ကျောနံပါတ် (၇) ကို ဝတ်ဆင်ရတဲ့ အယ်လာတူနီရဲ့ ခံစားချက်

မန်ယူအမျိုးသမီးအသင်းရဲ့ အတောက်ပဆုံး ကစားသမားတစ်ဦးဖြစ်ပြီး

ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူကတော့ အယ်လာတူနီပါ။

အဆိုပါ အင်္ဂလန်အမျိုးသမီး ကစားသမားဟာ မန်ယူအသင်းမှာတော့

ကျောနံပါတ် (၇) ကို ဝတ်ဆင်ကစားနေတာဖြစ်ပါတယ်။

(၂၀၁၈) ခုနစ်မှာ မန်ယူအမျိုးသမီးအသင်းနဲ့ စတင်ပူးပေါင်းခဲ့တဲ့ အယ်လာတူနီက

သူ့အတွက်တော့ နံပါတ် (၇) ကို ဝတ်ဆင်ကစားရတာဟာ ရော်နာလ်ဒိုကြောင့်

ပိုပြီးထူးခြားမှုရှိလာတယ်လို့ဆိုပါတယ်။

” အသင်းမှာ နံပါတ် (၇) ကို ဝတ်ဆင်ကစားရမယ်လို့ ဆိုတုန်းက ကျွန်မ

စိတ်ထဲမှာ နည်းနည်းတော့ တုန်လှုပ်ခဲ့ရတယ်။ ဘာလို့ဆိုတော့ ကျွန်မ

ငယ်ငယ်လေးကတည်းက ရော်နာလ်ဒိုရဲ့ နံပါတ် (၇) ဂျာစီကို ဝတ်ဆင်ခဲ့ဖူးလို့ပါ။

ဒီတော့ မန်ယူကစားသမားဖြစ်လာတဲ့အချိန်မှာ နံပါတ် (၇) ကို ဝတ်ရမယ်ဆိုတာက

ကျွန်မအတွက် အတော်လေး အံ့ဩစရာ အခြေအနေတစ်ခုပါ”

” အခု ရော်နာလ်ဒိုက မန်ယူအသင်းထံ ပြန်လည်ရောက်ရှိလာချိန်မှာတော့

ကျွန်မ အတွက် ဒီနံပါတ် (၇) ကို ဝတ်ဆင်ကစားရတာဟာ ပိုပြီး ထူးခြားမှု

ရှိစေခဲ့ပါတယ်။ ကျွန်မရဲ့ ငယ်ဘဝကို ပြန်လည်ရောက်ရှိသွားသလိုတောင်

ခံစားရတာပါ” လို့ အယ်လာတူနီက ဖွင့်ဟခဲ့ပါတယ်။

အယ်လာတူနီ ပါဝင်လာမယ့် မန်ယူအမျိုးသမီးအသင်းဟာ ဒီနေ့မှာ

မန်စီးတီးအမျိုးသမီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲ ကစားဖို့ရှိနေပါတယ်။

Zawgyi

ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္ရတဲ့ အယ္လာတူနီရဲ႕ ခံစားခ်က္

မန္ယူအမ်ိဳးသမီးအသင္းရဲ႕ အေတာက္ပဆုံး ကစားသမားတစ္ဦးျဖစ္ၿပီး

ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္သူကေတာ့ အယ္လာတူနီပါ။

အဆိုပါ အဂၤလန္အမ်ိဳးသမီး ကစားသမားဟာ မန္ယူအသင္းမွာေတာ့

ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္ကစားေနတာျဖစ္ပါတယ္။

(၂၀၁၈) ခုနစ္မွာ မန္ယူအမ်ိဳးသမီးအသင္းနဲ႔ စတင္ပူးေပါင္းခဲ့တဲ့ အယ္လာတူနီက

သူ႔အတြက္ေတာ့ နံပါတ္ (၇) ကို ဝတ္ဆင္ကစားရတာဟာ ေရာ္နာလ္ဒိုေၾကာင့္

ပိုၿပီးထူးျခားမႈရွိလာတယ္လို႔ဆိုပါတယ္။

 

” အသင္းမွာ နံပါတ္ (၇) ကို ဝတ္ဆင္ကစားရမယ္လို႔ ဆိုတုန္းက ကြၽန္မ

စိတ္ထဲမွာ နည္းနည္းေတာ့ တုန္လႈပ္ခဲ့ရတယ္။ ဘာလို႔ဆိုေတာ့ ကြၽန္မ

ငယ္ငယ္ေလးကတည္းက ေရာ္နာလ္ဒိုရဲ႕ နံပါတ္ (၇) ဂ်ာစီကို ဝတ္ဆင္ခဲ့ဖူးလို႔ပါ။

ဒီေတာ့ မန္ယူကစားသမားျဖစ္လာတဲ့အခ်ိန္မွာ နံပါတ္ (၇) ကို ဝတ္ရမယ္ဆိုတာက

ကြၽန္မအတြက္ အေတာ္ေလး အံ့ဩစရာ အေျခအေနတစ္ခုပါ”

 

” အခု ေရာ္နာလ္ဒိုက မန္ယူအသင္းထံ ျပန္လည္ေရာက္ရွိလာခ်ိန္မွာေတာ့

ကြၽန္မ အတြက္ ဒီနံပါတ္ (၇) ကို ဝတ္ဆင္ကစားရတာဟာ ပိုၿပီး ထူးျခားမႈ

ရွိေစခဲ့ပါတယ္။ ကြၽန္မရဲ႕ ငယ္ဘဝကို ျပန္လည္ေရာက္ရွိသြားသလိုေတာင္

ခံစားရတာပါ” လို႔ အယ္လာတူနီက ဖြင့္ဟခဲ့ပါတယ္။

အယ္လာတူနီ ပါဝင္လာမယ့္ မန္ယူအမ်ိဳးသမီးအသင္းဟာ ဒီေန႔မွာ

မန္စီးတီးအမ်ိဳးသမီးအသင္းနဲ႔ မန္ခ်က္စတာ ဒါဘီပြဲ ကစားဖို႔ရွိေနပါတယ္။