
ဂျော်ဂျီနာက ရော်နယ်ဒိုရဲ့ အမြွှာလေးတွေ ကိုယ်ဝန်လွယ်ထားပါပြီ
ဒီနေ့မှာ ရော်နယ်ဒိုဟာ သူ့ရဲ့ အင်စတာဂရမ်ကနေ ပိုစ်လေးတစ်ခုတင်ခဲ့ပြီး
(၂)နာရီအတွင်းမှာတင် ပရိသတ် ၁၅.၉ မီလီယံက သဘောကျနှစ်ခြိုက်ကြောင်းပြသခဲ့သလို
ဆုတောင်းပေးမှုတွေလည်း comment မှာ (၂) သိန်းခွဲကျော်ရရှိခဲ့ပါတယ်။
အဲ့သည့် ပိုစ်လေးကတော့ ရော်နယ်ဒိုနဲ့ အတူနေတဲ့ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ် ဆီမှာ
အမြွှာကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့အကြောင်းလေးပါပဲ။
အသက် (၃၆) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျော်ဂျီနာနဲ့အတူ အက်ထရာဆောင်း
ဓာတ်ပုံလေးကို ကိုင်ထားတဲ့ ဓာတ်ပုံလေးကို ပိုစ်တင်ထားလိုက်သလို
ပရိသတ်တွေကိုလည်း သူ့ရဲ့ ပျော်ရွှင်နေမှုတွေကို မျှဝေခဲ့ပြီး သူ့ရဲ့ ဖြစ်ပေါ်နေတဲ့
စိတ်ကို ရေးသားဖော်ပြထားခဲ့ပါတယ်။
“ကျွန်တော်တို့မိသားစုမှာ အမြွှာလေးရဖို့ မျှော်လင့်နေပါပြီ ဆိုတာကို
ဝမ်းမြောက်ဝမ်းသာ ကြေညာလိုက်ပါတယ် 👶🏻👶🏻”
“ကျွန်တော်တိုရဲ့နှလုံးသားတွေက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေပြီး
မင်းတို့ကို တွေ့ရဖို့ မစောင့်နိုင်တော့လောက်အောင်ပါပဲ ❤️🏠 ” လို့
ရော်နယ်ဒိုက ရေးသားထားပါတယ်။
ပရိသတ်တွေရင်းနှီးပြီးသားဖြစ်ကြတဲ့ ခရစ္စတီယာနိုဂျူနီယာ အသက် (၁၁) နှစ်၊
အသက် (၄) နှစ်အရွယ် အမြွှာနှစ်ယောက်ဖြစ်တဲ့ အီဗာနဲ့မက်တီယို၊
နိုဝင်ဘာလမှာ အသက် (၄) နှစ်ပြည့်တော့မယ့် သမီးလေး အဲလ်နာတို့နဲ့လက်ရှိမှာ
ရင်သွေး (၄) ယောက်ရဲ့ မိဘတွေဖြစ်နေကြတဲ့ ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဆီကို
ထပ်မံရောက်ရှိလာမယ့် လာခြင်းကောင်းတဲ့ ကလေးလေးတွေပါပဲ။
ကလေးချစ်တတ်တဲ့ ရော်နယ်ဒိုဟာ အခုပိုစ်မှာ နောက်ထပ်ဓါတ်ပုံတစ်ပုံကိုပါ
ထပ်ထည့်ထားပါသေးတယ်။ သူနဲ့အတူ ကလေး(၄)ယောက်ဟာ
ရေကူးကန်ထဲမှာ အပန်းဖြေအနားယူနေရင်း လက်(၂)ချောင်းထောင်ပြ နေကြပြီး
