ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်တဲ့ သူတွေအတွက်တော့ ခါးတဲ့အရသာဟာ သဘောကျစရာကောင်းပေမယ့်…ဒီနေ့ အိုးထရက်ဖိုဒ်မှာ ဘီယက်ဆာသောက်ခဲ့တဲ့ ကော်ဖီကတော့ ခါတိုင်းနေ့တွေထက်ပို ခါးနေပါလိမ့်မယ်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီမှာ အိမ်ကွင်းရလဒ် ဆိုးရွားနေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ လိဒ်နဲ့ပွဲမတိုင်မီက ဂိုးပြတ်နိုင်သွားမယ်လို့ ယုံကြည်ခဲ့တဲ့ သူတွေရှိပါသလား။ ဒါဆိုရင် အဲ့လိုယုံကြည်ခဲ့တဲ့ သူတွေဟာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ်တွေသာဖြစ်ပါလိမ့်မယ်။

နည်းဗျူဟာပိုင်းမှာ ဆရာတစ်ဆူလိုဖြစ်နေပြီး ဖီဖာရဲ့ အကောင်းဆုံး နည်းပြ နောက်ဆုံး ဇကာတင်(၃)ဦးစာရင်း အထိပါဝင်ခဲ့တဲ့ဘီယက်ဆာလိုနည်းပြ က အိုးထရက်ဖိုဒ်မှာ ဂိုးပြတ်ရှုံးနိမ့်မှုဟာ အံသြသင့်စရာကောင်းတဲ့ ဒီတစ်ပတ်ရဲ့ ဂိုးပြတ်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

တစ်ချိန်က အင်္ဂလန်ရဲ့ နှင်းဆီပြိုင်ပွဲ လို့ နာမည်ကျော်ခဲ့ကြတဲ့ ဒီနှစ်သင်းရဲ့ ပြန်လည်တွေ့ဆုံမှုဟာ ဆိုလ်ရှားအတွက်တော့ မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပါပြီ။ ပွဲအစမှာ အထနှေးတဲ့ ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာတော့ ၃ မိနစ်အတွင်းမှာ သွင်းဂိုး ၂ ဂိုး ရရှိအောင် စွမ်းဆောင် သွားနိုင်ခဲ့ပါတယ်။

ကစားအား အမြန်နှုန်းနဲ့ ကစားတတ်တဲ့ လိဒ်ကို တန်ပြန်တိုက်စစ်မဆင်ဘဲ သူတို့ထက် ပိုမို လျှင်မြန်တဲ့ အပေးအယူ ကစားကွက်တွေနဲ့ ကစားသွားခဲ့တာ ဒီနေ့ပွဲမှာ အေကာင်းဆုံးကစားသမားတစ်ယောက်ကိုရွေးချယ်ရမှာထက် တစ်သင်းလုံးဟန်ချက်ညီမျှတယ်လိုပြောရမှာပါပဲ။

ဒါပေမယ့် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ သူက ပွဲအစ(၃)မိနစ်မှာ တင် (၂)ဂိုးသွင်းသွားခဲ့တဲ့ တိုမီနေးဖြစ်မယ်ဆိုတာ အထွေအထူးပြောနေစရာမလိုအပ်တော့လောက်ပါဘူး။ သူက ဒီပွဲ တစ်ပွဲလုံးမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆိုတာ သေချာပါတယ်။


အစဉ်အလာမပျက်ခဲ့တဲ့ မာရှယ်ရဲ့ အပိုင် လွဲချော်မှုတွေသာ ဒီနေ့ ထပ်မဖြစ်ခဲ့ရင် လိဒ်တို့အနေနဲ့ အိုးထရက်ဖိုဒ်မှာ ဒိထက် ဂိုးပို ပြတ်ခဲ့အုံးမှာပါ။ ကွင်းလယ်လူ ဘရူနိုအနေနဲ့ လည်း သူရဲ့ ပုံစံကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့ပြီး ဖရက်နဲ့ တော်မီနေတို့ရဲ့ အတွဲဟာလည်း ကွင်းလယ်မှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ရာသီအစမှာ ဝေဖန်ခံနေရပြီး နည်းပြရာထူးကနေ ခဏခဏ နှုတ်ထွက်သွားဖို့ ဖိအားပေးခံ ရတဲ့ ဆိုလ်ရှား လည်း ဒီအချိန်မှာ စိတ်အေးသွားလို့ရပါပြီ။

