ဆဲလ်တာဗီဂို 🆚 ဆိုစီဒက်
ဆဲလ်တာဗီဂိုက ဒီရာသီလာလီဂါ အိမ်ကွင်း ၅ ပွဲမှာ သရေပွဲ မရှိသေးဘဲ
ဂရန်နာဒါကိုသာ အနိုင်ရခဲ့ကာ အက်-တီကို ဘီလ်ဘာအို ကာဒစ်နဲ့ ဆီဗီလာတို့ကို
ရှုံးခဲ့တယ်။ လာလီဂါ ၁၀ ပွဲမှာ ၁၀ ဂိုးသာရခဲ့ကာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၄ ပွဲအထိ ရှိတယ်။
ဆိုစီဒက်နဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက်တိုက် သရေပွဲမရှိခဲ့ဘဲ ဆဲလ်တာဗီဂို
၅ ပွဲရှုံးခဲ့တယ်။ ဆိုစီဒက်ကလည်း ရာသီအစအဖွင့်ပွဲမှာ ဘာစီလိုနာကို ၄-၂ နဲ့
ရှုံးပြီးချိန်ကစလို့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲဆက်တိုက် အရှုံးမရှိဘူး။ ၂၁ မှတ်စီ
ရထားတဲ့ ၄ သင်း ရှိလာပြီး ထိပ်ဆုံးကနေ အဆင့် ၄ ရောက်သွားတာမို့ ဒီပွဲက
အရေးကြီးနေတယ်။ ဆိုစီဒက်ကိုပဲ ရွေးသင့်တယ်။
ဆိုစီဒက်
ဂရန်နာဒါ 🆚 ဂီတာဖေး
ဂီတာဖေးကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ
ဂရန်နာဒါ ၁ ပွဲပဲ ရှုံးခဲ့တယ်။ ဂီတာဖေး (၃ဂိုး) အလာဗက်စ် (၅ဂိုး)ပြီးရင်
ဂရန်နာဒါက ဒီရာသီ လာလီဂါရဲ့ တတိယအညံ့ဆုံးတိုက်စစ် (၇ဂိုး)ဖြစ်နေပေ
မယ့် ၇ ဂိုးအနက် ၅ ဂိုးကို အိမ်ကွင်းမှာ ရထားတာပါ။ ဒီရာသီလာလီဂါအိမ်ကွင်း
၄ ပွဲစလုံးလည်း ဂိုးသွင်းနိုင်ခဲ့တယ်။
ဂီတာဖေးက လာလီဂါ နောက်ဆုံး ၁၁ ပွဲဆက်တိုက်နိုင်ပွဲ မရှိဘူး။ ဒီရာသီ
လာလီဂါမှာ လီဗန်တေးနဲ့အတူနိုင်ပွဲမရသေးတဲ့ အသင်းပါ။ ဒါ့အပြင် လာလီဂါ
နောက်ဆုံး ၁၅ ပွဲမှာ ဂိုးမသွင်းနိုင်တာ ၁၁ ပွဲအထိ ရှိခဲ့တယ်။ ဒီပွဲအတွက်
ဗဟိုခံစစ်မှူး ၂ ဦးဖြစ်တဲ့ ဒါကိုနန်နဲ့ ချီမာရိုဒရီဂွက်ဇ်တို့ ၂ ဦးလည်း ပွဲပယ်ခံ
ထားရတယ်။ ၁-၀ ဖြစ်ဖို့များတဲ့ ပွဲပါပဲ။
ဂရန်နာဒါ / ဂိုးအောက်
လီဗန်တေး 🆚 အက်-တီကို
ဗန်တေးက ဒီရာသီ လာလီဂါနိုင်ပွဲမရသေးသလို ခံစစ်ကလည်း အညံ့ဆုံး
အဖြစ် ၁၈ ဂိုးတောင်ပေးထားရတယ်။ လာလီဂါပွဲတွေမှာ နိုင်ပွဲမရတာက
လည်း ၁၈ ပွဲအထိ ရှိနေပါပြီ။ အက်-တီကိုကို အိမ်ကွင်းမှာ ကစားခဲ့တဲ့
နောက်ဆုံး ၅ ပွဲမှာလည်း ၁ ပွဲပဲ နိုင်ခဲ့တယ်။
အက်-တီကို က လာလီဂါ နောက်ဆုံး ၁၄ ပဲွမှာ အလာဗက်စ်ကိုသာ
ကပ်ရှုံးခဲ့ဖူးတယ်။ ခံစစ်ကတော့ အရင်လို မဟုတ်တော့သလို ဒီရာသီ
အဝေးကွင်း ပြိုင်ပွဲစုံ ၅ ပွဲစလုံး ဂိုးပေးထားရတယ်။ လီဗာပူးကိုရှုံး ဆိုစီဒက်ကို
အငြင်းပွားဖွယ် ပင်နယ်တီနဲ့ သရေရခဲ့ပြီး ၂ ပွဲဆက်နိုင်ပွဲပျောက်နေတဲ့
အက်-တီကို နိုင်ပွဲလိုနေပါပြီ။
အက်-တီကို
Zawgyi
ကြာသပတေးညလာလီဂါ ပစ်မှတ်များကိုရွှေမောင်း
ဆဲလ်တာဗီဂို 🆚 ဆိုစီဒက်
ဆိုစီဒက်
ဂရန်နာဒါ 🆚 ဂီတာဖေး
၎ ပွဲစလုံးလည်း ဂိုးသွင်းနိုင်ခဲ့တယ်။
ဂရန်နာဒါ / ဂိုးအောက်
လီဗန်တေး 🆚 အက်-တီကို
လီဗန်တေးက ဒီရာသီ လာလီဂါနိုင်ပွဲမရသေးသလို ခံစစ်ကလည်း အညံ့ဆုံး
အက်-တီကို က လာလီဂါ နောက်ဆုံး ၁၄ ပွဲမှာ အလာဗက်စ်ကိုသာ
အက်-တီကို