
မန်ချက်စတာ ယူနိုက်တက်ပရိသတ်များအသင်းကို တည်ထောင်သူဟာ
ယူကရိန်းနိုင်ငံအတွင်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားစစ်သားများကြောင့်
ဝမ်းနည်းကြေကွဲဖွယ် အသက်ဆုံးရှံုးခဲ့ရပါတယ်။
Oleksandr Kukin ဟာ ( ၂၀၀၂ ) ခုနှစ်အတွင်း ယူကရိန်းနုိင်ငံမြို့တော်မှာ
သရဲနီအားပေးသူများအသင်း – ကိဗ် ကို စတင်တည်ထောင်ခဲ့ပြီး
လက်ရှိမှာတော့ သူ နှင့် သူ့မိသားစုဟာ ကံမကောင်းစွာနဲ့ စစ်ပွဲရဲ့
အန္တရာယ်ထဲ ကျရောက်သွားခဲ့တာဖြစ်ပါတယ်။
Kukin ဟာ သူ့မိသားစုကို ကိဗ်ကနေ ထွက်ခွာသွားနိုင်ဖို့ ကြိုးစားနေချိန်
အမြောက်ထိပြီး ကွယ်လွန်သွားခဲ့ရတာလို့ဆိုပါတယ်။
သူ့ရဲ့ ဇနီးဖြစ်သူ Alina နှင့် သမီးငယ်တို့ဟာလည်း ခွဲစိတ်မှုတွေ ပြလုပ်ခဲ့ရပြီး
လက်ရှိအချိန်ထိ ဆေးရုံမှာ ရှိနေဆဲဖြစ်ပါတယ်။
ကိဗ်မြို့မှ သရဲနီပရိသတ်တွေက သူတို့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှတစ်ဆင့်
“ ကိဗ် သရဲနီများအဖွဲ့ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့
Oleksandr Kukin ဟာ ( ၂၀၂၂ ) ခုနှစ် မတ်လ ( ၃ ) ရက်နေ့မှာ
ဝမ်းနည်းကြေကွဲဖွယ် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။”လို့ ရေးသားထားပါတယ်။
“ လွန်ခဲ့တဲ့နှစ် ( ၂၀) ကျော်် ( ၂၀၀၂ ) တုန်းက Oleksandr ဟာ
ကိဗ်မြို့မှာ မန်ချက်စတာ ယူနိုက်တက်အားပေးသူများ လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူက မိသားစုအတွက် ပြန်လည်အာရုံစိုက်လိုတာကြောင့်
ကျွန်တော်တို့ ဖန်ကလပ်ကို သူ့ရဲ့ အချိန်တွေအားလုံး မပေးနိုင်ခဲ့ပါဘူး ။
ဒါပေမယ့် သူက Bestia Pub မှာ သရဲနီ ပွဲစဥ်တွေကို
ကျွန်တော်တို့နဲ့အတူ မကြာခဏ လာရောက်ကြည့်ရှုလေ့ရှိပါတယ်။”
“ လွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာ သူက သူ့မိသားစုကို ရုရှားလက်နက်ကိုင်တွေ
ယာယီသိမ်းပိုက်ထားတဲ့နေရာကေန ကယ်ထုတ်ဖို့ ကြိုးစားစဥ်
သူ့ရဲ့ ကားက ကျူးကျော်သူတွေရဲ့ ပစ်ခတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
Oleksandr ရဲ့ ဇနီး နှင့် ကလေးက ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရပြီး
လက်ရှိအချိန်ထိ ဆေးရုံတင်ထားရဆဲဖြစ်ပါတယ်။”
မန်ချက်စတာ ယူနိုက်တက်ဟာလည်း ရုရှားစပွန်ဆာတွေနဲ့ သဘောတူညီမှုတွေကို
ဖျက်သိမ်းခဲ့တဲ့ ကလပ်များစွာထဲက တစ်ခုဖြစ်ပြီး
ပြီးခဲ့တဲ့ လအကုန်မှာ ရုရှားလေကြောင်းလိုင်း Aeroflot နဲ့
ပူးပေါင်းဆောင်ရွက်ခြင်းကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
zawgyi