သူ့ရဲ့ နည်းပြရာထူးအတွက် ဒီဇင်ဘာ ခရစ္စမတ်ကာလဟာ စိုးရိမ်စရာမရှိတော့ပါဘူး။ အခုဆိုရင် ယူနိုတက်တို့ဟာ အမှတ်ပေးဇယားရဲ့ တတိယနေရာကို လည်း ရောက်ရှိလာခဲ့ပါပြီ။

ဒီနေ့ပွဲမှာ ယူနိုက်တက်အသင်းက ဘယ်သူတွေက စွမ်းဆောင်ရည် ဘယ်လောက် ကောင်းမွန်ခဲ့လည်းဆိုတဲ့ ရမှတ်တွေကို All football app ကဖော်ပြပေးထားမှုကို တစ်ချက်ကြည့်လိုက်ရအောင်ပါ။ ဖော်ပြပေးထားမှုမှာတော့ သွင်းဂိုး (၂)ဂိုး ပေးခဲ့ရတဲ့ ဒီဂီယာကတော့ ရမှတ်အနဲဆုံးဖြစ်နေခဲ့ပြီး (၆.၂)သာရရှိထားပါတယ်။

ဒီနေ့ပွဲမှာ ကိုယ်တိုင်ဂိုးမသွင်းနိုင်ပေမယ့် သွင်းဂိုး (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ မာရှယ်က ရမှတ် (၉.၉)ရရှိထားပြီး စွမ်းဆောင်ရည် အကောင်းဆုံးသူလို့ ဒီ app မှာ ဖော်ပြပေးထားခဲ့ပါတယ်။ တော်မီနေး(၉.၅) နဲ့ ဘရူနို (၉.၁)ကတော့ ဒီပွဲမှာ နှစ်ဂိုးစီသွင်းထားခဲ့ပေမယ့် မာရှယ်လောက် စွမ်းဆောင်ရည်သတ်မှတ်မခံရတာကလည်း ထူးခြားမှုတစ်ခုပါပဲ။ လုရှောကတော့ မိနစ် (၆၀)မှာ အဲလက်စ်နဲ့ လူစားလဲခံရပြီး သူ့တို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကတော့ ပုံမှန်ခြေစွမ်းထပ်မပိုခဲ့ပါဘူး။လုရှော(၆.၆)၊ အဲလက်စ်( ၆.၃)၊ မိနစ် (၇၀)မှာ ဘရူနိုအစား လူစားဝင်ခဲ့တဲ့ ဗန်ဒီဘိ ကတော့ ကစားရတဲ့အချိန်တိုအတွင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင် (၆.၅)ရခဲ့ပြီး၊ (၇၁)မိနစ်မှာ ရက်ဖိုဒ် အစားဝင်ရောက်ခဲ့တဲ့ ကာဗာနီကတော့ စွမ်းဆောင်ရည် (၅.၈)သာရရှိခဲ့ပါတယ်။

ဒါနဲ့ စကားမစပ် လိဒ်နည်းပြကြီးအတွက်တော့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ သောက်ခဲ့ရတဲ့ ကော်ဖီတစ်ခွက်ဟာ ပုံမှန်နေ့တွေထက်တော့ တော်တော်လေး ခါးသီးနေခဲ့ပါလိမ့်မယ်။

 

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေကာ္ဖီကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္ ေသာက္တတ္တဲ့ သူေတြအတြက္ေတာ့ ခါးတဲ့အရသာဟာ သေဘာက်စရာေကာင္းေပမယ့္…ဒီေန႕ အိုးထရက္ဖိုဒ္မွာ ဘီယက္ဆာေသာက္ခဲ့တဲ့ ေကာ္ဖီကေတာ့ ခါတိုင္းေန႕ေတြထက္ပို ခါးေနပါလိမ့္မယ္…

