ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပြီး ပရော်ဖက်ရှင်နယ်ပီပီသသနဲ့လုပ်ဆောင်ပြခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးတစ်သင်းလုံးကတော့ ချီးကျူးစရာကောင်းတဲ့

စွမ်းဆောင်ရည်မျိုးပြသနေတယ်။

အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်နဲ့ပတ်သက်လို့ အသင်းအပေါ်

အမျိုးမျိုးသောပိတ်ဆို့မှုတွေ၊ ပြစ်ဒဏ်ချမှုတွေခံထားရပေမယ့်

နည်းပြနဲ့ကစားသမားတွေဟာ ကွင်းထဲမှာ ကိုယ်လုပ်စရာရှိတာကိုပဲ

အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပြီး

ပရော်ဖက်ရှင်နယ်ပီပီသသနဲ့လုပ်ဆောင်ပြနေတယ်။

အခု FA ဖလားကွာတားပွဲမှာ ပြီးခဲ့တဲ့အဆင့်တွေတုန်းက

မန်ချက်စတာယူနိုက်တက်၊ စပါးတို့ကိုဖြုတ်ချခဲ့ပြီး

ယုံကြည်မှုအပြည့်ရှိနေတဲ့မစ်ဒယ်ဘရော့အသင်းကို အဝေးကွင်းဖြစ်ပေမယ့်

ချယ်လ်ဆီးကစားသမားတွေ တည်တည်ငြိမ်ငြိမ်နဲ့ပဲရင်ဆိုင်ခဲ့သလို

အချိန်တန်ရင်နိုင်ပွဲရမယ်ဆိုတဲ့ပုံစံနဲ့ကစားသွားခဲ့တယ်။

ဒီအဆင့်အထိရောက်လာတဲ့ မစ်ဒယ်ဘရော့တို့ အိမ်ကွင်းမှာ

မထင်မှတ်တာတွေထပ်လုပ်ပြနိုင်မလားဆိုပြီးစောင့်ကြည့်ခဲ့ပေမယ့်

ကစားသမားတွေရဲ့အဆင့်အတန်းက အရမ်းကွာလွန်းပါတယ်။

ချယ်လ်ဆီးအသင်းမှာ မေဆင်မောင့်နဲ့ဇီယက်ချ်တို့ ညာခြမ်းကနေ

အကောင်းဆုံးကစားခဲ့ပြီး တိုက်စစ်ဆင်ရင်လည်း ညာခြမ်းကပဲ

အဓိကထားထိုးဖောက်ကစားခဲ့တယ်။ ဘယ်နောက်ခံလူမာလန်ဆားက

ခံစစ်ကောင်းပေမယ့် တိုက်စစ်ကို Overlap မလုပ်နိုင်သလို

ကိုဗာချစ်ကလည်း တိုက်စစ်လိုက်ပါမှုအားနည်းတာကြောင့်

ချယ်လ်ဆီးဘယ်ခြမ်းတိုက်စစ်က တော်တော်လေးသေနေတယ်။

နောက်ပြီး ပူလီဆစ်က Physical ပိုင်းမှာ အားနည်းချက်ရှိတဲ့အပြင်

တွန်းတွန်းတိုက်တိုက်ကစားနိုင်တဲ့ကစားသမားမျိုး မဟုတ်ပါဘူး။

မစ်ဒယ်ဘရော့မှာ အာဆင်နယ်ကအငှားနဲ့လာကစားနေတဲ့

တိုက်စစ်မှူးဘယ်လိုဂန်၊ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း

မက်နဲတို့လို ပရိသတ်နဲ့ရင်းနှီးပြီးသားကစားသမားတွေပါပြီး ကစားပုံမဆိုးပေမယ့်

