
ဘာစီလိုနာနှင့်ရော်နယ်ကိုးမန်းတို့ဟာလျော်ကြေးနှင့်ပတ်သက်ပြီးဆွေးနွေးမှု
အဆင်မပြေဖြစ်နေတုန်းဖြစ်ပါတယ်။
ဘဏ္ဍာရေးပြဿနာများနှင့်ကြုံနေတဲ့ဘာစီလိုနာဟာကိုးမန်းကိုနစ်နာကြေး
ယူရို၇.၅သန်းပေးရန်ကမ်းလှမ်းထားပြီးယင်းငွေများကိုလည်းနှစ်ကြိမ်ခွဲပေးရန်
ကမ်းလှမ်းထားပါတယ်။ဒါပေမယ့်ဘာစီလိုနာနည်းပြဟောင်းကိုးမန်းကတော့
သူရရှိမယ့်လျော်ကြေးယူရို၁၂သန်းနှင့်အပိုဆုကြေးတို့ကို အတိအကျရရှိလိုနေပါတယ်။
ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်မှစတင်ကာရော်နယ်ကိုးမန်းအား နစ်နာကြေ
းပေးရေးအတွက်ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာဟာငွေကြေး
ပြဿနာများရှိနေမှုနဲ့အတူဂန္ထဝင်ကစားသမားအား နစ်နာကြေးလျှော့ယူစေလိုနေပါတယ်။
ဒါပေမယ့်ကိုးမန်းကတော့သူရရှိမယ့်လျော်ကြေးအားလုံးကိုအတိအကျရရှိလိုနေပါတယ်။
တစ်ဖက်တွင်ကိုးမန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကိုဗစ်ကြောင်းလုပ်ခရဲ့
၄၅ရာခိုင်နှုန်းကိုဘာစီလိုနာထံမှရရန်ရှိနေပါသေးတယ်။
ကိုးမန်းဟာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့တုန်းကဗယ်လီကာနိုအား၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်
ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ဘာစီလိုနာဟာကိုးမန်းမတိုင်မီခန့်အပ်ခဲ့တဲ့
ကွီကွီဆီတိန်းကိုလည်းလျော်ကြေးပေးနေရဆဲဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ဘာစီလိုနာနည်းပြသစ်ဖြစ်လာရန်ဂန္ထဝင်ကစားသမားဇာဗီးက
ရေပန်းစားနေပါတယ်။ဘာစီလိုနာဟာဇာဗီးကိုခန့်အပ်နိုင်ရေးအတွက်သူ့ရဲ့အယ်ဆတ်နှင့်
စာချုပ်အားဖျက်သိမ်းနိုင်ရေး ကာတာကလပ်နှင့်ဆွေးနွေးနေပါတယ်။ဘာစီလိုနာဟာ
ယခုရက်ပိုင်းအတွင်းမှာဇာဗီးကိုနည်းပြသစ်အဖြစ်ခန့်အပ်လာဖို့ရှိပါတယ်။
Zawgyi
ဘာစီလိုနာႏွင့္ေရာ္နယ္ကိုးမန္းတို႔ဟာေလ်ာ္ေၾကးႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈ
အဆင္မေျပျဖစ္ေနတုန္းျဖစ္ပါတယ္။
ဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေနတဲ့ဘာစီလိုနာဟာကိုးမန္းကိုနစ္နာေၾကး
ယူ႐ို၇.၅သန္းေပးရန္ကမ္းလွမ္းထားၿပီးယင္းေငြမ်ားကိုလည္းႏွစ္ႀကိမ္ခြဲေပးရန္
ကမ္းလွမ္းထားပါတယ္။ဒါေပမယ့္ဘာစီလိုနာနည္းျပေဟာင္းကိုးမန္းကေတာ့
သူရရွိမယ့္ေလ်ာ္ေၾကးယူ႐ို၁၂သန္းႏွင့္အပိုဆုေၾကးတို႔ကို အတိအက်ရရွိလိုေနပါတယ္။
ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္မွစတင္ကာေရာ္နယ္ကိုးမန္းအား နစ္နာေၾက
းေပးေရးအတြက္ေဆြးေႏြးလာခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာဟာေငြေၾကး
ျပႆနာမ်ားရွိေနမႈနဲ႔အတူဂႏၴဝင္ကစားသမားအား နစ္နာေၾကးေလွ်ာ့ယူေစလိုေနပါတယ္။
ဒါေပမယ့္ကိုးမန္းကေတာ့သူရရွိမယ့္ေလ်ာ္ေၾကးအားလုံးကိုအတိအက်ရရွိလိုေနပါတယ္။
တစ္ဖက္တြင္ကိုးမန္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကကိုဗစ္ေၾကာင္းလုပ္ခရဲ႕
၄၅ရာခိုင္ႏႈန္းကိုဘာစီလိုနာထံမွရရန္ရွိေနပါေသးတယ္။
ကိုးမန္းဟာၿပီးခဲ့တဲ့အပတ္ဗုဒၶဟူးေန႔တုန္းကဗယ္လီကာႏိုအား၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္
ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ဘာစီလိုနာဟာကိုးမန္းမတိုင္မီခန႔္အပ္ခဲ့တဲ့
ကြီကြီဆီတိန္းကိုလည္းေလ်ာ္ေၾကးေပးေနရဆဲျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ဘာစီလိုနာနည္းျပသစ္ျဖစ္လာရန္ဂႏၴဝင္ကစားသမားဇာဗီးက
ေရပန္းစားေနပါတယ္။ဘာစီလိုနာဟာဇာဗီးကိုခန႔္အပ္ႏိုင္ေရးအတြက္သူ႔ရဲ႕အယ္ဆတ္ႏွင့္
စာခ်ဳပ္အားဖ်က္သိမ္းႏိုင္ေရး ကာတာကလပ္ႏွင့္ေဆြးေႏြးေနပါတယ္။ဘာစီလိုနာဟာ
ယခုရက္ပိုင္းအတြင္းမွာဇာဗီးကိုနည္းျပသစ္အျဖစ္ခန႔္အပ္လာဖို႔ရွိပါတယ္။