ကျွန်တော်တို့လည်း ဂိုးသမားဖြစ်ခဲ့ဖူးပါတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တစ်ချိန်က မန်ယူအသင်းမှာ နောက်ခံလူတစ်ယောက်ဖြစ်ခဲ့တဲ့ ဂျွန်အိုရှေးဟာ အခုဆို ရင် အသက် ၃၆ နှစ်အရွယ်မှာ ကစားသမားဘဝကို အနားယူဖို့ ပြင်ဆင်နေပါပြီ။ မန်ယူ နောက်တန်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရတဲ့သူတစ်ယောက်မဟုတ်ခဲ့ပေမယ့်လည်း နည်း ပြကြီးဖာဂူဆန်ရဲ့လက်ထက်မှာ သူဟာ ဘယ်/ညာနောက်ခံလူ၊ ဗဟိုနောက်ခံလူနေရာ တွေအပြင် ၂၀၀၇ ခုနှစ် အာဆင်နယ်နဲ့ကစားသွားတဲ့ဖလားပွဲမှာဆိုရင် ကွင်းလယ်အ ဖျက်နေရာကနေကစားပြီး လှပတဲ့ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့သူပါ။

အိုင်းရစ်ချ်လူ ပြက်လို့သူ့ကို အသင်းဖော်တွေက ချစ်စနိုးနဲ့ခေါ်တဲ့ အိုရှေးဟာ မန်ယူအတွက် လိုအပ် တဲ့အချိန်မှာ ဂိုးသမားအဖြစ်လည်း ပွဲချိန်အတွင်းမှာ ကစားပေးခဲ့ပါသေးတယ်။ အဲဒီပွဲက စပါးအသင်းနဲ့ပွဲမှာဖြစ်ပြီး ဦးစားပေးဂိုးသမား ဗန်ဒါဆား နှာခေါင်းရိုးကျိုးသွားပြီး လူစား လဲဖို့ ၃ ယောက်ပြည့်သွားတဲ့အချိန်မှာ အိုရှေးက မန်ယူဂိုးပေါက်ကို တာဝန်ယူခဲ့တာဖြစ် ပါတယ်။

သူဟာ စပါးတိုက်စစ်မှူး ရော်ဘီကိန်းနဲ့တစ်ယောက်ချင်းအတွေ့ အပိုင်ကန် သွင်းချက်ကိုလည်း ဖျက်ထုတ်သွားနိုင်ခဲ့ပြီး အဲဒီပွဲမှာ ဂိုးမပေးခဲ့ရပါဘူး။ ပေးဂိုးမရှိမှတ် တမ်းအတွက် ဗန်ဒါဆားရဲ့အပိုဆုကြေးတစ်ဝက်ကို သူ ရသင့်တယ်လို့ အိုရှေးက ဟာသဖောက်ခဲ့ပါသေးတယ်။ အိုရှေးလိုမျိုး အသင်းလိုအပ်တဲ့အချိန်မှာ ဂိုးသမားနေရာ ကစားပေးခဲ့ရတဲ့ အခြားသူတွေလည်းရှိပါသေးတယ်။

ဂျာဂျီရယ်ကာ

အဲဗာတန်နောက်ခံလူဟောင်းဖြစ်ခဲ့တဲ့ ဂျာဂျီရယ်ကာတစ်ယောက် ရှက်ဖီးယူနိုက်တက် မှာကစားခဲ့တုန်းက အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းရဲ့လိုအပ်ချက် ကြောင့် ဂိုးသမားအဖြစ် မိနစ်ပိုင်းတာဝန်ယူခဲ့ရဖူးပါတယ်။

လူးကပ်စ်ရာဒီဘီ

လိဒ်စ်နောက်ခံလူဟောင်း လူးကပ်စ်ရာဒီဘီဟာ မန်ယူအသင်းနဲ့ကစားတဲ့ပွဲမှာ အသင်း ရဲ့ ဂိုးသမားအခက်အခဲကြောင့် ပွဲအစ ၁၅ မိနစ်မှာကတည်းက ဂိုးသမားဝင်လုပ်ခဲ့ရပြီး ၇၂ မိနစ်ကြာ ကစားပေးခဲ့ရပါတယ်။

ရီယိုဖာဒီနန်

၂၀၀၈ခုနှစ်က ပို့စ်မောက်အသင်းနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဖာဒီ နန်ဟာလည်း ပွဲချိန်အတွင်း မှာ ဗန်ဒါဆား ဒဏ်ရာရရှိသွားပြီး ဂိုးသမား သောမစ် ကူဇက်နဲ့ လူစားလဲခဲ့ပေမယ့် ကူဇက် ထုတ်ပယ်ခံလိုက်ရတာကြောင့် အစားထိုး ဂိုးသမားအဖြစ် ကစားခဲ့ရဖူးပါတယ်။