တစ်ဦးချင်းအရည်အသွေးပိုင်းက အားရစရာမရှိဘဲ အခွင့်အရေးတွေရရင်

မိုးပေါ်ထောင်ကန်တာတော့ ဆိုးလွန်းပါတယ်။ ချယ်လ်ဆီးအသင်းအတွက်

အဖွင့်ဂိုးကို (၁၅)မိနစ်မှာ မေဆင်မောင့်ပေးတာကနေ လူကာကူက ပိတ်သွင်းခဲ့ပြီး

လူကာကူဟာ ပရီးမီးယားလိဂ်ဂိုးပေါက်ပျောက်နေပေမယ့် FA ဖလားပွဲမှာတော့

ဂိုးသွင်းခြေတွေ့နေတယ်လို့ပြောရမယ်။ ဒုတိယဂိုးက(၃၁)မိနစ်မှာ

ဇီယက်ချ်က သူ့ပုံစံအတိုင်း ညာခြမ်းကနေ အတွင်းကို Cut Inside လုပ်ပြီးတော့

ကန်ချက်ပြင်းပြင်းနဲ့သွင်းယူခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းကတည်းက နှစ်ဂိုးပြတ်သွားလို့ ချယ်လ်ဆီးဖိအားမရှိတော့ဘဲ

မစ်ဘယ်ဘရော့အသင်းကလည်း တိုက်စစ်ကစားပုံသိပ်မကောင်းတာကြောင့်

ဒီရလဒ်အတိုင်းပဲပွဲပြီးခဲ့ပြီး ချယ်လ်ဆီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုပွဲအပါအဝင် ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး

နောက်ဆုံး(၁၃)ပွဲမှာ လီဗာပူးလ်နဲ့လိဂ်ဖလားဗိုလ်လုပွဲသာ

ရှုံးနိမ့်ခဲ့သလို (၁၂)ပွဲအထိအနိုင်ရခဲ့တာဖြစ်ပါတယ်။

zawgyi

ကိုယ္လုပ္စရာရွိတာကိုပဲ အေကာင္းဆုံးျဖစ္ေအာင္ အာ႐ုံစိုက္ၿပီး ပေရာ္ဖက္ရွင္နယ္ပီပီသသနဲ႔လုပ္ေဆာင္ျပခဲ့တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးတစ္သင္းလုံးကေတာ့ ခ်ီးက်ဴးစရာေကာင္းတဲ့

စြမ္းေဆာင္ရည္မ်ိဳးျပသေနတယ္။

အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္နဲ႔ပတ္သက္လို႔ အသင္းအေပၚ

အမ်ိဳးမ်ိဳးေသာပိတ္ဆို႔မႈေတြ၊ ျပစ္ဒဏ္ခ်မႈေတြခံထားရေပမယ့္

နည္းျပနဲ႔ကစားသမားေတြဟာ ကြင္းထဲမွာ ကိုယ္လုပ္စရာရွိတာကိုပဲ

အေကာင္းဆုံးျဖစ္ေအာင္ အာ႐ုံစိုက္ၿပီး

ပေရာ္ဖက္ရွင္နယ္ပီပီသသနဲ႔လုပ္ေဆာင္ျပေနတယ္။

အခု FA ဖလားကြာတားပြဲမွာ ၿပီးခဲ့တဲ့အဆင့္ေတြတုန္းက

မန္ခ်က္စတာယူႏိုက္တက္၊ စပါးတို႔ကိုျဖဳတ္ခ်ခဲ့ၿပီး

ယုံၾကည္မႈအျပည့္ရွိေနတဲ့မစ္ဒယ္ဘေရာ့အသင္းကို အေဝးကြင္းျဖစ္ေပမယ့္

ခ်ယ္လ္ဆီးကစားသမားေတြ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲရင္ဆိုင္ခဲ့သလို