မိသားစုထဲကို ရောက်လာတော့မယ့် ကလေးလေး(၂)ယောက်ကို ကြိုဆိုနေတဲ့
သဘောပါတဲ့ ပုံကိုလည်း တင်ထားခဲ့ပါသေးတယ်။
ရော်နယ်ဒိုနဲ့ဂျော်ဂျီနာတို့ရဲ့ မက်ဒရစ်မြို့ကစတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းဟာ
အချိန်ကြာလာခဲ့သလို ပိုမို ခိုင်မြဲလာခဲ့ပါတယ်။
ဂျော်ဂျီနာအတွက်လည်း လွန်ခဲ့တဲ့ (၃)နှစ်ကျော်က မွေးဖွားခဲ့တဲ့သမီးလေး
အဲလ်နာရဲ့ နောက်မှာ ထပ်ပြီးရရှိလာတဲ့ ကိုယ်ဝန်ဖြစ်ပြီး သူချစ်တဲ့ရော်နယ်ဒိုအတွက်
နောက်ထပ် ကိုယ်ပွားလေးမွေးဖွားပေးနိုင်တော့မှာကြောင့်လည်း
ပျော်ရွှင်နေမှာသေချာပါတယ်။ သူဟာ ရော်နယ်ဒိုဆီက လက်ထပ်ခွင့်တောင်းခံလာမှုကို
အလိုရှိနေသူလည်းဖြစ်ပြီး ဒီမင်္ဂလာသတင်းကြောင့် ရော်နယ်ဒိုရဲ့
လက်ထပ်မင်္ဂလာပွဲကို မကြာခင်မြင်ခွင့်ရတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
zawgyi
ကြၽန္ေတာ္တိုရဲ႕ႏွလုံးသားေတြက ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပည့္ႏွက္ေနၿပီး မင္းတို႔ကို ေတြ႕ရဖို႔ မေစာင့္ႏိုင္ေတာ့ေလာက္ေအာင္ပါပဲ – ေရာ္နယ္ဒို
ေဂ်ာ္ဂ်ီနာက ေရာ္နယ္ဒိုရဲ႕ အႁမႊာေလးေတြ ကိုယ္ဝန္လြယ္ထားပါၿပီ
ဒီေန႔မွာ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ အင္စတာဂရမ္ကေန ပိုစ္ေလးတစ္ခုတင္ခဲ့ၿပီး
(၂)နာရီအတြင္းမွာတင္ ပရိသတ္ ၁၅.၉ မီလီယံက သေဘာက်ႏွစ္ၿခိဳက္ေၾကာင္းျပသခဲ့သလို
ဆုေတာင္းေပးမႈေတြလည္း comment မွာ (၂) သိန္းခြဲေက်ာ္ရရွိခဲ့ပါတယ္။
အဲ့သည့္ ပိုစ္ေလးကေတာ့ ေရာ္နယ္ဒိုနဲ႔ အတူေနတဲ့ ခ်စ္သူ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ ဆီမွာ
အႁမႊာကိုယ္ဝန္လြယ္ထားရၿပီျဖစ္တဲ့အေၾကာင္းေလးပါပဲ။
အသက္ (၃၆) ႏွစ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ေဂ်ာ္ဂ်ီနာနဲ႔အတူ အက္ထရာေဆာင္
းဓာတ္ပုံေလးကို ကိုင္ထားတဲ့ ဓာတ္ပုံေလးကို ပိုစ္တင္ထားလိုက္သလို
ပရိသတ္ေတြကိုလည္း သူ႔ရဲ႕ ေပ်ာ္႐ႊင္ေနမႈေတြကို မွ်ေဝခဲ့ၿပီး သူ႔ရဲ႕ ျဖစ္ေပၚေနတဲ့
