ကြယ် ၅ ပွင့် မန်ယူအောင်ပွဲနောက်ကွယ်က ထူးခြားချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနှစ်က ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တဲ့ လိုက်ဇစ်ကို မန်ယူဟာ အိမ်ကွင်းမှာ ၅ ဂိုးပြတ်သွင်းပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။

တကယ်တော့ သင်္ချာနည်း အရတွက်မယ်ဆိုရင် မနှစ်က ဆီမီးဖိုင်နယ်မှာ လိုက်ဇစ်ဟာ ပီအက်စ်ဂျီကို ရှုံးခဲ့တာဖြစ်ပြီး လောလောဆယ် မန်ယူက ပီအက်စ်ဂျီကိုနိုင်ထားတာဖြစ်တဲ့အ တွက် ဒီပွဲမှာ မန်ယူအနိုင်ရဖို့က ဖြစ်သင့်တဲ့အရာပါ။

မန်ယူရဲ့ဂိုးပြတ်အောင်ပွဲအပြီး ပရိသတ်တွေမသိသေးတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် ချန်ပီယံလိဂ်မှာ အိမ်ကွင်း၊ အဝေးကွင်း ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့သူဖြစ်လာပြီး ၂၀၀၃ ဧပြီတုန်းက ဒေးဗစ်ဘက်ခမ်း ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ လူစားဝင်လာပြီး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့နောက်ပိုင်း ချန်ပီယံ လိဂ်မှာ ပထမဆုံးလူစားဝင် ၂ ဂိုးအထက် သွင်းနိုင်တဲ့သူဖြစ်လာပါတယ်။

၂။ နည်းပြဆိုးလ်ရှား ၁၉၉၉ တုန်းက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ လူစားဝင်လာ ပြီး ဟက်ထရစ်ရခဲ့ပြီးနောက်ပိုင်း ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် လူစားဝင်လာပြီးမှ ဟက်ထရစ်ရတဲ့ ကစားသမားအဖြစ် တစ်ကျော့ပြန်ရှိလာခဲ့တာပါ။

၃။ အဖွင့်ဂိုးသွင်းခဲ့တဲ့ ဂရင်းဝုဒ်ဟာ ဥရောပပြိုင်ပွဲအဆင့်မှာ သွင်းဂိုး ၆ ဂိုးပြည့်တဲ့ ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပြီး ရက်ရှ်ဖို့ဒ်တုန်းကစံချိန်နဲ့ တူသွားခဲ့ပါ တယ်။

၄။ ဖေဖော်ဝါရီ ၂၀၂၀ ရောက်လာခဲ့ပြီးနောက်ပိုင်း ဖာနန်ဒက်စ်ဟာ အသင်းအ တွက် ဂိုးဖန်တီးမှု ၁၂ ကြိမ်လုပ်ပေးထားနိုင်ခဲ့ပြီး ဆိုးလ်ရှား စတင်တာဝန်ယူတဲ့ ၂၀၁၈ ဒီဇင်ဘာကနေစပြီး ဘယ်မန်ယူကစားသမားကမှ သူ့လောက် ဂိုးဖန်တီးမှု မလုပ်ပေးနိုင်ခဲ့ပါဘူး။

၅။ ဒီနှစ်ချန်ပီယံလိဂ်မှာ မန်ယူအသင်းဟာ ပြိုင်ဘက်အသင်းက ကစားသမားတွေ ရဲ့ ဂိုးသွင်းတာကိုမခံရသေးပါဘူး။

၆။ မန်ယူအသင်း ပင်နယ်တီရတဲ့အလုံးကို ပင်နယ်တီကန်သွင်းခွင့် တာဝန်ယူ ထားတဲ့ ဖာနန်ဒက်စ်မကန်ခဲ့သလို အဲဒီအချိန်မှာ ဟက်ထရစ်မရသေးတဲ့ ရက်ရှ် ဖို့ဒ်လည်း မကန်ခဲ့ပါဘူး။ ဒါ့အပြင် တိုက်စစ်မှူး ကာဗာနီလည်း မကန်သွင်းခဲ့ဘဲ မာရှယ်ကို ကန်သွင်းစေခဲ့တာ ဒီပွဲရဲ့ထူးခြားမှုတစ်ခုပါပဲ။

၇။ ဒီနိုင်ပွဲဟာ မန်ယူအတွက် ဒီရာသီမှာ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်ရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၾကယ္ ၅ ပြင့္ မန္ယူေအာင္ပြဲေနာက္ကြယ္က ထူးျခားခ်က္မ်ား

