ကိုးမန်း တစ်ယောက် ပထမဆုံး ဆုဖလားကို မက်ဆီနဲ့ ရယူနိုင်မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီတစ်ယောက် အသင်းက မထွက်ရေးဟာ ဘာကာတို့အတွက်တော့ တာဝန်ကြီး တစ်ခုဖြစ်နေပါတယ်။ အခုချိန်မှာတော့ ရတဲ့နည်းမှန်သမျှနဲ့ သိမ်းသွင်းနေရတာပါပဲ။ ဘာစီလိုနာအသင်းရဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲမှာ အဓိတိုက်စစ်မှူး မက်ဆီ ပါဝင်လာနိုင်ဖို့ ရှိတယ်လို့ သိရပြီး အဲဒါဟာ နည်းပြကိုးမန်းအတွက် ဘာကာနည်းပြဘဝ မှာ ပထမဆုံးဆုဖလားကိုင်မြောက်နိုင်မယ့်အခွင့်အရေးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းတိုက်စစ်မှုး မက်ဆီ ဟာ ဆိုစီဒက် အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ကြံခိုင်မှုအပြည့်နဲ့ ပါဝင်မှာဖြစ်တယ်လို့ နည်းပြ ရော်နယ်လ်ကိုးမန်း က ပြောထားတာပါ။ ဒီနေ့ည ဆိုစီဒက်စ်နဲ့ ကစားမယ့် ဘာကာရဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ဟာ ကိုးမန်းရဲ့ ပထမဆုံး ဆီမ်ီးဖိုင်နယ်ပွဲစဉ်လည်း ဖြစ်ပါတယ်။ နောက်ထပ် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘီဘာအိုတို့ ကစားကြမှာ ဖြစ်ပါတယ်။

ရော်နယ်လ်ကိုးမန်း က ” အသင်းမှာ ဒဏ်ရာပြဿနာရှိနေတဲ့ ကစားသမားတွေအများကြီးရှိပါတယ်။မက်ဆီလည်းပါပါတယ်။ အဲ‌ဒါကြောင့်လည်း ဂရန်နာဒါနဲ့ ပွဲမှာ သူ့ကို လူစားလဲခဲ့ရတာပါ။ဒီနေ့ညပွဲမှာတော့ လူတိုင်းပါဝင်နိုင်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ အကောင်းဆုံးကစားပြီး နောက်တစ်ဆင့်တက်နိုင်အောင် ကြိုးစားမှာပါ။” “ဒီဆုဖလား ဟာ အရေးကြီးတဲ့ ဆုဖလားမဟုတ်ပေမယ့် ဒီဆုဖလားရခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ယုံကြည်မှုတွေ ပိုတိုးလာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။မက်ဆီဟာ ဂရန်နာဒါနဲ့ ပွဲမှာ သက်တောင့်သက်သာ မရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါမှာ အဆင့် ၃နေရာမှာ ရပ်တည်နေပြီး၊ ဒီဇင်ဘာ ၈ရက်နေ့က ဂျုဗင်တပ်စ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံမှာ ၈ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ကစားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး မက်ဆီကလည်း နောက်ဆုံးကစားတဲ့ လာလီဂါ ပွဲစဉ် ၇ပွဲမှာ သွင်းဂိုး ၇ဂိုးသွင်း၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်မလား၊ နည်းပြကိုးမန်းတစ်ယောက် ဘာစီလိုနာ နည်းပြဘဝမှာ အောင်မြင်မှုတွေကို စတင်ရှာဖွေနိုင်မလား၊ မက်ဆီတစ်ယောက်ရော အသင်းအတွက် ဘယ်လောက်အထိ စွန့်လွှတ် အနစ်နာခံ ကစားပေးအုံးမှာလဲ။ မကြာမီ အဖြေတွေ သိရပါတော့မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီတစ္ေယာက္ အသင္းက မထြက္ေရးဟာ ဘာကာတို႔အတြက္ေတာ့ တာဝန္ႀကီး တစ္ခုျဖစ္ေနပါတယ္။ အခုခ်ိန္မွာေတာ့ ရတဲ့နည္းမွန္သမွ်နဲ႔ သိမ္းသြင္းေနရတာပါပဲ။ ဘာစီလိုနာအသင္းရဲ႕ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ပြဲမွာ အဓိတိုက္စစ္မႉး မက္ဆီ ပါဝင္လာႏိုင္ဖို႔ ရွိတယ္လို႔ သိရၿပီး အဲဒါဟာ နည္းျပကိုးမန္းအတြက္ ဘာကာနည္းျပဘဝ မွာ ပထမဆုံးဆုဖလားကိုင္ေျမာက္ႏိုင္မယ့္အခြင့္အေရးလည္း ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းတိုက္စစ္မႈး မက္ဆီ ဟာ ဆိုစီဒက္ အသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မွာ ႀကံခိုင္မႈအျပည့္နဲ႔ ပါဝင္မွာျဖစ္တယ္လို႔ နည္းျပ ေရာ္နယ္လ္ကိုးမန္း က ေျပာထားတာပါ။ ဒီေန႔ည ဆိုစီဒက္စ္နဲ႔ ကစားမယ့္ ဘာကာရဲ႕ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ဟာ ကိုးမန္းရဲ႕ ပထမဆုံး ဆီမ္ီးဖိုင္နယ္ပြဲစဥ္လည္း ျဖစ္ပါတယ္။ ေနာက္ထပ္ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ တစ္ပြဲမွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘီဘာအိုတို႔ ကစားၾကမွာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ကိုးမန္း က ” အသင္းမွာ ဒဏ္ရာျပႆနာရွိေနတဲ့ ကစားသမားေတြအမ်ားႀကီးရွိပါတယ္။မက္ဆီလည္းပါပါတယ္။ အဲ‌ဒါေၾကာင့္လည္း ဂရန္နာဒါနဲ႔ ပြဲမွာ သူ႔ကို လူစားလဲခဲ့ရတာပါ။ဒီေန႔ညပြဲမွာေတာ့ လူတိုင္းပါဝင္ႏိုင္မယ္လို႔ထင္ပါတယ္။ကြၽန္ေတာ္တို႔ အေကာင္းဆုံးကစားၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ေအာင္ ႀကိဳးစားမွာပါ။” “ဒီဆုဖလား ဟာ အေရးႀကီးတဲ့ ဆုဖလားမဟုတ္ေပမယ့္ ဒီဆုဖလားရခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔အတြက္ ယုံၾကည္မႈေတြ ပိုတိုးလာမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။မက္ဆီဟာ ဂရန္နာဒါနဲ႔ ပြဲမွာ သက္ေတာင့္သက္သာ မရွိခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာဟာ လာလီဂါမွာ အဆင့္ ၃ေနရာမွာ ရပ္တည္ေနၿပီး၊ ဒီဇင္ဘာ ၈ရက္ေန႔က ဂ်ဳဗင္တပ္စ္ကို ရႈံးနိမ့္ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံမွာ ၈ပြဲဆက္တိုက္ ရႈံးပြဲမရွိဘဲ ကစားႏိုင္ခဲ့ပါတယ္။ တိုက္စစ္မႉး မက္ဆီကလည္း ေနာက္ဆုံးကစားတဲ့ လာလီဂါ ပြဲစဥ္ ၇ပြဲမွာ သြင္းဂိုး ၇ဂိုးသြင္း၊ ၂ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာ အသင္း ဗိုလ္လုပြဲကို တက္​ေရာက္ႏိုင္မလား၊ နည္းျပကိုးမန္းတစ္​ေယာက္ ဘာစီလိုနာ နည္းျပဘ၀မွာ ​ေအာင္ျမင္မႈ​ေတြကို စတင္ရွာ​ေဖြႏိုင္မလား၊ မက္ဆီတစ္​ေယာက္​ေရာ အသင္းအတြက္ ဘယ္​ေလာက္အထိ စြန္႔လႊတ္ အနစ္နာခံ ကစား​ေပးအုံးမွာလဲ။ မၾကာမီ အ​ေျဖ​ေတြ သိရပါ​ေတာ့မယ္။