ဟယ်ရီကိန်း

စပါးရဲ့ဂိုးသွင်းစက်ဖြစ်တဲ့ ဟယ်ရီကိန်းကလည်း အသင်းလိုအပ်တဲ့အချိန်မှာ ဂိုးသမား ဖြစ်ခဲ့ဖူးပြီး စပါးရဲ့ယူရိုပါလိဂ်ပွဲစဉ်တစ်ခုမှာ ဖမ်းပေးခဲ့ရတာပါ။ ဒါပေမဲ့ တိုက်စစ်မှူး ဂိုး ဖမ်းတဲ့ ဟယ်ရီကိန်းက ပြိုင်ဘက်ရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက်ကို အမိအရမဖမ်းနိုင် ဘဲ လက်ထဲကလွတ်ကျပြီး ဂိုးပေးခဲ့ရပါတယ်။

သူတို့တွေလိုပဲ ဗီနီဂျုံးစ်၊ နေးကွင်း၊ ဟင်နရီလန်းစ်ဘယ်ရီနဲ့ ဂျန်ခိုလာတို့လို ကစားသမား တွေလည်း သူတို့ရဲ့အသင်းတွေအတွက် အခြေအနေအရ လိုအပ်တဲ့အခါမျိုးမှာ ဂိုးသမားတာဝန်ကို ယူခဲ့ဖူးကြပါတယ်။ ဘောလုံးလောကမှာ ဂိုးသမားမဟုတ်တဲ့သူတွေ ဂိုးဝင်ဖမ်းတာဟာ မြင်ရခဲတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး ပရိသတ်တွေအတွက်ကတော့ ကြည့်ရ တာ အမြင်တစ်မျိုးဖြစ်နေမှာ သေချာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြၽန္ေတာ္တို႔လည္း ဂိုးသမားျဖစ္ခဲ့ဖူးပါတယ္

တစ္ခ်ိန္က မန္ယူအသင္းမွာ ေနာက္ခံလူတစ္ေယာက္ျဖစ္ခဲ့တဲ့ ဂြၽန္အိုေရွးဟာ အခုဆို ရင္ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ ကစားသမားဘဝကို အနားယူဖို႔ ျပင္ဆင္ေနပါၿပီ။ မန္ယူ ေနာက္တန္းမွာ ပုံမွန္ပြဲထြက္ကစားခြင့္ရတဲ့သူတစ္ေယာက္မဟုတ္ခဲ့ေပမယ့္လည္း နည္း ျပႀကီးဖာဂူဆန္ရဲ႕လက္ထက္မွာ သူဟာ ဘယ္/ညာေနာက္ခံလူ၊ ဗဟိုေနာက္ခံလူေနရာ ေတြအျပင္ ၂၀၀၇ ခုႏွစ္ အာဆင္နယ္နဲ႔ကစားသြားတဲ့ဖလားပြဲမွာဆိုရင္ ကြင္းလယ္အ ဖ်က္ေနရာကေနကစားၿပီး လွပတဲ့ဂိုးတစ္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့သူပါ။

အိုင္းရစ္ခ်္လူ ျပက္လို႔သူ႔ကို အသင္းေဖာ္ေတြက ခ်စ္စႏိုးနဲ႔ေခၚတဲ့ အိုေရွးဟာ မန္ယူအတြက္ လိုအပ္ တဲ့အခ်ိန္မွာ ဂိုးသမားအျဖစ္လည္း ပြဲခ်ိန္အတြင္းမွာ ကစားေပးခဲ့ပါေသးတယ္။ အဲဒီပြဲက စပါးအသင္းနဲ႔ပြဲမွာျဖစ္ၿပီး ဦးစားေပးဂိုးသမား ဗန္ဒါဆား ႏွာေခါင္း႐ိုးက်ိဳးသြားၿပီး လူစား လဲဖို႔ ၃ ေယာက္ျပည့္သြားတဲ့အခ်ိန္မွာ အိုေရွးက မန္ယူဂိုးေပါက္ကို တာဝန္ယူခဲ့တာျဖစ္ ပါတယ္။

သူဟာ စပါးတိုက္စစ္မႉး ေရာ္ဘီကိန္းနဲ႔တစ္ေယာက္ခ်င္းအေတြ႕ အပိုင္ကန္ သြင္းခ်က္ကိုလည္း ဖ်က္ထုတ္သြားႏိုင္ခဲ့ၿပီး အဲဒီပြဲမွာ ဂိုးမေပးခဲ့ရပါဘူး။ ေပးဂိုးမရွိမွတ္ တမ္းအတြက္ ဗန္ဒါဆားရဲ႕အပိုဆုေၾကးတစ္ဝက္ကို သူ ရသင့္တယ္လို႔ အိုေရွးက ဟာသေဖာက္ခဲ့ပါေသးတယ္။ အိုေရွးလိုမ်ိဳး အသင္းလိုအပ္တဲ့အခ်ိန္မွာ ဂိုးသမားေနရာ ကစားေပးခဲ့ရတဲ့ အျခားသူေတြလည္းရွိပါေသးတယ္။

ဂ်ာဂ်ီရယ္ကာ

အဲဗာတန္ေနာက္ခံလူေဟာင္းျဖစ္ခဲ့တဲ့ ဂ်ာဂ်ီရယ္ကာတစ္ေယာက္ ရွက္ဖီးယူႏိုက္တက္ မွာကစားခဲ့တုန္းက အာဆင္နယ္ကို ၁-၀ နဲ႔ အႏိုင္ရတဲ့ပြဲမွာ အသင္းရဲ႕လိုအပ္ခ်က္ ေၾကာင့္ ဂိုးသမားအျဖစ္ မိနစ္ပိုင္းတာဝန္ယူခဲ့ရဖူးပါတယ္။

လူးကပ္စ္ရာဒီဘီ

လိဒ္စ္ေနာက္ခံလူေဟာင္း လူးကပ္စ္ရာဒီဘီဟာ မန္ယူအသင္းနဲ႔ကစားတဲ့ပြဲမွာ အသင္း ရဲ႕ ဂိုးသမားအခက္အခဲေၾကာင့္ ပြဲအစ ၁၅ မိနစ္မွာကတည္းက ဂိုးသမားဝင္လုပ္ခဲ့ရၿပီး ၇၂ မိနစ္ၾကာ ကစားေပးခဲ့ရပါတယ္။

ရီယိုဖာဒီနန္

၂၀၀၈ခုႏွစ္က ပို႔စ္ေမာက္အသင္းနဲ႔ကစားခဲ့တဲ့ အက္ဖ္ေအဖလားကြာတားဖိုင္နယ္မွာ ဖာဒီ နန္ဟာလည္း ပြဲခ်ိန္အတြင္း မွာဗန္ဒါဆား ဒဏ္ရာရရွိသြားၿပီး ဂိုးသမား ေသာမစ္ ကူဇက္နဲ႔ လူစားလဲခဲ့ေပမယ့္ ကူဇက္ ထုတ္ပယ္ခံလိုက္ရတာေၾကာင့္ အစားထိုး ဂိုးသမားအျဖစ္ ကစားခဲ့ရဖူးပါတယ္။

ဟယ္ရီကိန္း

စပါးရဲ႕ဂိုးသြင္းစက္ျဖစ္တဲ့ ဟယ္ရီကိန္းကလည္း အသင္းလိုအပ္တဲ့အခ်ိန္မွာ ဂိုးသမား ျဖစ္ခဲ့ဖူးၿပီး စပါးရဲ႕ယူ႐ိုပါလိဂ္ပြဲစဥ္တစ္ခုမွာ ဖမ္းေပးခဲ့ရတာပါ။ ဒါေပမဲ့ တိုက္စစ္မႉး ဂိုး ဖမ္းတဲ့ ဟယ္ရီကိန္းက ၿပိဳင္ဘက္ရဲ႕ျပစ္ဒဏ္ေဘာကန္သြင္းခ်က္ကို အမိအရမဖမ္းႏိုင္ ဘဲ လက္ထဲကလြတ္က်ၿပီး ဂိုးေပးခဲ့ရပါတယ္။

သူတို႔ေတြလိုပဲ ဗီနီဂ်ဳံးစ္၊ ေနးကြင္း၊ ဟင္နရီလန္းစ္ဘယ္ရီနဲ႔ ဂ်န္ခိုလာတို႔လို ကစားသမား ေတြလည္း သူတို႔ရဲ႕အသင္းေတြအတြက္ အေျခအေနအရ လိုအပ္တဲ့အခါမ်ိဳးမွာ ဂိုးသမားတာဝန္ကို ယူခဲ့ဖူးၾကပါတယ္။ ေဘာလုံးေလာကမွာ ဂိုးသမားမဟုတ္တဲ့သူေတြ ဂိုးဝင္ဖမ္းတာဟာ ျမင္ရခဲတဲ့ျဖစ္ရပ္တစ္ခုျဖစ္ၿပီး ပရိသတ္ေတြအတြက္ကေတာ့ ၾကည့္ရ တာ အျမင္တစ္မ်ိဳးျဖစ္ေနမွာ ေသခ်ာပါတယ္။