မႏွစ္က ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အထိ တက္ႏိုင္ခဲ့တဲ့ လိုက္ဇစ္ကို မန္ယူဟာ အိမ္ကြင္းမွာ ၅ ဂိုးျပတ္သြင္းၿပီး အႏိုင္ယူႏိုင္ခဲ့ပါတယ္။

တကယ္ေတာ့ သခ်ၤာနည္း အရတြက္မယ္ဆုိရင္ မႏွစ္က ဆီမီးဖိုင္နယ္မွာ လိုက္ဇစ္ဟာ ပီအက္စ္ဂ်ီကို ရႈံးခဲ့တာျဖစ္ၿပီး ေလာေလာဆယ္ မန္ယူက ပီအက္စ္ဂ်ီကိုႏိုင္ထားတာျဖစ္တဲ့အ တြက္ ဒီပြဲမွာ မန္ယူအႏိုင္ရဖို႔က ျဖစ္သင့္တဲ့အရာပါ။

မန္ယူရဲ႕ဂိုးျပတ္ေအာင္ပြဲအၿပီး ပရိသတ္ေတြမသိေသးတဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအသင္းအတြက္ ခ်န္ပီယံလိဂ္မွာ အိမ္ကြင္း၊ အေ၀းကြင္း ၂ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္တဲ့သူျဖစ္လာၿပီး ၂၀၀၃ ဧၿပီတုန္းက ေဒးဗစ္ဘက္ခမ္း ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ လူစား၀င္လာၿပီး ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ေနာက္ပိုင္း ခ်န္ပီယံ လိဂ္မွာ ပထမဆံုးလူစား၀င္ ၂ ဂိုးအထက္ သြင္းႏိုင္တဲ့သူျဖစ္လာပါတယ္။

၂။ နည္းျပဆိုးလ္ရွား ၁၉၉၉ တုန္းက ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ လူစား၀င္လာ ၿပီး ဟက္ထရစ္ရခဲ့ၿပီးေနာက္ပိုင္း ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအတြက္ လူစား၀င္လာၿပီးမွ ဟက္ထရစ္ရတဲ့ ကစားသမားအျဖစ္ တစ္ေက်ာ့ျပန္ရွိလာခဲ့တာပါ။

၃။ အဖြင့္ဂိုးသြင္းခဲ့တဲ့ ဂရင္း၀ုဒ္ဟာ ဥေရာပၿပိဳင္ပြဲအဆင့္မွာ သြင္းဂိုး ၆ ဂိုးျပည့္တဲ့ ဆယ္ေက်ာ္သက္ကစားသမားျဖစ္လာခဲ့ၿပီး ရက္ရွ္ဖို႔ဒ္တုန္းကစံခ်ိန္နဲ႔ တူသြားခဲ့ပါ တယ္။

၄။ ေဖေဖာ္၀ါရီ ၂၀၂၀ ေရာက္လာခဲ့ၿပီးေနာက္ပိုင္း ဖာနန္ဒက္စ္ဟာ အသင္းအ တြက္ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္လုပ္ေပးထားႏိုင္ခဲ့ၿပီး ဆိုးလ္ရွား စတင္တာ၀န္ယူတဲ့ ၂၀၁၈ ဒီဇင္ဘာကေနစၿပီး ဘယ္မန္ယူကစားသမားကမွ သူ႕ေလာက္ ဂိုးဖန္တီးမႈ မလုပ္ေပးႏိုင္ခဲ့ပါဘူး။

၅။ ဒီႏွစ္ခ်န္ပီယံလိဂ္မွာ မန္ယူအသင္းဟာ ၿပိဳင္ဘက္အသင္းက ကစားသမားေတြ ရဲ႕ ဂိုးသြင္းတာကိုမခံရေသးပါဘူး။

၆။ မန္ယူအသင္း ပင္နယ္တီရတဲ့အလံုးကို ပင္နယ္တီကန္သြင္းခြင့္ တာ၀န္ယူ ထားတဲ့ ဖာနန္ဒက္စ္မကန္ခဲ့သလို အဲဒီအခ်ိန္မွာ ဟက္ထရစ္မရေသးတဲ့ ရက္ရွ္ ဖို႔ဒ္လည္း မကန္ခဲ့ပါဘူး။ ဒါ့အျပင္ တုိက္စစ္မွဴး ကာဗာနီလည္း မကန္သြင္းခဲ့ဘဲ မာရွယ္ကို ကန္သြင္းေစခဲ့တာ ဒီပြဲရဲ႕ထူးျခားမႈတစ္ခုပါပဲ။

၇။ ဒီႏိုင္ပြဲဟာ မန္ယူအတြက္ ဒီရာသီမွာ အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္ရဲ႕ ပထမဆံုး ႏိုင္ပြဲလည္း ျဖစ္ခဲ့ပါတယ္။