ကို ဗ စ် ပ ို း တွေ့မှု စံချိန်တင်ပြီးနောက် ပရီးမီးယားလိဂ်ကို ရပ်တန့်ဦးမှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကိုဗစ်ပိုးရှိမရှိ နောက်ဆုံးဆေးစစ်မှုအတွင်း ပေါ့စတစ်ဖြစ်သူ ၁၈ ယောက်အထိတွေ့ ခဲ့လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ ပြိုင်ပွဲကိုထပ်မံရပ်ဆိုင်းနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

နယူးကာဆယ်အသင်းဆိုရင် အခုလအစောပိုင်းမှာ ကိုဗစ်ပိုးပျံနှံခဲ့မှုကြောင့် သူတို့ရဲ့လေ့ကျင့်ရေးကွင်းကို ပိတ်ခဲ့ရတဲ့အထိဖြစ်ခဲ့သလို မန်စီးတီးအသင်းမှာ ကိုဗစ်ပိုးပျံနှံနေမှုကြောင့် မနေ့ညက အဲဗာတန်နဲ့ ကစားရမယ့်ပွဲကိုရွှေ့ဆိုင်းလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အခုနောက်ဆုံးပိုးတွေ့ခဲ့တဲ့သူကတော့ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ဖြစ်ပြီး လက်ရှိမှာ ဗြိတိန်အစိုးရရဲ့ညွှန်ကြားချက်တွေအတိုင်း နေထိုင်နေရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် စတင်ပြီးနောက် သီတင်ပတ်တိုင်း ကိုဗစ်ပေါ့စတစ် ဖြစ်မဖြစ်စစ်ဆေးလာခဲ့ရာမှာ ပွဲစဉ် ၁၇ ပြီးချိန်စစ်ဆေးမှုက အများဆုံးဖြစ်ခဲ့ပြီး ၁၈ ဦးအထိရှိခဲ့တာပါ။

ပွဲစဉ် ၁ အတွက် ၁၆၀၅ ဦးကိုစစ်တာ ၃ ဦး၊ ပွဲစဉ် ၂ အတွက် ၂၁၃၁ ကိုစစ်ရာမှာ ၄ ဦး၊ ပွဲစဉ် ၃ အတွက် ၁၅၇၄ ဦးကိုစစ်တာ ၃ ဦး၊

ပွဲစဉ် ၄ အတွက် ၁၅၉၅ ကိုစစ်တာ၁၀ ဦး၊ ပွဲစဉ် ၅ အတွက် ၁၅၈၇ ကိုစစ်တာ ၉ ဦး၊ ပွဲစဉ် ၆ အတွက် ၁၁၂၈ ဦးစစ်ရာမှာ ၅ ဦး၊

ပွဲစဉ် ၇ အတွက် ၁၅၇၅ ဦးစစ်ရာမှာ ၈ ဦး၊ ပွဲစဉ် ၈ အတွက် ၁၆၀၉ စစ်ရာမှာ ၂ ဦး၊ ပွဲစဉ် ၉အတွက် ၁၄၄၆ စစ်ရာမှာ ၄ ဦး၊

ပွဲစဉ် ၁၀ အတွက် ၁၆၄၆ စစ်ရာမှာ ၄ ဦး၊ ပွဲစဉ် ၁၁ အတွက် ၁၂၀၇ စစ်ရာမှာ ၁၆ ဦး၊ ပွဲစဉ် ၁၂ အတွက် ၁၅၃၀ စစ်ရာမှာ

၈ ဦး၊

ပွဲစဉ် ၁၃ အတွက် ၁၃၈၁ စစ်ရာမှာ ၁၀ ဦး၊ ပွဲစဉ် ၁၄ အတွက် ၁၄၈၃ စစ်ရာမှာ ၁၄ ဦး၊ ပွဲစဉ် ၁၅ အတွက် ၁၅၄၉ ဦးစစ်ရာမှာ ၆ ဦး၊

ပွဲစဉ် ၁၆ အတွက် ၁၅၆၉ ဦးစစ်ရာမှာ ၇ ဦး၊ ပွဲစဉ် ၁၇အတွက် ၁၄၇၉ စစ်ရာမှာ ၁၈ ဦးတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အခုလို ဒီရာသီမှာ စံချိန်တင်အဖြစ် ကိုဗစ် ပိုးတွေ့ရှိမှုကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ထပ်မံရပ်တန့်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။ ဒါပေမယ့် လက်ရှိ ဗြိတိန်မှာ ကိုဗစ်ကာ ကွယ်ဆေးတွေကို စတင်ထိုးနှံနေပြီဖြစ်လို့ ပြိုင်ပွဲကိုရပ်တန့်ဖို့တော့မရှိ ဘူးလို့လည်း ဆိုနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကို ဗ စ္ ပ ို း ေတြ႕မႈ စံခ်ိန္တင္ၿပီးေနာက္ ပရီးမီးယားလိဂ္ကို ရပ္တန႔္ဦးမွာလား

