ကီလီဝေါ်လ်ကာ၊ ဂျီးဆပ်နဲ့ မန်စီးတီးနည်းပြအဖွဲ့ဝင်နှစ်ဦးထံမှာ ကိုဗစ်ပိုးတွေ့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်း ကစားသမားတွေဖြစ်တဲ့ ကီလီဝေါ်လ်ကာနဲ့ ဂျီးဆပ်တို့အပြင် အသင်းရဲ့နည်းပြအဖွဲ့ဝင်နှစ်ဦးထံမှာလည်း ကိုဗစ် ပိုးတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ အာဆင်နယ်ကို ၁-၄ နဲ့အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲအပြီး ဆေးစစ်ရာမှာ ၄ ဦးမှာကိုဗစ်ပိုးတွေ့ခဲ့ရတာဖြစ်တယ်လို့ မန်စီးတီးက အတည်ပြုသွားတာဖြစ်ပါတယ်။

ဒါကြောင့် သူတို့ဟာ နယူးကာဆယ်နဲ့ ကစားရမယ့်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ မန်စီးတီးကကြေညာချက်ထုတ်ပြန်ရာမှာ ” အခုကိုဗစ်ပိုးတွေ့ရတဲ့သူအားလုံး ပရီးမီးယားလိဂ်နဲ့ ဗြိတိန်အစိုးရတို့ ချမှတ်ထားတဲ့လမ်းညွှန်ချက်တွေအတိုင်း သီးသန့်နေထိုင်ရမှာဖြစ်ပါတယ်။

ကလပ်မှာရှိတဲ့သူတိုင်းက သူတို့ရဲ့ကစားဖော်‌တွေကို ခရစ္စမတ်ကာလမှာ အမြန်ဆုံးပြန်‌ကောင်းပြီး အလုပ်ခွင်ပြန်ဝင်ကာ လေ့ကျင့်ခန်းတွေနဲ့ ပြိုင်ပွဲတွေယှဉ်ပြိုင်နိုင်ဖို့ ဆုတောင်းနေကြပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဝေါ်လ်ကာရော ဂျီးဆပ်ပါ အာဆင်နယ်နဲ့ပွဲမှာပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဂျီးဆပ်ဟာပွဲစကတည်းက ပါခဲ့တာဖြစ်ပြီး ၃ မိနစ်အကြာမှာ အဖွင့်ဂိုးသွင်းပေးခဲ့သူပါ။

ဝေါ်လ်ကာကတော့ နောက်ပိုင်းမှလူစားဝင်ခဲ့ရတာပါ။

မန်စီးတီးဟာ မနက်ဖြန် Boxing Day မှာနယူးကာဆယ်နဲ့ ကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းအရ ကိုဗစ်ပေါ့စတစ်ဖြစ်တဲ့သူတွေဟာ အနည်းဆုံး ၁၀ ရက်ကြာသီးသန့်နေထိုင်ရမှာဖြစ်လို့ နှစ်ဦးစလုံးဟာ ဇန်နဝါရီ ၄ ရက် ထိအောင် ကစားနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် သူတို့နှစ်ဦးဟာ အဲဗာတန်၊ ချဲလ်ဆီးတို့နဲ့ ကစားရမယ့် အရေးပါတဲ့ ပွဲတွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

မန်စီးတီးဟာ တိုက်စစ်ပိုင်းရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး အဂူရို ကြံ့ခိုင်မှုမပြည့်ချိန်မှာ ဂျီးဆပ်အနားယူရတာဟာ နည်းပြဂွာဒီယိုလာကို ခေါင်းခဲစေတော့မယ်လို့လည်း သုံးသပ်နေကြပါတယ်။

ဗြိတိန်မှာ မျိုးရိုးဗီဇကွဲတဲ့ ကိုဗစ်ပိုးပျံ့နှံ့မှုများနေချိန်မှာ ပရီးမီးယားလိဂ်မှာလည်း ဒီဇင်ဘာ ၁၄ နဲ့ ၂၀ အတွင်းပိုးတွေ့ရှိသူ ၇ ယောက်ရှိလာလို့ စိုးရိမ်မှုတွေရှိနေကြောင်း သိရပါတယ်။ ဒီလိုဗီဇကွဲ ကိုဗစ်ပိုးကြောင့် အင်္ဂလန်ဒေသအချို့မှာ အပြင်းထန်ဆုံးလော့ခ်ဒေါင်းဖြစ်တဲ့ Tier 4 ချမှတ်ထားပြီး အဲဒီဒေသခံကလပ်တွေအနေနဲ့လည်း သူတို့ရဲ့ကစားသမားတွေကို တစ်ပတ် ၂ ကြိမ်ဆေးစစ်ဖို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ညွန်ကြားထားပြီးဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကီလီေဝၚလ္ကာ၊ ဂ်ီးဆပ္နဲ႔ မန္စီးတီးနည္းျပအဖြဲ႕ဝင္ႏွစ္ဦးထံမွာ ကိုဗစ္ပိုးေတြ႕ရွိ