ဒီရာသီမွာ အိမ္ကြင္းရလဒ္ ဆိုး႐ြားေနတဲ့ ယူႏိုက္တက္အသင္းအေနနဲ႔ လိဒ္နဲ႔ပြဲမတိုင္မီက ဂိုးျပတ္ႏိုင္သြားမယ္လို႔ ယုံၾကည္ခဲ့တဲ့ သူေတြရွိပါသလား။ ဒါဆိုရင္ အဲ့လိုယုံၾကည္ခဲ့တဲ့ သူေတြဟာ ယူႏိုက္တက္ရဲ႕ အမာခံ ပရိသတ္ေတြသာျဖစ္ပါလိမ့္မယ္။ နည္းဗ်ဴဟာပိုင္းမွာ ဆရာတစ္ဆူလိုျဖစ္ေနၿပီး ဖီဖာရဲ႕ အေကာင္းဆုံး နည္းျပ ေနာက္ဆုံး ဇကာတင္(၃)ဦးစာရင္း အထိပါဝင္ခဲ့တဲ့ဘီယက္ဆာလိုနည္းျပ က အိုးထရက္ဖိုဒ္မွာ ဂိုးျပတ္ရႈံးနိမ့္မႈဟာ အံၾသသင့္စရာေကာင္းတဲ့ ဒီတစ္ပတ္ရဲ႕ ဂိုးျပတ္ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။

တစ္ခ်ိန္က အဂၤလန္ရဲ႕ ႏွင္းဆီၿပိဳင္ပြဲ လို႔ နာမည္ေက်ာ္ခဲ့ၾကတဲ့ ဒီႏွစ္သင္းရဲ႕ ျပန္လည္ေတြ႕ဆုံမႈဟာ ဆိုလ္ရွားအတြက္ေတာ့ မွတ္တမ္းေကာင္းတစ္ခု ပိုင္ဆိုင္ခဲ့ပါၿပီ။ ပြဲအစမွာ အထေႏွးတဲ့ ယူႏိုက္တက္ဟာ ဒီေန႔ပြဲမွာေတာ့ ၃ မိနစ္အတြင္းမွာ သြင္းဂိုး ၂ ဂိုး ရရွိေအာင္ စြမ္းေဆာင္ သြားႏိုင္ခဲ့ပါတယ္။ ကစားအား အျမန္ႏႈန္းနဲ႔ ကစားတတ္တဲ့ လိဒ္ကို တန္ျပန္တိုက္စစ္မဆင္ဘဲ သူတို႔ထက္ ပိုမို လွ်င္ျမန္တဲ့ အေပးအယူ ကစားကြက္ေတြနဲ႔ ကစားသြားခဲ့တာ ဒီေန႔ပြဲမွာ အေကာင္းဆုံးကစားသမားတစ္ေယာက္ကိုေ႐ြးခ်ယ္ရမွာထက္ တစ္သင္းလုံးဟန္ခ်က္ညီမွ်တယ္လိုေျပာရမွာပါပဲ။ ဒါေပမယ့္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့ သူက ပြဲအစ(၃)မိနစ္မွာ တင္ (၂)ဂိုးသြင္းသြားခဲ့တဲ့ တိုမီေနးျဖစ္မယ္ဆိုတာ အေထြအထူးေျပာေနစရာမလိုအပ္ေတာ့ေလာက္ပါဘူး။ သူက ဒီပြဲ တစ္ပြဲလုံးမွာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံးကစားသမားဆိုတာ ေသခ်ာပါတယ္။

