
မန်ယူမှာ ကစားသွားခဲ့ဖူးတဲ့ ဂျပန်ကွင်းလယ်ကစားသမားဟောင်း ရှင်ဂျီကာဂါဝါကတော့
မန်ယူအတွက်ကစားခဲ့စဉ်က နာမည်ကျော် ဂျပန်အပြာမင်းသမီးလေး အမီရီအီချီနိုဆီနဲ့
ချစ်ကြိုးသွယ်ခဲ့ကြတယ်လို့ ဗြိတိန်မီဒီယာတွေက နောက်ကြောင်းလှန် ဖော်ထုတ်လိုက်ပါတယ်။
ကာဂါဝါဟာ ၂၀၁၂ ခုနစ်အတွင်းမှာ ဒေါ့မွန်ကနေ မန်ယူကို ပြောင်းရွေ့ခဲ့သူပါ။
သူ့ကို အဲ့ဒိအချိန်က မန်ယူနည်းပြကြီး ဆာအဲလက်စ်က ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြမှုအရတော့ ကာဂါဝါဟာ အဲ့ဒိအချိန်တွေတုန်းက
သူ့ရဲ့ ဇာတိနိုင်ငံက အပြာမင်းသမီးလေး အီချီနိုဆီနဲ့ ချစ်သူတွေဖြစ်နေကြတယ်လို့ဆိုပါတယ်။
အီချီနိုဆီဟာ မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့ပြီးနောက် အသက် ၁၈ နှစ်အရွယ်သာရှိသေးချိန်၊
၂၀၀၆ ခုနှစ်အတွင်းက အပြာသရုပ်ဆောင်လောကအတွင်းသို့ ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။
သူမဟာ ဂျပန်မှာလည်း နာမည်ကြီးသလို P.o.r.n.H.u.b ဝက်ဘ်ဆိုက် မှာဆိုရင်လည်း
သူမရဲ့ သရုပ်ဆောင်ထားမှု ဗီဒီယိုဖိုင်တိုတွေကို ဝင်ရောက်ကြည့်ရူတဲ့ပရိသတ်ပေါင်း
၇ သန်းကျော်အထိ ရှိနေသူလည်းဖြစ်ပါတယ်။
အီချီနိုဆီဟာ လိင်မှုရေးရာနဲ့ ပတ်သက်ပြီးတော့လည်း အရင်တုန်းက အခုလိုပြောခဲ့ဖူးပါတယ်။
” ကြမ်းမှပဲ ကြိုက်တယ်” တဲ့။ ကာဂါဝါကတော့ ပရီးမီးယားလိဂ်ရောက်စ ပထမဆုံးရာသီမှာပဲ ချန်ပီယံဖလားရခဲ့ပါတယ်။
ဒါပေမယ့် မန်ယူမှာကစားခဲ့တဲ့ ကာလအတွင်း ဒူးဒဏ်ရာ မကြာခဏရခဲ့လို့ ပုံမှန်မကစားနိုင်ခဲ့ပါဘူး။
မန်ယူမှာကစားခဲ့တဲ့ ၂ နှစ်အတွင်း ဒူးဒဏ်ရာရခဲ့သလို ၂ ဂိုးပဲသွင်းနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါမှာ
ပြန်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ကာဂါဝါဟာ စပိန်နဲ့ ဂရိလိဂ်တွေမှာလည်း ကစားခဲ့ဖူးသလို
လက်ရှိအချိန်မှာတော့ ဘယ်လ်ဂျ်ယန်ကလပ် စိန့်ထရူဒင်မှာ ကစားနေပါတယ်။
မန်ယူမှာကစားနေစဉ် ဒူးဒဏ်ရာတွေရခဲ့တာ၊ ၂ ဂိုးပဲသွင်းနိုင်ခဲ့တာတွေက နာမည်ကြီး အပြာမင်းသမီးလေး
အီချီနိုဆီနဲ့ ချစ်သူတွေဖြစ်ခဲ့ကြလို့လားဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
Zawgyi
ကြမ်းမှ ကြိုက်တယ်ဆိုတဲ့ အပြာမင်းသမီးလေးနဲ့ ကာဂါဝါတို့ဇာတ်လမ်း
လက်ရှိအချိန်မှာတော့ ဘယ်လ်ဂ်ျယန်ကလပ် စိန့်ထရူဒင်မှာ ကစားနေပါတယ်။