ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်မယ့်နည်းလမ်းကောင်းတွေကို ခရစ္စတီယာနိုရော်နယ်ဒိုဝေမျှ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်ကျော့ပြန် မြင့်တက်လာချိန် သူကိုယ်တိုင်ပါ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုက ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် နေရောင်ခြည်ရဲ့အရေးပါပုံနဲ့ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတဲ့ ကျန်းမာရေးအကြံပေးချက်တွေကို အင်စတာဂရမ်ကတဆင့် သူ့ပရိသတ်တွေကို ဝေမျှခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ တူရင်မြို့က နေအိမ်မှာ ကွာရန်တင်းဝင်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ ပေမယ့် နေကောင်းကျန်းမာနေပါတယ်။ အသက် ၃၅နှစ်အရွယ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုက ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေအတွက် ထိတ်လန့်စရာမဟုတ်ပေမယ့် ပေါ့ပေါ့ဆဆတော့ နေလို့မရဘူးလို့လည်းဆိုပါတယ်။

ရော်နယ်ဒိုက “ကျွန်တော်တို့ကို နေရောင်ခြည်က အများကြီးအကျိုးပြုပါတယ်။ လူတွေသတိမထားမိကြပေမယ့် နေရောင်ခြည်ကနေကောင်းကျိုးပေးတာတွေ အများကြီးပါပဲ။ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း နေပူဆာလှုံလေ့ရှိပါတယ်။ တူရင်မှာဆိုရင် နေပူဆာလှုံဖို့ ပိုခက်ခဲပေမယ့်တစ်ရက်ကို မိနစ် ၂၀၊ ၃၀လောက်ကြာအောင် နေပူစာလှုံပါတယ်။လှေကားမှာနေပူဆာလှုံပြီးထိုင်ရတာကိုတော့ အကြိုက်ဆုံးပါပဲ။

ကျွန်တော့်အနေနဲ့ ဗီတာမင်စီနဲ့ ဗင်တာမီဒီ ကြွယ်ဝတာတွေကို များများ စားပါတယ်။ ဆီလီနီယမ်၊ အိုမီဂါ-၃နဲ့တခြားအစားအသောက်တွေကို သင့်တင့်လျောက်ပတ်အောင်စားပြီး အားကစားလေ့ကျင့်ခန်းတွေလုပ်နေပါတယ်။

လူတွေဟာလမ်းလျှောက်ရတာကို မကြိုက်ပေမယ့် လမ်းလျှောက်တာလေးကိုက ကျန်းမာရေးအတွက် အင်မတန် အရေးပါပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ ကောင်းကောင်းအိပ်စက်အနားယူတာပါပဲ။ အိပ်စက်အနားယူခြင်းကလည်း အကောင်းဆုံးဆေးတစ်လက်ပါပဲ။ လျှပ်စစ်မီးအားလုံးမှိတ်ပြီးအိပ်ပါ။ ကျွန်တော့်အနေနဲ့ ညတိုင်း ၈နာရီ၊ ၉ နာရီလောက် ကောင်းကောင်းအိပ်စက်အနားယူခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ညတွေမှာ ကောင်းကောင်းအိပ်စက်အနားယူခြင်းက အကောင်းဆုံးဆေးတစ်လက်ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစေဖို့ အစားကောင်းကောင်းစားပါ၊ အသီးအရွက်များများ သုံးဆောင်ပါ၊ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေများများစားပေးပါ၊ အချိုကိုမစားကြပါနဲ့”လို့ အင်စတာဂရမ်ကတဆင့် ပြောပါတယ်။

ရော်နယ်ဒိုဟာ လတ်တလောမှာ တူရင်မြို့နေအိမ်မှာ သူ့မိသားစုနဲ့အတူနေပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံထားရလို့ သူ့ကလေးတွေကို တွေ့ခွင့်မရတာက တော်တော်လေးခက်ခဲလွန်းတယ်လို့လည်း ရော်နယ်ဒိုက ပြောပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္မယ့္နည္းလမ္းေကာင္းေတြကို ခရစၥတီယာႏိုေရာ္နယ္ဒိုေ၀မွ်

