ကျွန်တော် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ကြံ့ခိုင်မှု တိုးတက် ကောင်းမွန်နေပါပြီ။ ပွဲ ပြန်ကစားနိုင်ဖို့အတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ် – ရက်ရှ်ဖို့ဒ်

မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ စနေနေ့ညမှာ ကစားမယ့်

လက်စတာအသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားဖို့ အသင့်ရှိနေပြီလို့သိရပါတယ်။

ပခုံးဒဏ်ရာ ခွဲစိတ်ပြီးနောက် ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်ခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ

လတ်တလောမှာတော့ အကောင်းဆုံးပုံစံပြန်ရနေပြီး အသင်းလိုက် လေ့ကျင့်ခန်းတွေကို

ပူးပေါင်းနေနိုင်ပြီဖြစ်ကာ ဘလက်ဘန်းအသင်း နဲ့ တံခါးပိတ် ခြေစမ်းပွဲမှာလည်း

ပါဝင်ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

” မနှစ်က ဘောလုံးရာသီက ကျွန်တော့်အတွက်

ရှည်ကြာပြီး ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ခဲ့တယ်။ ပခုံးဒဏ်ရာကို ကုစားနေရင်းနဲ့ပဲ

ပြီးခဲ့ စက်တင်ဘာလလောက်တုန်းက အသေးစား ဒဏ်ရာတစ်ခု ထပ်ရခဲ့တယ်။

အခုတော့ ကျွန်တော်အားလုံးအဆင်ပြေနေပြီး အကောင်းဆုံး ပုံစံမှာရှိနေပါတယ်။

” ကျွန်တော် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ကြံ့ခိုင်မှု တိုးတက်

ကောင်းမွန်နေပါပြီ။ ပွဲ ပြန်ကစားနိုင်ဖို့အတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်” လို့

ရက်ရှ်ဖို့ဒ်က ဆိုထားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာတုန်းကလည်း

လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာပဲ ပခုံးဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ ရက်ရှ်ဖို့ဒ်ကို အလောတကြီး အသုံးပြုဖို့ စဉ်းစားထားခြင်း

မရှိတာကြောင့် ရက်ရှ်ဖို့ဒ်ဘက်က အသင့်ဖြစ်နေလင့်ကစား လက်စတာနဲ့ပွဲစဉ်မှာတော့

ပါဝင်လာနိုင်ဖို့ ရာခိုင်နှုန်းနည်းပါးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား

ကိုယ်တိုင်ကတော့ ဒီလ (၂၃) ရက်နေ့မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်အမီ

ပြန်လည်ကစားနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

zawgyi

ကြၽန္ေတာ္ စိတ္ပိုင္းဆိုင္ရာ အရေရာ ၊ ႐ုပ္ပိုင္းဆိုင္ရာ အရပါ ႀကံ့ခိုင္မႈ တိုးတက္ ေကာင္းမြန္ေနပါၿပီ။ ပြဲ ျပန္ကစားႏိုင္ဖို႔အတြက္လည္း အေကာင္းဆုံး ျပင္ဆင္ထားပါတယ္ – ရက္ရွ္ဖို႔ဒ္

မန္ယူအသင္းရဲ႕ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာ စေနေန႔ညမွာ ကစားမယ့္

လက္စတာအသင္းနဲ႔ ပြဲစဥ္ကို ပါဝင္ကစားဖို႔ အသင့္ရွိေနၿပီလို႔သိရပါတယ္။

ပခုံးဒဏ္ရာ ခြဲစိတ္ၿပီးေနာက္ ႀကံ့ခိုင္မႈ ျပန္လည္ တည္ေဆာက္ခဲ့ရတဲ့ ရက္ရွ္ဖို႔ဒ္ဟာ

လတ္တေလာမွာေတာ့ အေကာင္းဆုံးပုံစံျပန္ရေနၿပီး အသင္းလိုက္ ေလ့က်င့္ခန္းေတြကို

ပူးေပါင္းေနႏိုင္ၿပီျဖစ္ကာ ဘလက္ဘန္းအသင္း နဲ႔ တံခါးပိတ္ ေျခစမ္းပြဲမွာလည္း

ပါဝင္ကစားခဲ့ၿပီး ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ” မႏွစ္က ေဘာလုံးရာသီက ကြၽန္ေတာ့္အတြက္

ရွည္ၾကာၿပီး ခက္ခဲတဲ့ ရာသီတစ္ခုျဖစ္ခဲ့တယ္။ ပခုံးဒဏ္ရာကို ကုစားေနရင္းနဲ႔ပဲ

ၿပီးခဲ့ စက္တင္ဘာလေလာက္တုန္းက အေသးစား ဒဏ္ရာတစ္ခု ထပ္ရခဲ့တယ္။

အခုေတာ့ ကြၽန္ေတာ္အားလုံးအဆင္ေျပေနၿပီး အေကာင္းဆုံး ပုံစံမွာရွိေနပါတယ္။

” ကြၽန္ေတာ္ စိတ္ပိုင္းဆိုင္ရာ အရေရာ ၊ ႐ုပ္ပိုင္းဆိုင္ရာ အရပါ ႀကံ့ခိုင္မႈ တိုးတက္

ေကာင္းမြန္ေနပါၿပီ။ ပြဲ ျပန္ကစားႏိုင္ဖို႔အတြက္လည္း အေကာင္းဆုံး ျပင္ဆင္ထားပါတယ္” လို႔

ရက္ရွ္ဖို႔ဒ္က ဆိုထားပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ ႏွစ္ ႏိုဝင္ဘာတုန္းကလည္း

လက္စတာအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာပဲ ပခုံးဒဏ္ရာကို ရရွိခဲ့တာျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွားကေတာ့ ရက္ရွ္ဖို႔ဒ္ကို အေလာတႀကီး အသုံးျပဳဖို႔ စဥ္းစားထားျခင္း

မရွိတာေၾကာင့္ ရက္ရွ္ဖို႔ဒ္ဘက္က အသင့္ျဖစ္ေနလင့္ကစား လက္စတာနဲ႔ပြဲစဥ္မွာေတာ့

ပါဝင္လာႏိုင္ဖို႔ ရာခိုင္ႏႈန္းနည္းပါးေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ကစားသမား

ကိုယ္တိုင္ကေတာ့ ဒီလ (၂၃) ရက္ေန႔မွာ ကစားမယ့္ လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္အမီ

ျပန္လည္ကစားႏိုင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။