မန္စီးတီးအသင္း ကစားသမားေတြျဖစ္တဲ့ ကီလီေဝၚလ္ကာနဲ႔ ဂ်ီးဆပ္တို႔အျပင္ အသင္းရဲ႕နည္းျပအဖြဲ႕ဝင္ႏွစ္ဦးထံမွာလည္း ကိုဗစ္ ပိုးေတြ႕ရွိခဲ့ရေၾကာင္း သိရပါတယ္။ အာဆင္နယ္ကို ၁-၄ နဲ႔အႏိုင္ရခဲ့တဲ့ လိဂ္ဖလားပြဲအၿပီး ေဆးစစ္ရာမွာ ၄ ဦးမွာကိုဗစ္ပိုးေတြ႕ခဲ့ရတာျဖစ္တယ္လို႔ မန္စီးတီးက အတည္ျပဳသြားတာျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ နယူးကာဆယ္နဲ႔ ကစားရမယ့္ပြဲမွာ ပါဝင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ မန္စီးတီးကေၾကညာခ်က္ထုတ္ျပန္ရာမွာ ” အခုကိုဗစ္ပိုးေတြ႕ရတဲ့သူအားလုံး ပရီးမီးယားလိဂ္နဲ႔ ၿဗိတိန္အစိုးရတို႔ ခ်မွတ္ထားတဲ့လမ္းၫႊန္ခ်က္ေတြအတိုင္း သီးသန႔္ေနထိုင္ရမွာျဖစ္ပါတယ္။

ကလပ္မွာရွိတဲ့သူတိုင္းက သူတို႔ရဲ႕ကစားေဖာ္‌ေတြကို ခရစၥမတ္ကာလမွာ အျမန္ဆုံးျပန္‌ေကာင္းၿပီး အလုပ္ခြင္ျပန္ဝင္ကာ ေလ့က်င့္ခန္းေတြနဲ႔ ၿပိဳင္ပြဲေတြယွဥ္ၿပိဳင္ႏိုင္ဖို႔ ဆုေတာင္းေနၾကပါတယ္” လို႔ ေဖာ္ျပခဲ့ပါတယ္။ ေဝၚလ္ကာေရာ ဂ်ီးဆပ္ပါ အာဆင္နယ္နဲ႔ပြဲမွာပါဝင္ခဲ့ၾကသူေတြျဖစ္ပါတယ္။ ဂ်ီးဆပ္ဟာပြဲစကတည္းက ပါခဲ့တာျဖစ္ၿပီး ၃ မိနစ္အၾကာမွာ အဖြင့္ဂိုးသြင္းေပးခဲ့သူပါ။ ေဝၚလ္ကာကေတာ့ ေနာက္ပိုင္းမွလူစားဝင္ခဲ့ရတာပါ။

မန္စီးတီးဟာ မနက္ျဖန္ Boxing Day မွာနယူးကာဆယ္နဲ႔ ကစားရမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕စည္းမ်ဥ္းအရ ကိုဗစ္ေပါ့စတစ္ျဖစ္တဲ့သူေတြဟာ အနည္းဆုံး ၁၀ ရက္ၾကာသီးသန႔္ေနထိုင္ရမွာျဖစ္လို႔ ႏွစ္ဦးစလုံးဟာ ဇန္နဝါရီ ၄ ရက္ ထိေအာင္ ကစားႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သူတို႔ႏွစ္ဦးဟာ အဲဗာတန္၊ ခ်ဲလ္ဆီးတို႔နဲ႔ ကစားရမယ့္ အေရးပါတဲ့ ပြဲေတြကိုလည္း လြဲေခ်ာ္မွာျဖစ္ပါတယ္။ မန္စီးတီးဟာ တိုက္စစ္ပိုင္း႐ုန္းကန္ေနရတဲ့အသင္းျဖစ္ၿပီး အဂူ႐ို ႀကံ့ခိုင္မႈမျပည့္ခ်ိန္မွာ ဂ်ီးဆပ္အနားယူရတာဟာ နည္းျပဂြာဒီယိုလာကို ေခါင္းခဲေစေတာ့မယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။

ၿဗိတိန္မွာ မ်ိဳး႐ိုးဗီဇကြဲတဲ့ ကိုဗစ္ပိုးပ်ံ႕ႏွံ႔မႈမ်ားေနခ်ိန္မွာ ပရီးမီးယားလိဂ္မွာလည္း ဒီဇင္ဘာ ၁၄ နဲ႔ ၂၀ အတြင္းပိုးေတြ႕ရွိသူ ၇ ေယာက္ရွိလာလို႔ စိုးရိမ္မႈေတြရွိေနေၾကာင္း သိရပါတယ္။ ဒီလိုဗီဇကြဲ ကိုဗစ္ပိုးေၾကာင့္ အဂၤလန္ေဒသအခ်ိဳ႕မွာ အျပင္းထန္ဆုံးေလာ့ခ္ေဒါင္းျဖစ္တဲ့ Tier 4 ခ်မွတ္ထားၿပီး အဲဒီေဒသခံကလပ္ေတြအေနနဲ႔လည္း သူတို႔ရဲ႕ကစားသမားေတြကို တစ္ပတ္ ၂ ႀကိမ္ေဆးစစ္ဖို႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ၫြန္ၾကားထားၿပီးျဖစ္ပါတယ္။