အခ်ိန္တန္ရင္ႏိုင္ပြဲရမယ္ဆိုတဲ့ပုံစံနဲ႔ကစားသြားခဲ့တယ္။

ဒီအဆင့္အထိေရာက္လာတဲ့ မစ္ဒယ္ဘေရာ့တို႔ အိမ္ကြင္းမွာ

မထင္မွတ္တာေတြထပ္လုပ္ျပႏိုင္မလားဆိုၿပီးေစာင့္ၾကည့္ခဲ့ေပမယ့္

ကစားသမားေတြရဲ႕အဆင့္အတန္းက အရမ္းကြာလြန္းပါတယ္။

ခ်ယ္လ္ဆီးအသင္းမွာ ေမဆင္ေမာင့္နဲ႔ဇီယက္ခ်္တို႔ ညာျခမ္းကေန

အေကာင္းဆုံးကစားခဲ့ၿပီး တိုက္စစ္ဆင္ရင္လည္း ညာျခမ္းကပဲ

အဓိကထားထိုးေဖာက္ကစားခဲ့တယ္။ ဘယ္ေနာက္ခံလူမာလန္ဆားက

ခံစစ္ေကာင္းေပမယ့္ တိုက္စစ္ကို Overlap မလုပ္ႏိုင္သလို

ကိုဗာခ်စ္ကလည္း တိုက္စစ္လိုက္ပါမႈအားနည္းတာေၾကာင့္

ခ်ယ္လ္ဆီးဘယ္ျခမ္းတိုက္စစ္က ေတာ္ေတာ္ေလးေသေနတယ္။

ေနာက္ၿပီး ပူလီဆစ္က Physical ပိုင္းမွာ အားနည္းခ်က္ရွိတဲ့အျပင္

တြန္းတြန္းတိုက္တိုက္ကစားႏိုင္တဲ့ကစားသမားမ်ိဳး မဟုတ္ပါဘူး။

မစ္ဒယ္ဘေရာ့မွာ အာဆင္နယ္ကအငွားနဲ႔လာကစားေနတဲ့

တိုက္စစ္မႉးဘယ္လိုဂန္၊ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း

မက္နဲတို႔လို ပရိသတ္နဲ႔ရင္းႏွီးၿပီးသားကစားသမားေတြပါၿပီး ကစားပုံမဆိုးေပမယ့္

တစ္ဦးခ်င္းအရည္အေသြးပိုင္းက အားရစရာမရွိဘဲ အခြင့္အေရးေတြရရင္

မိုးေပၚေထာင္ကန္တာေတာ့ ဆိုးလြန္းပါတယ္။ ခ်ယ္လ္ဆီးအသင္းအတြက္

အဖြင့္ဂိုးကို (၁၅)မိနစ္မွာ ေမဆင္ေမာင့္ေပးတာကေန လူကာကူက ပိတ္သြင္းခဲ့ၿပီး

လူကာကူဟာ ပရီးမီးယားလိဂ္ဂိုးေပါက္ေပ်ာက္ေနေပမယ့္ FA ဖလားပြဲမွာေတာ့

ဂိုးသြင္းေျခေတြ႕ေနတယ္လို႔ေျပာရမယ္။ ဒုတိယဂိုးက(၃၁)မိနစ္မွာ

ဇီယက္ခ်္က သူ႔ပုံစံအတိုင္း ညာျခမ္းကေန အတြင္းကို Cut Inside လုပ္ၿပီးေတာ့

ကန္ခ်က္ျပင္းျပင္းနဲ႔သြင္းယူခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းကတည္းက ႏွစ္ဂိုးျပတ္သြားလို႔ ခ်ယ္လ္ဆီးဖိအားမရွိေတာ့ဘဲ

မစ္ဘယ္ဘေရာ့အသင္းကလည္း တိုက္စစ္ကစားပုံသိပ္မေကာင္းတာေၾကာင့္

ဒီရလဒ္အတိုင္းပဲပြဲၿပီးခဲ့ၿပီး ခ်ယ္လ္ဆီး ဆီမီးဖိုင္နယ္တက္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ အခုပြဲအပါအဝင္ ၿပိဳင္ပြဲစုံ(၆)ပြဲဆက္တိုက္အႏိုင္ရခဲ့တာျဖစ္ၿပီး

ေနာက္ဆုံး(၁၃)ပြဲမွာ လီဗာပူးလ္နဲ႔လိဂ္ဖလားဗိုလ္လုပြဲသာ

ရႈံးနိမ့္ခဲ့သလို (၁၂)ပြဲအထိအႏိုင္ရခဲ့တာျဖစ္ပါတယ္။