ကော်စတာရဲ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ အက်သလက်တီကို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းဟာ မကြာသေးခင်ကမှ အသင်းနဲ့လမ်းခွဲသွားတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့နေရာမှာ အစားထိုးနိုင်ရေးအတွက် ချဲလ်ဆီးတိုက်စစ်မှူး ဂျီရူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ရေးသားဖော်ပြနေပါတယ်။


အသက် ၃၄နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ဂျီရူးဟာ ၂၀၁၈ ဇန်နဝါရီလက လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းကနေ ပေါင် ၁၅.၃ သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၃ ပွဲမှာ ၃၇ဂိုအးထိ သွင်းယူပေးထားပါတယ်။

ဒါပေမဲ့ ပြင်သစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့သူ ဂျီရူးရဲ့လက်ရှိစာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အသင်းနဲ့လမ်းခွဲဖွယ်ရှိနေကြောင်း သိရပါတယ်။


အက်သလက်တီကိုအသင်းကလည်း ကော်စတာရဲ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပြီး အသက် ၃၂နှစ်အရွယ်ရှိ ကော်စတာဟာ ၂၀၂၁ နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်ကို စောစီးစွာဖျက်သိမ်းကာ အသင်းနဲ့လမ်းခွဲသွားခဲ့ပြီဖြစ်ပါတယ်။
စပိန်လက်ရွေးစင် ကော်စတာဟာ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးကို ရောက်လာခဲ့ပြီးနောက် ၄နှစ်အကြာမှာ အက်သလက်တီကိုအသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။


စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီလို အက်သလက်တီကိုနဲ့ ကော်စတာ စာချုပ်ဖျက်သိမ်းလိုက်တာက ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့်လို့ သိရပြီး လာလီဂါမှာ ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေတဲ့ အက်သလက်တီကိုက ပရိသတ်အကြိုက်ဖြစ်တဲ့ ကော်စတာရဲ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ ကော်စတာဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ရေပန်းစားနေပြီး အဓိကတိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်ကို ကာလရှည်ဆုံးရှုံးထားရတဲ့ ဝုဗ်အသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ သတင်းကြီးနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ေကာ္စတာရဲ႕ေနရာမွာ အစားထုိးဖို႔ ခ်ဲလ္ဆီးၾကယ္ပြင့္ကို စိတ္၀င္စားေနတဲ့ အက္သလက္တီကို
အက္သလက္တီကိုအသင္းဟာ မၾကာေသးခင္ကမွ အသင္းနဲ႔လမ္းခြဲသြားတဲ့ တုိက္စစ္မွဴး ဒီေယဂိုေကာ္စတာရဲ႕ေနရာမွာ အစားထိုးႏိုင္ေရးအတြက္ ခ်ဲလ္ဆီးတုိက္စစ္မွဴး ဂ်ီ႐ူးကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ျပင္သစ္လက္ေရြးစင္ ဂ်ီ႐ူးဟာ ၂၀၁၈ ဇန္န၀ါရီလက လန္ဒန္ဒါဘီၿပိဳင္ဘက္ အာဆင္နယ္အသင္းကေန ေပါင္ ၁၅.၃ သန္းနဲ႔ ခ်ဲလ္ဆီးကို ေရာက္ရွိလာသူျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၀၃ ပဲြမွာ ၃၇ဂိုအးထိ သြင္းယူေပးထားပါတယ္။

ဒါေပမဲ့ ျပင္သစ္အသင္း ၂၀၁၈ ကမၻာ့ဖလားခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေန ပါ၀င္ခဲ့သူ ဂ်ီ႐ူးရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက လာမယ့္ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး မၾကာေသးခင္ကထြက္ေပၚခဲ့တဲ့သတင္းေတြအရ အသင္းနဲ႔လမ္းခြဲဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အက္သလက္တီကိုအသင္းကလည္း ေကာ္စတာရဲ႕ေနရာမွာ အစားထုိးဖို႔ ျပင္ဆင္ေနၿပီး အသက္ ၃၂ႏွစ္အရြယ္ရွိ ေကာ္စတာဟာ ၂၀၂၁ ေႏြရာသီမွာ ကုန္ဆုံးမယ့္ စာခ်ဳပ္ကို ေစာစီးစြာဖ်က္သိမ္းကာ အသင္းနဲ႔လမ္းခြဲသြားခဲ့ၿပီျဖစ္ပါတယ္။
စပိန္လက္ေရြးစင္ ေကာ္စတာဟာ ၂၀၁၄ ခုႏွစ္က ခ်ဲလ္ဆီးကို ေရာက္လာခဲ့ၿပီးေနာက္ ၄ႏွစ္အၾကာမွာ အက္သလက္တီကိုအသင္းကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။
စကိုင္းစပို႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဒီလုိ အက္သလက္တီကိုနဲ႔ ေကာ္စတာ စာခ်ဳပ္ဖ်က္သိမ္းလုိက္တာက ပုဂၢိဳလ္ေရးကိစၥေတြေၾကာင့္လုိ႔ သိရၿပီး လာလီဂါမွာ ခ်န္ပီယံျဖစ္ဖို႔ အေျခအေနေကာင္းေနတဲ့ အက္သလက္တီကိုက ပရိသတ္အႀကိဳက္ျဖစ္တဲ့ ေကာ္စတာရဲ႕ေနရာမွာ အစားထုိးဖို႔ ျပင္ဆင္ေနပါတယ္။
Daily Mail သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ေကာ္စတာဟာ ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ ေရပန္းစားေနၿပီး အဓိကတုိက္စစ္မွဴး ရာအူးလ္ဂ်ီမီနက္ဇ္ကို ကာလရွည္ဆုံး႐ံႈးထားရတဲ့ ၀ုဗ္အသင္းက သူ႕ကို ေခၚယူႏုိင္ဖို႔ သတင္းႀကီးေနပါတယ္။