ကံကောင်းပြီး ပထမဆုံးနိုင်ပွဲရခဲ့တာမဟုတ်ဖူးလို့ ရှက်ဖီးယူနိုက်တက်နည်းပြဝင့်ကြွား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ်ကို လူတစ်ယောက်အသာစီးရပြီး ၁-၀ နဲ့နိုင်ခဲ့တာဟာ ကံကောင်းလို့မဟုတ်ဘဲ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်လို့ သာဖြစ်ကြောင်း ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ခရစ္စဝိုင်လ်ဒါ ကပြောလိုက် ပါတယ်။ ရှက်ဖီးဟာ ၇၃ မိနစ်မှာ ဘီလီရှပ်သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးနဲ့အနိုင်ရခဲ့တာပါ။ နယူးကာဆယ်က ဖက် ဒရီကို ဖာနန်ဒက်ဇ် ကပင်နယ်တီဧရိယာထဲမှာ လက်ထိဘောဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် အန်ဒီမက်ဒလေ က VAR ပြန်ကြည့်ပြီး ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ရှက်ဖီး အနိုင်ရဖို့အတွက် လုံ လောက်သွားတဲ့ ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရှက်ဖီးဟာဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးဂိုးမပေးရ တဲ့ပွဲဖြစ်ခဲ့တဲ့အပြင် ပထမဆုံးနိုင်ပွဲကိုလည်း ရယူနိုင်ခဲ့တာပါ။ ပွဲချိန် ၄၅ မိနစ်ပြည့်ကာနီးမှာ နယူးကာဆယ်ဘက်က ရိုင်ယန်ဖရေဇာ ဟာအဝါကတ် ၂ ကြိမ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ရှက်ဖီး တို့အနိုင်ရဖို့အခွင့်သာခဲ့ရပါတယ်။

ဒီပွဲမတိုင်ခင်မှာ ရှက်ဖီးဟာ ၁၇ ပွဲကစားပြီး ၁၅ ပွဲရှုံး ၂ ပွဲသရေနဲ့ ပွဲတိုင်းဂိုးပေးခဲ့ရတာကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာ အဆိုးဆုံးသော ရာသီအစဖြစ်ခဲ့တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဆိုးဝင်ခဲ့တာပါ။ သူတို့ဟာ ပြိုင်ပွဲအရပ်ရပ် ၂၁ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်တို့မှာ ၂ ပွဲ ဆက်အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်ကနေလွတ်ဖို့မျှော်မှန်းနိုင်တဲ့ အခြေအနေထိရောက်လိမ့်မယ်လို့ ဝိုင်လ် ဒါက ယုံကြည်နေပါတယ်။

ပွဲအပြီးမှာသူက” ပြိုင်ဘက်က လူတစ်ယောက်အထုတ်ခံရတဲ့အပြင် ပင်နယ်တီလည်း ပေးခဲ့ရမှုကြောင့် ဒီဖြစ်ရပ်တွေဟာ လူပြောစရာဖြစ်တော့မယ်လို့ ကျွန်တော်သိထားပြီးသားပါ။ ဒါပေမယ့်ကျွန် တော်ကတော့ ဒီပွဲအနိုင်ကိုတန်ဖိုးထားရမှာပါဘဲ။ လူတိုင်းမှာ ကံတရားရဲ့ဖေးမမှုလိုအပ်ပေမယ့် အခုနိုင်ပွဲဟာ ကံကောင်းပြီးရခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည်မှုနဲ့ ချိန်ကြည့်ရင်မယ်ဆိုရင် စွမ်းဆောင်ရည်ကောင်း မွန်ခဲ့တယ်လို့ပြောရမှာပါ။ ကျွန်တော်တို့မှာ နောက်ထပ်ပွဲကျပ်တွေရှိနေသေးလို့ ထပ်ရင်ဆိုင်ရဦးမှာပါဘဲ။ ဒီပွဲ ရဲ့ နာကျင်အချိန်ပိုမှာ ဖိအားတွေရှိခဲ့သေးပြီး ၃ မှတ်လက်လွှတ်ခဲ့ရမယ်ဆိုရင်တော့ ကျွန်တော့်ကားသော့ကိုရှာပြီး အသင်းကနေ ထွက်သွားရမယ့် အခြေအနေရောက်သွားနိုင်ပါတယ်” လို့ ပြောသွားပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ လာမယ့် စနေနေ့ကစပြီး စပါး၊ မန်ယူ၊ မန်စီး တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

