ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ပေမယ့် အနီကတ်အစား အဝါကတ်သာ ပြခံခဲ့ရတဲ့ ရော်နယ်ဒို
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကနယူးကာဆယ်နှင့်ပွဲတွင်
ရိုင်ယန်ဖရေဇာကို ကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ပေမယ့်လည်း
အနီကတ်ပြထုတ်ပယ်ခြင်းမခံခဲ့ရဘဲအဝါကတ်သာပြသခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်စူပါစတားဟာဘောလုံးကိုဒေါသတကြီးကန်ရန်ကြိုးပမ်းခဲ့ပေမယ့်
ဖရေဇာကဦးသွားခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာဖရေဇာကို
ခန္ဓာကိုယ်နှင့်တိုက်လှဲခဲ့ပါတယ်။ဒါပေမဲ့ဒိုင်လူကြီးဟာ
ခရစ္စတီယာနိုရော်နယ်ဒိုကိုအနီကတ်မပြဘဲအဝါကတ်သာပြသခဲ့ပါတယ်။
မနေ့ညတုန်းကနယူးကာဆယ်နှင့်ပွဲမှာယူနိုက်တက်ဟာကံကောင်းထောက်မလို့
တစ်ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ဟာစိန့်မက်ဆီမန်ရဲ့
ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၇၁မိနစ်မှာလူစားဝင်လာတဲ့ကာဗာနီရဲ့ချေပဂိုးကြောင့်
သရေကျခဲ့တာပါ။နယူးကာဆယ်ရဲ့အပိုင်ကန်ချက်များကို ဒီဂီယာလက်စွမ်းပြ
ကာကွယ်သွားခဲ့လို့ယူနိုက်တက်တို့ ဂိုးပြတ်မရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
zawgyi