ကမၻာတစ္လႊား ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္း တစ္ေက်ာ့ျပန္ ျမင့္တက္လာခ်ိန္ သူကိုယ္တိုင္ပါ ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုက ဗိုင္းရပ္စ္ကို တိုက္ထုတ္ဖို႔အတြက္ ေနေရာင္ျခည္ရဲ႕အေရးပါပံုနဲ႔ ဘယ္လိုစားေသာက္ေနထိုင္ရမလဲဆိုတဲ့ က်န္းမာေရးအႀကံေပးခ်က္ေတြကို အင္စတာဂရမ္ကတဆင့္ သူ႔ပရိသတ္ေတြကို ေ၀မွ်ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ တူရင္ၿမိဳ႕က ေနအိမ္မွာ ကြာရန္တင္း၀င္ေနၿပီး ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရ ေပမယ့္ ေနေကာင္းက်န္းမာေနပါတယ္။ အသက္ ၃၅ႏွစ္အရြယ္ရွိ ခရစၥတီယာႏိုေရာ္နယ္ဒိုက ကိုရိုနာဗိုင္းရပ္စ္ဟာ လူေတြအတြက္ ထိတ္လန္႔စရာမဟုတ္ေပမယ့္ ေပါ့ေပါ့ဆဆေတာ့ ေနလို႔မရဘူးလို႔လည္းဆိုပါတယ္။

ေရာ္နယ္ဒိုက “ကၽြန္ေတာ္တို႔ကို ေနေရာင္ျခည္က အမ်ားႀကီးအက်ိဳးျပဳပါတယ္။ လူေတြသတိမထားမိၾကေပမယ့္ ေနေရာင္ျခည္ကေနေကာင္းက်ိဳးေပးတာေတြ အမ်ားႀကီးပါပဲ။ကၽြန္ေတာ္ကေတာ့ အခြင့္အေရးရတိုင္း ေနပူဆာလႈံေလ့ရွိပါတယ္။ တူရင္မွာဆိုရင္ ေနပူဆာလႈံဖို႔ ပိုခက္ခဲေပမယ့္တစ္ရက္ကို မိနစ္ ၂၀၊ ၃၀ေလာက္ၾကာေအာင္ ေနပူစာလႈံပါတယ္။ေလွကားမွာေနပူဆာလႈံၿပီးထိုင္ရတာကိုေတာ့ အႀကိဳက္ဆံုးပါပဲ။ ကၽြန္ေတာ့္အေနနဲ႔ ဗီတာမင္စီနဲ႔ ဗင္တာမီဒီ ၾကြယ္၀တာေတြကို မ်ားမ်ား စားပါတယ္။ ဆီလီနီယမ္၊ အိုမီဂါ-၃နဲ႔တျခားအစားအေသာက္ေတြကို သင့္တင့္ေလ်ာက္ပတ္ေအာင္စားၿပီး အားကစားေလ့က်င့္ခန္းေတြလုပ္ေနပါတယ္။

လူေတြဟာလမ္းေလွ်ာက္ရတာကို မႀကိဳက္ေပမယ့္ လမ္းေလွ်ာက္တာေလးကိုက က်န္းမာေရးအတြက္ အင္မတန္ အေရးပါပါတယ္။ ေနာက္ထပ္အေရးႀကီးတာကေတာ့ ေကာင္းေကာင္းအိပ္စက္အနားယူတာပါပဲ။ အိပ္စက္အနားယူျခင္းကလည္း အေကာင္းဆံုးေဆးတစ္လက္ပါပဲ။ လွ်ပ္စစ္မီးအားလံုးမွိတ္ၿပီးအိပ္ပါ။ ကၽြန္ေတာ့္အေနနဲ႔ ညတိုင္း ၈နာရီ၊ ၉ နာရီေလာက္ ေကာင္းေကာင္းအိပ္စက္အနားယူခြင့္ရတဲ့အတြက္ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။

ညေတြမွာ ေကာင္းေကာင္းအိပ္စက္အနားယူျခင္းက အေကာင္းဆံုးေဆးတစ္လက္ျဖစ္ပါတယ္။ ကိုယ္ခံအားစနစ္ေကာင္းေစဖို႔ အစားေကာင္းေကာင္းစားပါ၊ အသီးအရြက္မ်ားမ်ား သံုးေဆာင္ပါ၊ အစိမ္းေရာင္ရွိတဲ့ဟင္းသီးဟင္းရြက္ေတြမ်ားမ်ားစားေပးပါ၊ အခ်ိဳကိုမစားၾကပါနဲ႔”လို႔ အင္စတာဂရမ္ကတဆင့္ ေျပာပါတယ္။

ေရာ္နယ္ဒိုဟာ လတ္တေလာမွာ တူရင္ၿမိဳ႕ေနအိမ္မွာ သူ႔မိသားစုနဲ႔အတူေနေပမယ့္ ဗိုင္းရပ္စ္ကူးစက္ခံထားရလို႔ သူ႔ကေလးေတြကို ေတြ႔ခြင့္မရတာက ေတာ္ေတာ္ေလးခက္ခဲလြန္းတယ္လို႔လည္း ေရာ္နယ္ဒိုက ေျပာျပခဲ့ပါတယ္။