
မန်ယူအသင်းဟာ မနက်ဖြန်ည သန်းခေါင်ကျော် မြန်မာစံတော်ချိန်
(၁) နာရီ မိနစ် (၃၀) မှာတော့ ချန်ပီယံလိဂ် တတိယမြောက် အုပ်စုပွဲစဉ်အဖြစ်
အတ္တလန်တာအသင်းကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်ရမှာပါ။
ချန်ပီယံလိဂ်မှာ (၂) ပွဲကစားပြီး (၃) မှတ်သာ ရထားသေးတဲ့ မန်ယူအသင်းအနေနဲ့
အုပ်စုအဆင့်ကနေတက်ဖို့အတွက် အဆိုပါ အိမ်ကွင်းပွဲစဉ်မှာ မဖြစ်မနေ
အနိုင် (၃) မှတ်ရဖို့ လိုအပ်နေပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အတ္တလန်တာအသင်းကနေ
မန်ယူအသင်းကို ရောက်ရှိလာခဲ့တဲ့ လူငယ်ကစားသမား အာမက်ဒီယာလိုကတော့
၎င်းရဲ့ အသင်းဟောင်းကို လျော့တွက်လို့ မဖြစ်တဲ့အကြောင်း ပွဲမတိုင်မီမှာ အသင်းဖော်တွေကို
သတိပေးစကားပြောလိုက်ပါတယ်။ ” ကျွန်တော်တို့ အတ္တလန်တာအသင်းနဲ့
ပွဲစဉ်ကို ပေါ့ဆလို့ မရပါဘူး။ လျှော့တွက်မိရင်တော့ အသင်းအနေနဲ့ ပေးဆပ်မှု
ကြီးမားသွားပါလိမ့်မယ်။ အထူးသဖြင့် အဲ့ဒီအသင်းရဲ့ တောင်ပံ ကစားသမားတွေဖြစ်တဲ့
ဂိုဆန် နဲ့ မာလီနော့စကီး တို့ဟာ သန်မာတဲ့ ကစားသမားတွေဖြစ်ပြီး
သူတို့ကို ထိန်းကျောင်းဖို့ရော ၊ ဖြတ်ကျော်ဖို့ပါ ခက်ခဲပါလိမ့်မယ်”
“သူတို့ခြေထောက်ထဲမှာ ဘောလုံး ရှိ မနေတဲ့အချိန်တွေမှာတောင် တောင်ပံ
တစ်လျှောက် အတက်အဆင်း လုပ်ပြီး ပြေးလွှားနေတတ်တဲ့သူတွေပါ။
သူတို့နှစ်ဦးကတော့ အဓိက သတိထားရမယ့် ကစားသမားတွေဖြစ်ပြီး
ကျွန်တော်တို့ အသင်းရဲ့ ကစားသမားတွေကို ခက်ခဲစေမှာပါ” လို့ အာမက်ဆိုပါတယ်။
အာမက်အနေနဲ့ကတော့ အသင်းဟောင်း အတ္တလန်တာနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်
ပွဲစဉ်မှာ မန်ယူအသင်းနဲ့ အတူ ပါဝင်ကစားဖို့ အလားအလာ အလွန်နည်းပါးပြီး
အရန်လူစာရင်းမှာသာ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။
အာမက်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက့် လာမယ့်
ဇန်နဝါရီလမှာ အငှားထွက်ကစားဖို့လည်းရှိနေတာဖြစ်ပါတယ်။
zawgyi
