ကော်စတာရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး ၃ဦးစာရင်း ဆီမြွန်နီ ပြုစုထားပြီး မီလစ်ခ်က ရေပန်းအစားဆုံးဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီဟာ နည်းပြဘဝဒုတိယမြောက် လာလီဂါချန်ပီယံဖြစ်ရေးအတွက် ဒုတိယမြောက်ရာသီမှာ အသင်းအင်အားတောင့်တင်းစေဖို့ တိုက်စစ်မှူး ဒီယဂေိုကော်စတာရဲ့နေရာမှာ အစားထိုးရေး ၃ဦးပါစာရင်းကို ပြုစုထားတယ်လို့ သိရပါတယ်။

ဆီမြွန်နီက လာလီဂါချန်ပီယံဖြစ်ဖို့ ဒီရာသီလောက် ပိုကောင်းတဲ့အခွင့်အရေးမျိုး ထပ်ရဖို့ မလွယ်ဘူးဆိုတာ သိနားလည်ထားပြီး အသက် ၃၂နှစ်အရွယ်ရှိ ကော်စတာရဲ့နေရာမှာ အစားမထိုးလိုက်လု့ိ အသင်းအင်အားနည်းသွားတာမျိုး မဖြစ်စေချင်ဘူးလို့ သိရပါတယ်။

ကော်စတာဟာ ယခုရာသီအကုန်မှာ ကုန်ဆုံးမယ့် အက်သလက်တီကိုနဲ့စာချုပ်ချုပ်ဆိုထားမှုကို ဖျက်သိမ်းလိုက်ပြီး ဒီလိုလုပ်ရတာကလည်း ဆီဗီလာအသင်းမှာ နည်းပြလိုပက်တီဂူအတွက် ကစားပေးချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ကော်စတာရဲ့နေရာမှာ အစားထိုးဖို့ အက်သလက်တီကိုရဲ့စာရင်းမှာ ထိပ်ဆုံးရောက်နေသူက နာပိုလီတိုက်စစ်မှူး မီလစ်ခ်ဖြစ်ပြီး သူ့အတွက် ယူရို ၁၅သန်းဝန်းကျင်လောက် ကုန်ကျနိုင်ပါတယ်။

နောက်ထပ်ရွေးချယ်စရာတွေက ရာအူးလ်သောမတ်စ်နဲ့ လိုရန်မိုရွန်းတို့ဖြစ်ပြီး သောမတ်စ်က ယခုရာသီမှာ အက်စ်ပန်ညိုနဲ့အတူ ဆီဂန်ဒါမှာ ဦးစားပေးကစားသမားအဖြစ် ၁၇ပွဲကစားခဲ့တဲ့အနက် ၁၂ဂိုးသွင်းယူထားပါတယ်။

အက်သလက်တီကိုပရိသတ်တွေက ကော်စတာရဲ့နေရာမှာ အစားထိုးဖို့ သောမတ်စ်ကို ခေါ်ယူစေချင်နေပြီး ဆယ်လ်တာဗီဂိုတိုက်စစ်မှူး အက်စ်ပတ်စ်ကိုလည်း ခေါ်ယူစေချင်နေပါတယ်။

အက်စ်ပတ်စ်သာ ရောက်လာရင် လီဗာပူးမှာ အတွဲညီခဲ့တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ ပြန်လည်လက်တွဲရမှာဖြစ်ပေမယ့် ဆယ်လ်တာဗီဂိုအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် အားအကိုးရဆုံးကစားသမားဖြစ်နေလို့ အသင်းပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေနည်းနေပါတယ်။

မိုရွန်းကလည်း နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်မှုဖြစ်ပြီး ရာသီအစက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပြီးနောက် ဘက်တစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးနေရပါတယ်။

သူဟာ ယခုရာသီမှာ ၁ဂိုးပဲ သွင်းယူထားပေမယ့် ဦးစားပေးကစားသမားအဖြစ် ၁ပွဲပဲ ကစားခွင့်ရခဲ့တာဖြစ်သလို စပိန်ဘောလုံးလောကမှာ အများလေးစားခံရတဲ့တိုက်စစ်မှူးဖြစ်သလို ယမန်နှစ်ဇန်နဝါရီလကလည်း ဘာစီလိုနာရဲ့ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အရ အက်သလက်တီကိုအသင်းဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် အက်ဖ်အေရဲ့ ၁၀ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ညာနောက်ခံလူ ထရစ်ပီယာရဲ့နေရာမှာ အစားထိုးမှာမဟုတ်ကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေကာ္စတာရဲ႕ေနရာမွာ အစားထိုးဖို႔ တိုက္စစ္မႉး ၃ဦးစာရင္း ဆီႁမြန္နီ ျပဳစုထားၿပီး မီလစ္ခ္က ေရပန္းအစားဆုံးျဖစ္