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ကိုဗစ္ပိုးရွိမရွိ ေနာက္ဆုံးေဆးစစ္မႈအတြင္း ေပါ့စတစ္ျဖစ္သူ ၁၈ ေယာက္အထိေတြ႕ ခဲ့လို႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္အေနနဲ႔ ၿပိဳင္ပြဲကိုထပ္မံရပ္ဆိုင္းႏိုင္ဖြယ္ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ နယူးကာဆယ္အသင္းဆိုရင္ အခုလအေစာပိုင္းမွာ ကိုဗစ္ပိုးပ်ံႏွံခဲ့မႈေၾကာင့္ သူတို႔ရဲ႕ေလ့က်င့္ေရးကြင္းကို ပိတ္ခဲ့ရတဲ့အထိျဖစ္ခဲ့သလို မန္စီးတီးအသင္းမွာ ကိုဗစ္ပိုးပ်ံႏွံေနမႈေၾကာင့္ မေန႔ညက အဲဗာတန္နဲ႔ ကစားရမယ့္ပြဲကိုေ႐ႊ႕ဆိုင္းလိုက္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ အခုေနာက္ဆုံးပိုးေတြ႕ခဲ့တဲ့သူကေတာ့ အာဆင္နယ္ေနာက္ခံလူ ဂါဘရီရယ္ျဖစ္ၿပီး လက္ရွိမွာ ၿဗိတိန္အစိုးရရဲ႕ၫႊန္ၾကားခ်က္ေတြအတိုင္း ေနထိုင္ေနရပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ စတင္ၿပီးေနာက္ သီတင္ပတ္တိုင္း ကိုဗစ္ေပါ့စတစ္ ျဖစ္မျဖစ္စစ္ေဆးလာခဲ့ရာမွာ ပြဲစဥ္ ၁၇ ၿပီးခ်ိန္စစ္ေဆးမႈက အမ်ားဆုံးျဖစ္ခဲ့ၿပီး ၁၈ ဦးအထိရွိခဲ့တာပါ။

ပြဲစဥ္ ၁ အတြက္ ၁၆၀၅ ဦးကိုစစ္တာ ၃ ဦး၊ ပြဲစဥ္ ၂ အတြက္ ၂၁၃၁ ကိုစစ္ရာမွာ ၄ ဦး၊ ပြဲစဥ္ ၃ အတြက္ ၁၅၇၄ ဦးကိုစစ္တာ ၃ ဦး၊ ပြဲစဥ္ ၄ အတြက္ ၁၅၉၅ ကိုစစ္တာ၁၀ ဦး၊ ပြဲစဥ္ ၅ အတြက္ ၁၅၈၇ ကိုစစ္တာ ၉ ဦး၊ ပြဲစဥ္ ၆ အတြက္ ၁၁၂၈ ဦးစစ္ရာမွာ ၅ ဦး၊ ပြဲစဥ္ ၇ အတြက္ ၁၅၇၅ ဦးစစ္ရာမွာ ၈ ဦး၊ ပြဲစဥ္ ၈ အတြက္ ၁၆၀၉ စစ္ရာမွာ ၂ ဦး၊ ပြဲစဥ္ ၉အတြက္ ၁၄၄၆ စစ္ရာမွာ ၄ ဦး၊

ပြဲစဥ္ ၁၀ အတြက္ ၁၆၄၆ စစ္ရာမွာ ၄ ဦး၊ ပြဲစဥ္ ၁၁ အတြက္ ၁၂၀၇ စစ္ရာမွာ ၁၆ ဦး၊ ပြဲစဥ္ ၁၂ အတြက္ ၁၅၃၀ စစ္ရာမွာ ၈ ဦး၊ ပြဲစဥ္ ၁၃ အတြက္ ၁၃၈၁ စစ္ရာမွာ ၁၀ ဦး၊ ပြဲစဥ္ ၁၄ အတြက္ ၁၄၈၃ စစ္ရာမွာ ၁၄ ဦး၊ ပြဲစဥ္ ၁၅ အတြက္ ၁၅၄၉ ဦးစစ္ရာမွာ ၆ ဦး၊ ပြဲစဥ္ ၁၆ အတြက္ ၁၅၆၉ ဦးစစ္ရာမွာ ၇ ဦး၊ ပြဲစဥ္ ၁၇အတြက္ ၁၄၇၉ စစ္ရာမွာ ၁၈ ဦးေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အခုလို ဒီရာသီမွာ စံခ်ိန္တင္အျဖစ္ ကိုဗစ္ ပိုးေတြ႕ရွိမႈေၾကာင့္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲကို ထပ္မံရပ္တန႔္ႏိုင္တယ္လို႔ သုံးသပ္ေနၾကတာပါ။ ဒါေပမယ့္ လက္ရွိ ၿဗိတိန္မွာ ကိုဗစ္ကာ ကြယ္ေဆးေတြကို စတင္ထိုးႏွံေနၿပီျဖစ္လို႔ ၿပိဳင္ပြဲကိုရပ္တန႔္ဖို႔ေတာ့မရွိ ဘူးလို႔လည္း ဆိုေနၾကပါတယ္။