စိတ္ကို ေရးသားေဖာ္ျပထားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔မိသားစုမွာ အႁမႊာေလးရဖို႔ ေမွ်ာ္လင့္ေနပါၿပီ ဆိုတာကို
ဝမ္းေျမာက္ဝမ္းသာ ေၾကညာလိုက္ပါတယ္ 👶🏻👶🏻”
“ကြၽန္ေတာ္တိုရဲ႕ႏွလုံးသားေတြက ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပည့္ႏွက္ေနၿပီး
မင္းတို႔ကို ေတြ႕ရဖို႔ မေစာင့္ႏိုင္ေတာ့ေလာက္ေအာင္ပါပဲ ❤️🏠 ” လို႔
ေရာ္နယ္ဒိုက ေရးသားထားပါတယ္။
ပရိသတ္ေတြရင္းႏွီးၿပီးသားျဖစ္ၾကတဲ့ ခရစၥတီယာႏိုဂ်ဴနီယာ အသက္ (၁၁) ႏွစ္၊
အသက္ (၄) ႏွစ္အ႐ြယ္ အႁမႊာႏွစ္ေယာက္ျဖစ္တဲ့ အီဗာနဲ႔မက္တီယို၊
ႏိုဝင္ဘာလမွာ အသက္ (၄) ႏွစ္ျပည့္ေတာ့မယ့္ သမီးေလး အဲလ္နာတို႔နဲ႔လက္ရွိမွာ
ရင္ေသြး (၄) ေယာက္ရဲ႕ မိဘေတြျဖစ္ေနၾကတဲ့ ေရာ္နယ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာတို႔ဆီကို
ထပ္မံေရာက္ရွိလာမယ့္ လာျခင္းေကာင္းတဲ့ ကေလးေလးေတြပါပဲ။
ကေလးခ်စ္တတ္တဲ့ ေရာ္နယ္ဒိုဟာ အခုပိုစ္မွာ ေနာက္ထပ္ဓါတ္ပုံတစ္ပုံကိုပါ
ထပ္ထည့္ထားပါေသးတယ္။ သူနဲ႔အတူ ကေလး(၄)ေယာက္ဟာ
ေရကူးကန္ထဲမွာ အပန္းေျဖအနားယူေနရင္း လက္(၂)ေခ်ာင္းေထာင္ျပ ေနၾကၿပီး
မိသားစုထဲကို ေရာက္လာေတာ့မယ့္ ကေလးေလး(၂)ေယာက္ကို ႀကိဳဆိုေနတဲ့
သေဘာပါတဲ့ ပုံကိုလည္း တင္ထားခဲ့ပါေသးတယ္။
ေရာ္နယ္ဒိုနဲ႔ေဂ်ာ္ဂ်ီနာတို႔ရဲ႕ မက္ဒရစ္ၿမိဳ႕ကစတင္ခဲ့တဲ့ အခ်စ္ဇာတ္လမ္းဟာ
အခ်ိန္ၾကာလာခဲ့သလို ပိုမို ခိုင္ၿမဲလာခဲ့ပါတယ္။
ေဂ်ာ္ဂ်ီနာအတြက္လည္း လြန္ခဲ့တဲ့ (၃)ႏွစ္ေက်ာ္က ေမြးဖြားခဲ့တဲ့သမီးေလး
အဲလ္နာရဲ႕ ေနာက္မွာ ထပ္ၿပီးရရွိလာတဲ့ ကိုယ္ဝန္ျဖစ္ၿပီး သူခ်စ္တဲ့ေရာ္နယ္ဒိုအတြက္
ေနာက္ထပ္ ကိုယ္ပြားေလးေမြးဖြားေပးႏိုင္ေတာ့မွာေၾကာင့္လည္း
ေပ်ာ္႐ႊင္ေနမွာေသခ်ာပါတယ္။ သူဟာ ေရာ္နယ္ဒိုဆီက လက္ထပ္ခြင့္ေတာင္းခံလာမႈကို
အလိုရွိေနသူလည္းျဖစ္ၿပီး ဒီမဂၤလာသတင္းေၾကာင့္ ေရာ္နယ္ဒိုရဲ႕
လက္ထပ္မဂၤလာပြဲကို မၾကာခင္ျမင္ခြင့္ရေတာ့မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာပါ။