ကျွန်တော်တို့ ဂိုးတွေအများကြီးပေးနေရပေမယ့် ဂိုးကန်သွင်းခွင့်တွေအများကြီး ပေးနေရတာမျိုးမဟုတ်ပါဘူး-လမ်းပတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းရဲ့ ပေးဂိုးများနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အသင်းရဲ့နည်းဗျူဟာ၊ ကစား ကွက်တွေအပေါ် နည်းပြလမ်းပတ်က ပြောင်းလဲသွားမှာမဟုတ်တဲ့အကြောင်း ပြော ကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လမ်းပတ်လက်ထက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၄၃ ပွဲ မှာ ပေးဂိုး ၆၃ ဂိုးအထိရှိနေခဲ့ပြီး ပြီးခဲ့တဲ့ဆောက်သမ်တန်နဲ့ပွဲမှာဆိုရင်လည်း ၃-၃ သရေကျခဲ့ပါတယ်။

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လမ်းပတ်က “ကျွန်တော်တို့က ဂိုးတွေ ပေးနေရတယ်ဆိုပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်တွေ အများကြီးပေးနေတာမဟုတ်ပါ ဘူး။ အခုချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အသင်းအတော်များများက ဂိုးတွေပေးနေရတာပါ။ ဂိုးပေးရတဲ့အချက်အလက်တွေကိုပဲကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ ပေးဂိုးများ တယ်လို့ပြောနိုင်ပေမယ့် ဂိုးပေါက်ကန်သွင်းခံရတဲ့ အကြိမ်အရေအတွက်မှတ်တမ်းနဲ့ ကြည့်မယ်ဆိုရင် မန်စီးတီးပြီးရင် ကျွန်တော်တို့က ဒုတိယအနည်းဆုံးပါပဲ။”

“ကျွန်တော်က ကစားသမားဘဝမှာ ကွင်းလယ်တိုက်စစ်ဖြစ်ပြီး တိုက်စစ်အားသန်တဲ့သူဖြစ်ပေမယ့် နည်းပြတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်အသင်းကို တိုက်စစ်၊ ခံစစ် ဟန်ချက်ညီနေတဲ့ အသင်းမျိုးပဲဖြစ်နေစေချင်တာပါ။ အခုချိန်မှာ အသင်းက ကစား သမားသစ်တွေနဲ့ အထိုင်ကျဖို့ကစားနေရတဲ့အချိန်ဖြစ်တဲ့အတွက် နောက်ပိုင်းအားလုံး အသားကျသွားရင် ရလဒ်တွေက ဒီထက်ပိုပြီးကောင်းလာနိုင်ပါတယ်” လို့ ပြောကြားသွား ခဲ့ပါတယ်။

ဒါ့အပြင် ဆောက်သမ်တန်နဲ့ပွဲမှာ နောက်ကျချေပဂိုးပေးလိုက် ရတာနဲ့ပတ်သက်ပြီး သူကိုယ်တိုင်မနှစ်မြို့သလို အသင်းသားတွေလည်း ဒါကိုမကြိုက်ပါဘူး” လို့လည်း ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မနှစ်က ယူရို ပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းနဲ့ အိမ်ကွင်းမှာကစားရဖို့ရှိနေပြီး စနေညမှာတော့ မန်ယူ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကစားရဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ ချဲလ်ဆီးက ပရီးမီး ယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၁၃ ဂိုးသွင်းယူထားပြီး ၉ ဂိုး ပြန်ပေးထားရပါတယ်။ ရလဒ်ပိုင်းအ နေအထားအရ အဝေးကွင်းမှာ ရှုံးပွဲမရှိပေမယ့် အိမ်ကွင်းမှာ ၁ ပွဲပဲနိုင်ပြီး ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးရလဒ်ရှိနေတဲ့အတွက် ရာသီသစ်မစခင် ပေါင်သန်း ၂၀၀ ကျော် အသုံးပြုထားတဲ့ အ ပြောင်းအရွှေ့ဈေးကွက်က အသုံးစရိတ်ကြောင့် ဒီထက်ပိုပြီး ရလဒ်တွေတိုးတက် ကောင်းမွန်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကၽြန္ေတာ္တို႔ ဂိုးေတြအမ်ားႀကီးေပးေနရေပမယ့္ ဂိုးကန္သြင္းခြင့္ေတြအမ်ားႀကီး ေပးေနရတာမ်ဳိးမဟုတ္ပါဘူး-လမ္းပတ္

ခ်ဲလ္ဆီးအသင္းရဲ႕ ေပးဂိုးမ်ားေနတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အသင္းရဲ႕နည္းဗ်ဴဟာ၊ ကစား ကြက္ေတြအေပၚ နည္းျပလမ္းပတ္က ေျပာင္းလဲသြားမွာမဟုတ္တဲ့အေၾကာင္း ေျပာ ၾကားသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ လမ္းပတ္လက္ထက္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၄၃ ပြဲ မွာ ေပးဂိုး ၆၃ ဂိုးအထိရွိေနခဲ့ၿပီး ၿပီးခဲ့တဲ့ေဆာက္သမ္တန္နဲ႔ပြဲမွာဆိုရင္လည္း ၃-၃ သေရက်ခဲ့ပါတယ္။

ဒါေပမဲ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး လမ္းပတ္က “ကၽြန္ေတာ္တို႔က ဂိုးေတြ ေပးေနရတယ္ဆိုေပမယ့္ ဂိုးေပါက္ကန္သြင္းခြင့္ေတြ အမ်ားႀကီးေပးေနတာမဟုတ္ပါ ဘူး။ အခုခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ အသင္းအေတာ္မ်ားမ်ားက ဂိုးေတြေပးေနရတာပါ။ ဂိုးေပးရတဲ့အခ်က္အလက္ေတြကိုပဲၾကည့္မယ္ဆုိရင္ေတာ့ ကၽြန္ေတာ္တို႔ ေပးဂိုးမ်ား တယ္လုိ႔ေျပာႏိုင္ေပမယ့္ ဂိုးေပါက္ကန္သြင္းခံရတဲ့ အႀကိမ္အေရအတြက္မွတ္တမ္းနဲ႔ ၾကည့္မယ္ဆိုရင္ မန္စီးတီးၿပီးရင္ ကၽြန္ေတာ္တုိ႔က ဒုတိယအနည္းဆံုးပါပဲ။”

“ကၽြန္ေတာ္က ကစားသမားဘ၀မွာ ကြင္းလယ္တိုက္စစ္ျဖစ္ၿပီး တိုက္စစ္အားသန္တဲ့သူျဖစ္ေပမယ့္ နည္းျပတစ္ေယာက္အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ကိုယ့္အသင္းကို တိုက္စစ္၊ ခံစစ္ ဟန္ခ်က္ညီေနတဲ့ အသင္းမ်ဳိးပဲျဖစ္ေနေစခ်င္တာပါ။ အခုခ်ိန္မွာ အသင္းက ကစား သမားသစ္ေတြနဲ႔ အထိုင္က်ဖို႔ကစားေနရတဲ့အခ်ိန္ျဖစ္တဲ့အတြက္ ေနာက္ပိုင္းအားလံုး အသားက်သြားရင္ ရလဒ္ေတြက ဒီထက္ပိုၿပီးေကာင္းလာႏိုင္ပါတယ္” လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

ဒါ့အျပင္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ေနာက္က်ေခ်ပဂိုးေပးလိုက္ ရတာနဲ႔ပတ္သက္ၿပီး သူကိုယ္တိုင္မႏွစ္ၿမိဳ႕သလို အသင္းသားေတြလည္း ဒါကိုမႀကိဳက္ပါဘူး” လို႔လည္း ေျပာသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ မႏွစ္က ယူရို ပါလိဂ္ခ်န္ပီယံ ဆီဗီလာအသင္းနဲ႔ အိမ္ကြင္းမွာကစားရဖို႔ရွိေနၿပီး စေနညမွာေတာ့ မန္ယူ အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲကစားရဖို႔ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးက ပရီးမီး ယားလိဂ္ပြဲစဥ္ ၅ ပြဲမွာ ၁၃ ဂိုးသြင္းယူထားၿပီး ၉ ဂိုး ျပန္ေပးထားရပါတယ္။ ရလဒ္ပိုင္းအ ေနအထားအရ အေ၀းကြင္းမွာ ရႈံးပြဲမရွိေပမယ့္ အိမ္ကြင္းမွာ ၁ ပြဲပဲႏိုင္ၿပီး ၁ ပြဲသေရ၊ ၁ ပြဲ ရႈံးရလဒ္ရွိေနတဲ့အတြက္ ရာသီသစ္မစခင္ ေပါင္သန္း ၂၀၀ ေက်ာ္ အသံုးျပဳထားတဲ့ အ ေျပာင္းအေရႊ႕ေစ်းကြက္က အသံုးစရိတ္ေၾကာင့္ ဒီထက္ပိုၿပီး ရလဒ္ေတြတိုးတက္ ေကာင္းမြန္ဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတာပဲ ျဖစ္ပါတယ္။