က်ဴးေက်ာ္သူေတြရဲ႕ ပစ္ခတ္ျခင္းေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတဲ့ သရဲနီ ဖန္ကလပ္ တည္ေထာင္သူ
မန္ခ်က္စတာ ယူႏိုက္တက္ပရိသတ္မ်ားအသင္းကို တည္ေထာင္သူဟာ
ယူကရိန္းႏိုင္ငံအတြင္းကို က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ႐ုရွားစစ္သားမ်ားေၾကာင့္
ဝမ္းနည္းေၾကကြဲဖြယ္ အသက္ဆုံးရွံုးခဲ့ရပါတယ္။
Oleksandr Kukin ဟာ ( ၂၀၀၂ ) ခုႏွစ္အတြင္း ယူကရိန္းႏုိင္ငံၿမိဳ႕ေတာ္မွာ
သရဲနီအားေပးသူမ်ားအသင္း – ကိဗ္ ကို စတင္တည္ေထာင္ခဲ့ၿပီး
လက္ရွိမွာေတာ့ သူ ႏွင့္ သူ႔မိသားစုဟာ ကံမေကာင္းစြာနဲ႔ စစ္ပြဲရဲ႕
အႏၲရာယ္ထဲ က်ေရာက္သြားခဲ့တာျဖစ္ပါတယ္။
Kukin ဟာ သူ႔မိသားစုကို ကိဗ္ကေန ထြက္ခြာသြားႏိုင္ဖို႔ ႀကိဳးစားေနခ်ိန္
အေျမာက္ထိၿပီး ကြယ္လြန္သြားခဲ့ရတာလို႔ဆိုပါတယ္။
သူ႔ရဲ႕ ဇနီးျဖစ္သူ Alina ႏွင့္ သမီးငယ္တို႔ဟာလည္း ခြဲစိတ္မႈေတြ ျပလုပ္ခဲ့ရၿပီး
လက္ရွိအခ်ိန္ထိ ေဆး႐ုံမွာ ရွိေနဆဲျဖစ္ပါတယ္။
ကိဗ္ၿမိဳ႕မွ သရဲနီပရိသတ္ေတြက သူတို႔ရဲ႕ ေဖ့စ္ဘုတ္ေပ့ခ်္မွတစ္ဆင့္
“ ကိဗ္ သရဲနီမ်ားအဖြဲ႕ကို တည္ေထာင္သူတစ္ဦးျဖစ္တဲ့
Oleksandr Kukin ဟာ ( ၂၀၂၂ ) ခုႏွစ္ မတ္လ ( ၃ ) ရက္ေန႔မွာ
ဝမ္းနည္းေၾကကြဲဖြယ္ အသက္ဆုံးရႈံးသြားခဲ့ပါတယ္။”လို႔ ေရးသားထားပါတယ္။
“ လြန္ခဲ့တဲ့ႏွစ္ ( ၂၀) ေက်ာ္္ ( ၂၀၀၂ ) တုန္းက Oleksandr ဟာ
ကိဗ္ၿမိဳ႕မွာ မန္ခ်က္စတာ ယူႏိုက္တက္အားေပးသူမ်ား လႈပ္ရွားမႈကို စတင္ခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ သူက မိသားစုအတြက္ ျပန္လည္အာ႐ုံစိုက္လိုတာေၾကာင့္
ကြၽန္ေတာ္တို႔ ဖန္ကလပ္ကို သူ႔ရဲ႕ အခ်ိန္ေတြအားလုံး မေပးႏိုင္ခဲ့ပါဘူး ။
ဒါေပမယ့္ သူက Bestia Pub မွာ သရဲနီ ပြဲစဥ္ေတြကို
ကြၽန္ေတာ္တို႔နဲ႔အတူ မၾကာခဏ လာေရာက္ၾကည့္ရႈေလ့ရွိပါတယ္။”
“ လြန္ခဲ့တဲ့ႏွစ္ပတ္အတြင္းမွာ သူက သူ႔မိသားစုကို ႐ုရွားလက္နက္ကိုင္ေတြ
ယာယီသိမ္းပိုက္ထားတဲ့ေနရာကေန ကယ္ထုတ္ဖို႔ ႀကိဳးစားစဥ္
သူ႔ရဲ႕ ကားက က်ဴးေက်ာ္သူေတြရဲ႕ ပစ္ခတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။
Oleksandr ရဲ႕ ဇနီး ႏွင့္ ကေလးက ခြဲစိတ္မႈေတြ ျပဳလုပ္ခဲ့ရၿပီး
လက္ရွိအခ်ိန္ထိ ေဆး႐ုံတင္ထားရဆဲျဖစ္ပါတယ္။”
မန္ခ်က္စတာ ယူႏိုက္တက္ဟာလည္း ႐ုရွားစပြန္ဆာေတြနဲ႔ သေဘာတူညီမႈေတြကို
ဖ်က္သိမ္းခဲ့တဲ့ ကလပ္မ်ားစြာထဲက တစ္ခုျဖစ္ၿပီး
ၿပီးခဲ့တဲ့ လအကုန္မွာ ႐ုရွားေလေၾကာင္းလိုင္း Aeroflot နဲ႔
ပူးေပါင္းေဆာင္႐ြက္ျခင္းကို ဖ်က္သိမ္းေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။