အက္သလက္တီကိုအသင္းနည္းျပ ဒီေယဂိုဆီႁမြန္နီဟာ နည္းျပဘဝဒုတိယေျမာက္ လာလီဂါခ်န္ပီယံျဖစ္ေရးအတြက္ ဒုတိယေျမာက္ရာသီမွာ အသင္းအင္အားေတာင့္တင္းေစဖို႔ တိုက္စစ္မႉး ဒီယေဂိုေကာ္စတာရဲ႕ေနရာမွာ အစားထိုးေရး ၃ဦးပါစာရင္းကို ျပဳစုထားတယ္လို႔ သိရပါတယ္။ ဆီႁမြန္နီက လာလီဂါခ်န္ပီယံျဖစ္ဖို႔ ဒီရာသီေလာက္ ပိုေကာင္းတဲ့အခြင့္အေရးမ်ိဳး ထပ္ရဖို႔ မလြယ္ဘူးဆိုတာ သိနားလည္ထားၿပီး အသက္ ၃၂ႏွစ္အ႐ြယ္ရွိ ေကာ္စတာရဲ႕ေနရာမွာ အစားမထိုးလိုက္လု႔ိ အသင္းအင္အားနည္းသြားတာမ်ိဳး မျဖစ္ေစခ်င္ဘူးလို႔ သိရပါတယ္။

ေကာ္စတာဟာ ယခုရာသီအကုန္မွာ ကုန္ဆုံးမယ့္ အက္သလက္တီကိုနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုထားမႈကို ဖ်က္သိမ္းလိုက္ၿပီး ဒီလိုလုပ္ရတာကလည္း ဆီဗီလာအသင္းမွာ နည္းျပလိုပက္တီဂူအတြက္ ကစားေပးခ်င္တာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ ေကာ္စတာရဲ႕ေနရာမွာ အစားထိုးဖို႔ အက္သလက္တီကိုရဲ႕စာရင္းမွာ ထိပ္ဆုံးေရာက္ေနသူက နာပိုလီတိုက္စစ္မႉး မီလစ္ခ္ျဖစ္ၿပီး သူ႔အတြက္ ယူ႐ို ၁၅သန္းဝန္းက်င္ေလာက္ ကုန္က်ႏိုင္ပါတယ္။ ေနာက္ထပ္ေ႐ြးခ်ယ္စရာေတြက ရာအူးလ္ေသာမတ္စ္နဲ႔ လိုရန္မို႐ြန္းတို႔ျဖစ္ၿပီး ေသာမတ္စ္က ယခုရာသီမွာ အက္စ္ပန္ညိဳနဲ႔အတူ ဆီဂန္ဒါမွာ ဦးစားေပးကစားသမားအျဖစ္ ၁၇ပြဲကစားခဲ့တဲ့အနက္ ၁၂ဂိုးသြင္းယူထားပါတယ္။

အက္သလက္တီကိုပရိသတ္ေတြက ေကာ္စတာရဲ႕ေနရာမွာ အစားထိုးဖို႔ ေသာမတ္စ္ကို ေခၚယူေစခ်င္ေနၿပီး ဆယ္လ္တာဗီဂိုတိုက္စစ္မႉး အက္စ္ပတ္စ္ကိုလည္း ေခၚယူေစခ်င္ေနပါတယ္။ အက္စ္ပတ္စ္သာ ေရာက္လာရင္ လီဗာပူးမွာ အတြဲညီခဲ့တဲ့ တိုက္စစ္မႉး ဆြာရက္ဇ္နဲ႔ ျပန္လည္လက္တြဲရမွာျဖစ္ေပမယ့္ ဆယ္လ္တာဗီဂိုအသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ အားအကိုးရဆုံးကစားသမားျဖစ္ေနလို႔ အသင္းေျပာင္းေ႐ႊ႕ဖို႔ ျဖစ္ႏိုင္ေျခနည္းေနပါတယ္။

မို႐ြန္းကလည္း ေနာက္ထပ္ျဖစ္ႏိုင္ေျခရွိတဲ့ ေ႐ြးခ်ယ္မႈျဖစ္ၿပီး ရာသီအစက ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံခဲ့ရၿပီးေနာက္ ဘက္တစ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ ဆုံးရႈံးေနရပါတယ္။ သူဟာ ယခုရာသီမွာ ၁ဂိုးပဲ သြင္းယူထားေပမယ့္ ဦးစားေပးကစားသမားအျဖစ္ ၁ပြဲပဲ ကစားခြင့္ရခဲ့တာျဖစ္သလို စပိန္ေဘာလုံးေလာကမွာ အမ်ားေလးစားခံရတဲ့တိုက္စစ္မႉးျဖစ္သလို ယမန္ႏွစ္ဇန္နဝါရီလကလည္း ဘာစီလိုနာရဲ႕ပစ္မွတ္ျဖစ္ခဲ့ပါတယ္။

ေနာက္ထပ္သတင္းတစ္ပုဒ္အရ အက္သလက္တီကိုအသင္းဟာ ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ အက္ဖ္ေအရဲ႕ ၁၀ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ ညာေနာက္ခံလူ ထရစ္ပီယာရဲ႕ေနရာမွာ အစားထိုးမွာမဟုတ္ေၾကာင္း သိရပါတယ္။