အစဥ္အလာမပ်က္ခဲ့တဲ့ မာရွယ္ရဲ႕ အပိုင္ လြဲေခ်ာ္မႈေတြသာ ဒီေန႔ ထပ္မျဖစ္ခဲ့ရင္ လိဒ္တို႔အေနနဲ႔ အိုးထရက္ဖိုဒ္မွာ ဒိထက္ ဂိုးပို ျပတ္ခဲ့အုံးမွာပါ။ ကြင္းလယ္လူ ဘ႐ူႏိုအေနနဲ႔ လည္း သူရဲ႕ ပုံစံေကာင္းေတြ ဆက္တိုက္ျပသႏိုင္ခဲ့ၿပီး ဖရက္နဲ႔ ေတာ္မီေနတို႔ရဲ႕ အတြဲဟာလည္း ကြင္းလယ္မွာ အေကာင္းဆုံး ကစားသြားႏိုင္ခဲ့ပါတယ္။ ရာသီအစမွာ ေဝဖန္ခံေနရၿပီး နည္းျပရာထူးကေန ခဏခဏ ႏႈတ္ထြက္သြားဖို႔ ဖိအားေပးခံ ရတဲ့ ဆိုလ္ရွား လည္း ဒီအခ်ိန္မွာ စိတ္ေအးသြားလို႔ရပါၿပီ။ သူ႔ရဲ႕ နည္းျပရာထူးအတြက္ ဒီဇင္ဘာ ခရစၥမတ္ကာလဟာ စိုးရိမ္စရာမရွိေတာ့ပါဘူး။ အခုဆိုရင္ ယူႏိုတက္တို႔ဟာ အမွတ္ေပးဇယားရဲ႕ တတိယေနရာကို လည္း ေရာက္ရွိလာခဲ့ပါၿပီ။

ဒီေန႕ပြဲမွာ ယူႏိုက္တက္အသင္းက ဘယ္သူေတြက စြမ္းေဆာင္ရည္ ဘယ္ေလာက္ ေကာင္းမြန္ခဲ့လည္းဆိုတဲ့ ရမွတ္ေတြကို All football app ကေဖာ္ျပေပးထားမႈကို တစ္ခ်က္ၾကည့္လိုက္ရေအာင္ပါ။ ေဖာ္ျပေပးထားမႈမွာေတာ့ သြင္းဂိုး (၂)ဂိုး ေပးခဲ့ရတဲ့ ဒီဂီယာကေတာ့ ရမွတ္အနဲဆံုးျဖစ္ေနခဲ့ၿပီး (၆.၂)သာရရွိထားပါတယ္။ ဒီေန႕ပြဲမွာ ကိုယ္တိုင္ဂိုးမသြင္းႏိုင္ေပမယ့္ သြင္းဂိုး (၂)ဂိုး ဖန္တီးေပးႏိုင္ခဲ့တဲ့ မာရွယ္က ရမွတ္ (၉.၉)ရရွိထားၿပီး စြမ္းေဆာင္ရည္ အေကာင္းဆံုးသူလို႕ ဒီ app မွာ ေဖာ္ျပေပးထားခဲ့ပါတယ္။ ေတာ္မီေနး(၉.၅) နဲ႕ ဘရူႏို (၉.၁)ကေတာ့ ဒီပြဲမွာ ႏွစ္ဂိုးစီသြင္းထားခဲ့ေပမယ့္ မာရွယ္ေလာက္ စြမ္းေဆာင္ရည္သတ္မွတ္မခံရတာကလည္း ထူးျခားမႈတစ္ခုပါပဲ။ လုေရွာကေတာ့ မိနစ္ (၆၀)မွာ အဲလက္စ္နဲ႕ လူစားလဲခံရၿပီး သူ႕တို႕ႏွစ္ဦးရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ပံုမွန္ေျခစြမ္းထပ္မပိုခဲ့ပါဘူး။လုေရွာ(၆.၆)၊ အဲလက္စ္( ၆.၃)၊ မိနစ္ (၇၀)မွာ ဘရူႏိုအစား လူစားဝင္ခဲ့တဲ့ ဗန္ဒီဘိ ကေတာ့ ကစားရတဲ့အခ်ိန္တိုအတြင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင္ (၆.၅)ရခဲ့ၿပီး၊ (၇၁)မိနစ္မွာ ရက္ဖိုဒ္ အစားဝင္ေရာက္ခဲ့တဲ့ ကာဗာနီကေတာ့ စြမ္းေဆာင္ရည္ (၅.၈)သာရရွိခဲ့ပါတယ္။

ဒါနဲ႕ စကားမစပ္ လိဒ္နည္းျပႀကီးအတြက္ေတာ့ အိုးထရက္ဖို႔ဒ္ကြင္းႀကီးထဲမွာ ေသာက္ခဲ့ရတဲ့ ေကာ္ဖီတစ္ခြက္ဟာ ပံုမွန္ေန႕ေတြထက္ေတာ့ ေတာ္ေတာ္ေလး ခါးသီးေနခဲ့ပါလိမ့္မယ္။