နယူးကာဆယ္ကို လူတစ္ေယာက္အသာစီးရၿပီး ၁-၀ နဲ႔ႏိုင္ခဲ့တာဟာ ကံေကာင္းလို႔မဟုတ္ဘဲ သူတို႔အသင္းရဲ႕ စြမ္းေဆာင္ရည္ေကာင္းမြန္လို႔ သာျဖစ္ေၾကာင္း ရွက္ဖီးယူႏိုက္တက္အသင္းနည္းျပ ခရစၥဝိုင္လ္ဒါ ကေျပာလိုက္ ပါတယ္။ ရွက္ဖီးဟာ ၇၃ မိနစ္မွာ ဘီလီရွပ္သြင္းယူခဲ့တဲ့ ပင္နယ္တီဂိုးနဲ႔အႏိုင္ရခဲ့တာပါ။ နယူးကာဆယ္က ဖက္ ဒရီကို ဖာနန္ဒက္ဇ္ ကပင္နယ္တီဧရိယာထဲမွာ လက္ထိေဘာျဖစ္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္ အန္ဒီမက္ဒေလ က VAR ျပန္ၾကည့္ၿပီး ပင္နယ္တီအျဖစ္သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ ရွက္ဖီး အႏိုင္ရဖို႔အတြက္ လုံ ေလာက္သြားတဲ့ ဂိုးလည္းျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ ရွက္ဖီးဟာဒီရာသီပရီးမီးယားလိဂ္မွာ ပထမဆုံးဂိုးမေပးရ တဲ့ပြဲျဖစ္ခဲ့တဲ့အျပင္ ပထမဆုံးႏိုင္ပြဲကိုလည္း ရယူႏိုင္ခဲ့တာပါ။ ပြဲခ်ိန္ ၄၅ မိနစ္ျပည့္ကာနီးမွာ နယူးကာဆယ္ဘက္က ႐ိုင္ယန္ဖေရဇာ ဟာအဝါကတ္ ၂ ႀကိမ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ရွက္ဖီး တို႔အႏိုင္ရဖို႔အခြင့္သာခဲ့ရပါတယ္။ ဒီပြဲမတိုင္ခင္မွာ ရွက္ဖီးဟာ ၁၇ ပြဲကစားၿပီး ၁၅ ပြဲရႈံး ၂ ပြဲသေရနဲ႔ ပြဲတိုင္းဂိုးေပးခဲ့ရတာေၾကာင့္ ပရီးမီးယားလိဂ္ သမိုင္းမွာ အဆိုးဆုံးေသာ ရာသီအစျဖစ္ခဲ့တဲ့အသင္းအျဖစ္လည္း မွတ္တမ္းဆိုးဝင္ခဲ့တာပါ။ သူတို႔ဟာ ၿပိဳင္ပြဲအရပ္ရပ္ ၂၁ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီးေနာက္ အက္ဖ္ေအဖလားနဲ႔ ပရီးမီးယားလိဂ္တို႔မွာ ၂ ပြဲ ဆက္အႏိုင္ရခဲ့တာေၾကာင့္ တန္းဆင္းဇုန္ကေနလြတ္ဖို႔ေမွ်ာ္မွန္းႏိုင္တဲ့ အေျခအေနထိေရာက္လိမ့္မယ္လို႔ ဝိုင္လ္ ဒါက ယုံၾကည္ေနပါတယ္။

ပြဲအၿပီးမွာသူက” ၿပိဳင္ဘက္က လူတစ္ေယာက္အထုတ္ခံရတဲ့အျပင္ ပင္နယ္တီလည္း ေပးခဲ့ရမႈေၾကာင့္ ဒီျဖစ္ရပ္ေတြဟာ လူေျပာစရာျဖစ္ေတာ့မယ္လို႔ ကြၽန္ေတာ္သိထားၿပီးသားပါ။ ဒါေပမယ့္ကြၽန္ ေတာ္ကေတာ့ ဒီပြဲအႏိုင္ကိုတန္ဖိုးထားရမွာပါဘဲ။ လူတိုင္းမွာ ကံတရားရဲ႕ေဖးမမႈလိုအပ္ေပမယ့္ အခုႏိုင္ပြဲဟာ ကံေကာင္းၿပီးရခဲ့တာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ရပ္တည္မႈနဲ႔ ခ်ိန္ၾကည့္ရင္မယ္ဆိုရင္ စြမ္းေဆာင္ရည္ေကာင္း မြန္ခဲ့တယ္လို႔ေျပာရမွာပါ။ ကြၽန္ေတာ္တို႔မွာ ေနာက္ထပ္ပြဲက်ပ္ေတြရွိေနေသးလို႔ ထပ္ရင္ဆိုင္ရဦးမွာပါဘဲ။ ဒီပြဲ ရဲ႕ နာက်င္အခ်ိန္ပိုမွာ ဖိအားေတြရွိခဲ့ေသးၿပီး ၃ မွတ္လက္လႊတ္ခဲ့ရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္ကားေသာ့ကိုရွာၿပီး အသင္းကေန ထြက္သြားရမယ့္ အေျခအေနေရာက္သြားႏိုင္ပါတယ္” လို႔ ေျပာသြားပါတယ္။ ရွက္ဖီးယူႏိုက္တက္ဟာ လာမယ့္ စေနေန႔ကစၿပီး စပါး၊ မန္ယူ၊ မန္စီး တို႔နဲ႔ ဆက္တိုက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။