instagram မှာ ပို့စ်တင်ခဲ့တာပါ။
ရှာကီရာဟာ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ပီကေးရဲ့ဘာစီလိုနာကစားသမားဘ၀
ပွဲ ၆၀၀ ပြည့်အတွက် ဆိုရှယ်မီဒီယာထက် ပွဲခံခဲ့ပါသေးတယ်။
၄၅ နှစ်အရွယ် ရှာကီရာနဲ့ ၃၅ နှစ်အရွယ် ရှာကီရာတို့က ၂၀၁၁ အစောပိုင်းကတည်းက
ဘဝတစ်ခု အတူတည်ဆောက်ခဲ့ကြပြီး သားနှစ်ယောက် ထွန်းကားထားပါတယ်။
ရှာကီရာနဲ့ပီကေးတို့ဟာ မွေးနေ့တူကြလို့
တစ်ယောက်နဲ့တစ်ယောက် ၁၀ နှစ်တိတိကွာကြတာပါ။
zawgyi
ကိုယ္ထင္ ကုတင္ေ႐ႊနန္းဆိုသလိုပဲ ပီေကးက ကမာၻေပၚက အေကာင္းဆုံးဗဟိုေနာက္ခံလူျဖစ္ေနလို႔ဆိုလိုက္တဲ့ ရွာကီရာ
ဘာေနဗ်ဴးမွာ ဇယားထိပ္ဆုံးက ရီးရဲလ္ကို ၄ ဂိုးျပတ္အႏိုင္ရခဲ့ၿပီး
ဆိုရွယ္မီဒီယာထက္မွာ ဘာစီလိုနာေနာက္ခံလူပီေကးေရာ သူ႔လက္တြဲေဖာ္ျဖစ္တဲ့
ကိုလံဘီယာေပါ့ပ္အဆိုေက်ာ္ ဆိုရွယ္မီဒီယာထက္မွာ ေအာင္ပြဲခံခဲ့ၾကပါတယ္။
အဲဒီပြဲမွာ ဝါရင့္ေနာက္ခံလူပီေကးဟာ မိနစ္ ၉၀ ျပည့္ကစားခဲ့သလို
ဘင္ဇီမာမပါတဲ့ရီးရဲလ္ကိုလည္း ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာပါ။
မၾကာေသးခင္ႏွစ္ေတြအတြင္း အနိမ့္ပိုင္းကို ေတာက္ေလွ်ာက္က်ဆင္းသြားခဲ့တဲ့
ဘာစီလိုနာအတြက္ လုံးဝထူးရွယ္ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။
ဒါေၾကာင့္လည္း ပြဲၿပီးလို႔ ၅ မိနစ္အၾကာမွာပဲ ပီေကးက Twitter ထက္မွာ
“ငါတို႔ ျပန္လာၿပီ”လို႔ ေႂကြးေက်ာ္လိုက္တာပါ။
တစ္ဖက္မွာလည္း သူ႔ရဲ႕လက္တြဲေဖာ္ျဖစ္တဲ့ ရွာကီရာက ပီေကးနဲ႔ပတ္သက္ၿပီး
Instagram မွာ ပို႔စ္တစ္ခုတင္လိုက္ပါတယ္။
ဘာစီလိုနာသြင္းခဲ့တဲ့ ၄ ဂိုးကို ရည္ၫႊန္းတဲ့အေနနဲ႔ လက္ ၄ ေခ်ာင္းေထာင္ျပထားတဲ့
သူ႔ပုံနဲ႔အတူ ကိုယ့္ငါးခ်ဥ္ကိုယ္ခ်ဥ္ထားတဲ့စာကို ရွာကီရာက အခုလိုေရးထားတာပါ။
”ပီေကးက ဒီအေၾကာင္းအရာေတြကို လူသိရွင္ၾကားေျပာခြင့္မျပဳခဲ့ပါဘူး။
ဒါေပမဲ့ သူ႔ရဲ႕သူရသတၱိက ဒီလိုမ်ိဳးလည္း ကစားႏိုင္သလို နာက်င္ခံစားေနရရင္ေတာင္
ေတာင့္ခံေက်ာ္လႊားၿပီး သူ႔ရဲ႕အေကာင္းဆုံးကို အၿမဲေပးဆပ္တတ္တာပါ။
အဲဒါက သူဟာ ကြၽန္မေယာက်္ားျဖစ္ေနတာေၾကာင့္အျပင္
ကမာၻေပၚက အေကာင္းဆုံးဗဟိုေနာက္ခံလူျဖစ္ေနလို႔ပါ”လို႔
ရွာကီရာက Instagram မွာ ပို႔စ္တင္ခဲ့တာပါ။
ရွာကီရာဟာ ၿပီးခဲ့တဲ့အပတ္တုန္းကလည္း ပီေကးရဲ႕ဘာစီလိုနာကစားသမားဘ၀
ပြဲ ၆၀၀ ျပည့္အတြက္ ဆိုရွယ္မီဒီယာထက္ ပြဲခံခဲ့ပါေသးတယ္။
၄၅ ႏွစ္အ႐ြယ္ ရွာကီရာနဲ႔ ၃၅ ႏွစ္အ႐ြယ္ ရွာကီရာတို႔က ၂၀၁၁ အေစာပိုင္းကတည္းက
ဘဝတစ္ခု အတူတည္ေဆာက္ခဲ့ၾကၿပီး သားႏွစ္ေယာက္ ထြန္းကားထားပါတယ္။
ရွာကီရာနဲ႔ပီေကးတို႔ဟာ ေမြးေန႔တူၾကလို႔
တစ္ေယာက္နဲ႔တစ္ေယာက္ ၁၀ ႏွစ္တိတိကြာၾကတာပါ။