ကော်တင်ဟို ဒဏ်ရာရရှိခဲ့တာကြောင့် ပေါင် ၁၈ သန်းလောက် ဆုံးရှုံးဖွယ်ရှိနေတဲ့ လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာတောင်ပံကစားသမား ကော်တင်ဟို ဒဏ်ရာရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပေါင် ၁၈ သန်းလောက် ဆုံးရှုံးဖွယ်ရှိနေပါတယ်။ ဘရာဇီးသားဟာ အီဘာအသင်းနဲ့သရေကျခဲ့တဲ့ပွဲမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဘာစီလိုနာအသင်းက ဒဏ်ရာအခြေအနေကို အတည်ပြုခဲ့ပါတယ်။

“စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ ကော်တင်ဟိုက ဘယ်ဘက်ဒူးမှာ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ လာမယ့်ရက်အနည်းငယ်လောက်မှာ ဆေးကုသမှုတွေ စတင်သွားမှာပါ”လို့ ဘာစီလိုနာအသင်းက ထုြတ်ပန်ခဲ့ပါတယ်။ အဆိုပါဒဏ်ရာသတင်းဟာ ဘာစီလိုနာအတွက်တင်မဟုတ်ဘဲ လီဗာပူးအတွက်ပါ သတင်းဆိုးဖြစ်လာခဲ့ပါတယ်။

လီဗာပူးဟာ ကော်တင်ဟိုကို ဘာစီလိုနာထံပေါင် ၁၄၂ သန်းနဲ့ ရောင်းချခဲ့စဉ်က ဘာစီလိုနာအတွက် ပွဲ ၁၀၀ ပြည့်ကစားပေးရင် ပေါင် ၁၉၈ သန်းရရှိမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လက်ရှိဘာစီလိုနာအတွက် ပွဲ ၉၀ ပါဝင်ကစားပေးထားပြီး ၁၀ ပွဲသာကျန်တော့ပေမယ့် ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေပါတယ်။

sport.esသတင်းဌာနကတော့ ဘာစီလိုနာဟာ ဇန်နဝါရီမှာ ကော်တင်ဟိုကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ ဘိုင်ယန်မှာ တစ်ရာသီအငှားကစားပေးခဲ့ပြီး ဖလား ၃ လုံးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်အသင်းကတော့ ကော်တင်ဟိုကိုအပြီးသတ်ခေါ်ယူချင်ခဲ့ပေမယ့် ပေါင် ၁၂၀ သန်းတန်ကြေးကြောင့် လက်လျှော့ခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ လီဗာပူးဟာ ကော်တင်ဟိုဒဏ်ရာအခြေအနေကြောင့် ပေါင် ၁၈ သန်းဆုံးရှုံးရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေကာ္တင္ဟို ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေပါင္ ၁၈ သန္းေလာက္ ဆံုးရံႈးဖြယ္ရွိေနတဲ့ လီဗာပူး

ဘာစီလိုနာေတာင္ပံကစားသမား ေကာ္တင္ဟို ဒဏ္ရာရရွိခဲ့တာေၾကာင့္ လီဗာပူးအသင္းဟာ ေပါင္ ၁၈ သန္းေလာက္ ဆံုးရံႈးဖြယ္ရွိေနပါတယ္။ ဘရာဇီးသားဟာ အီဘာအသင္းနဲ႔သေရက်ခဲ့တဲ့ပြဲမွာ ျပင္းထန္တဲ့ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ျပီး အဂၤါေန႔က ဘာစီလိုနာအသင္းက ဒဏ္ရာအေျခအေနကို အတည္ျပဳခဲ့ပါတယ္။ “စမ္းသပ္မႈေတြျပဳလုပ္ခဲ့ျပီးေနာက္မွာ ေကာ္တင္ဟိုက ဘယ္ဘက္ဒူးမွာ ျပင္းထန္တဲ့ဒဏ္ရာရရွိခဲ့ပါတယ္။ လာမယ့္ရက္အနည္းငယ္ေလာက္မွာ ေဆးကုသမႈေတြ စတင္သြားမွာပါ”လို႔ ဘာစီလိုနာအသင္းက ထုတျ္ပန္ခဲ့ပါတယ္။

အဆိုပါဒဏ္ရာသတင္းဟာ ဘာစီလုိနာအတြက္တင္မဟုတ္ဘဲ လီဗာပူးအတြက္ပါ သတင္းဆိုးျဖစ္လာခဲ့ပါတယ္။ လီဗာပူးဟာ ေကာ္တင္ဟိုကို ဘာစီလိုနာထံေပါင္ ၁၄၂ သန္းနဲ႔ ေရာင္းခ်ခဲ့စဥ္က ဘာစီလိုနာအတြက္ ပြဲ ၁၀၀ ျပည့္ကစားေပးရင္ ေပါင္ ၁၉၈ သန္းရရွိမယ္လို႔ ကတိျပဳခဲ့တာျဖစ္ပါတယ္။ ေကာ္တင္ဟိုဟာ လက္ရွိဘာစီလိုနာအတြက္ ပြဲ ၉၀ ပါ၀င္ကစားေပးထားျပီး ၁၀ ပြဲသာက်န္ေတာ့ေပမယ့္ ျပင္းထန္တဲ့ဒူးဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရဖြယ္ရွိေနပါတယ္။

sport.esသတင္းဌာနကေတာ့ ဘာစီလိုနာဟာ ဇန္န၀ါရီမွာ ေကာ္တင္ဟိုကို ေရာင္းထုတ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ေကာ္တင္ဟိုဟာ ဘုိင္ယန္မွာ တစ္ရာသီအငွားကစားေပးခဲ့ျပီး ဖလား ၃ လံုးခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ဘိုင္ယန္အသင္းကေတာ့ ေကာ္တင္ဟိုကိုအျပီးသတ္ေခၚယူခ်င္ခဲ့ေပမယ့္ ေပါင္ ၁၂၀ သန္းတန္ေၾကးေၾကာင့္ လက္ေလွ်ာ့ခဲ့တာျဖစ္ပါတယ္။
လက္ရွိအေျခအေနအရေတာ့ လီဗာပူးဟာ ေကာ္တင္ဟိုဒဏ္ရာအေျခအေနေၾကာင့္ ေပါင္ ၁၈ သန္းဆံုးရံႈးရဖြယ္ရွိေနပါတယ္။