ကြၽန္ေတာ္တို႔ အတၱလန္တာအသင္းနဲ႔ ပြဲစဥ္ကို ေပါ့ဆလို႔ မရပါဘူး။ ေလွ်ာ့တြက္မိရင္ေတာ့ အသင္းအေနနဲ႔ ေပးဆပ္မႈ ႀကီးမားသြားပါလိမ့္မယ္ – အာမက္
မန္ယူအသင္းဟာ မနက္ျဖန္ည သန္းေခါင္ေက်ာ္ ျမန္မာစံေတာ္ခ်ိန္
(၁) နာရီ မိနစ္ (၃၀) မွာေတာ့ ခ်န္ပီယံလိဂ္ တတိယေျမာက္ အုပ္စုပြဲစဥ္အျဖစ္
အတၱလန္တာအသင္းကို အိမ္ကြင္းမွာလက္ခံယွဥ္ၿပိဳင္ရမွာပါ။
ခ်န္ပီယံလိဂ္မွာ (၂) ပြဲကစားၿပီး (၃) မွတ္သာ ရထားေသးတဲ့ မန္ယူအသင္းအေနနဲ႔
အုပ္စုအဆင့္ကေနတက္ဖို႔အတြက္ အဆိုပါ အိမ္ကြင္းပြဲစဥ္မွာ မျဖစ္မေန
အႏိုင္ (၃) မွတ္ရဖို႔ လိုအပ္ေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ
အတၱလန္တာအသင္းကေန မန္ယူအသင္းကို ေရာက္ရွိလာခဲ့တဲ့
လူငယ္ကစားသမား အာမက္ ဒီယာလိုကေတာ့ ၎ရဲ႕ အသင္းေဟာင္းကို
ေလ်ာ့တြက္လို႔ မျဖစ္တဲ့အေၾကာင္း ပြဲမတိုင္မီမွာ အသင္းေဖာ္ေတြကို
သတိေပးစကားေျပာလိုက္ပါတယ္။ ” ကြၽန္ေတာ္တို႔ အတၱလန္တာအသင္းနဲ႔
ပြဲစဥ္ကို ေပါ့ဆလို႔ မရပါဘူး။ ေလွ်ာ့တြက္မိရင္ေတာ့ အသင္းအေနနဲ႔ ေပးဆပ္မႈ
ႀကီးမားသြားပါလိမ့္မယ္။ အထူးသျဖင့္ အဲ့ဒီအသင္းရဲ႕ ေတာင္ပံ ကစားသမားေတြျဖစ္တဲ့
ဂိုဆန္ နဲ႔ မာလီေနာ့စကီး တို႔ဟာ သန္မာတဲ့ ကစားသမားေတြျဖစ္ၿပီး
သူတို႔ကို ထိန္းေက်ာင္းဖို႔ေရာ ၊ ျဖတ္ေက်ာ္ဖို႔ပါ ခက္ခဲပါလိမ့္မယ္”
“သူတို႔ေျခေထာက္ထဲမွာ ေဘာလုံး ရွိ မေနတဲ့အခ်ိန္ေတြမွာေတာင္ ေတာင္ပံ
တစ္ေလွ်ာက္ အတက္အဆင္း လုပ္ၿပီး ေျပးလႊားေနတတ္တဲ့သူေတြပါ။
သူတို႔ႏွစ္ဦးကေတာ့ အဓိက သတိထားရမယ့္ ကစားသမားေတြျဖစ္ၿပီး
ကြၽန္ေတာ္တို႔ အသင္းရဲ႕ ကစားသမားေတြကို ခက္ခဲေစမွာပါ” လို႔ အာမက္ဆိုပါတယ္။
အာမက္အေနနဲ႔ကေတာ့ အသင္းေဟာင္း အတၱလန္တာနဲ႔ ျပန္လည္ရင္ဆိုင္ရမယ့္
ပြဲစဥ္မွာ မန္ယူအသင္းနဲ႔ အတူ ပါဝင္ကစားဖို႔ အလားအလာ အလြန္နည္းပါးၿပီး
အရန္လူစာရင္းမွာသာ ပါဝင္လာႏိုင္ဖြယ္ရွိပါတယ္။
အာမက္အေနနဲ႔ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက့္ လာမယ့္
ဇန္နဝါရီလမွာ အငွားထြက္ကစားဖို႔လည္းရွိေနတာျဖစ္ပါတယ္။