ကြိုးစားနေတာတွေကလည်းမန်ယူအသင်းမှာ ပေးဆပ်ပြီး ကစားချင်လို့ပါ – တာဟစ်ချောင်

မန်ယူလူငယ် တောင်ပံ ကစားသမား တာဟစ်ချောင်ဟာ လက်ရှိမှာတော့ ဘာမင်ဂမ်အသင်းမှာ အငှားထွက်ကစားနေတာဖြစ်ပြီး အဆိုပါ အသင်းနဲ့ အတူ ခြေစွမ်းကောင်းပြသထားပါတယ်။

တာဟစ်ချောင်ဟာ ဘာမင်ဂမ်အသင်းထံ အငှားထွက်မကစားခင် မန်ယူအသင်းရဲ့ ရာသီကြိုခြေစွမ်းပွဲစဉ်တွေမှာလည်း ပါဝင်ကစားခဲ့ပြီး ဒါဘီအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

တာဟစ်ချောင်ကတော့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားနေပြီးအခုလို ကြိုးစားနေတာဟာလည်း မန်ယူအသင်းအတွက် ပေးဆပ်ကစားချင်လို့ပါလို့အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

” ကျွန်တော်က အရှေ့ကို အရမ်းအရှည်ကြီးတော့ မတွေးထားပါဘူး။

လက်ရှိ ဘာမင်ဂမ်မှာ ကစားနေတဲ့ အတွက် ကျွန်တော် လုပ်နိုင်သလောက် ဒီအသင်းအတွက် အကောင်းဆုံး ကစားမယ်။

ကစားခွင့်ရတဲ့ ပွဲတိုင်းကို အာရုံစိုက်ပြီး ကစားမယ်။ အမှားတွေကနေ သင်ခန်းစာယူမယ်။

နောက်ထပ်မဖြစ်အောင် အကောင်းဆုံး ကြိုးစားမယ်။ ဒါပါပဲ။”

” မန်ယူအသင်းကတော့ ကျွန်တော့်ရဲ့ မိခင်ကလ်အသင်းမှာပါ။

အသင်းလူတွေ အကုန်လုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ နည်းပြ ဆိုးလ်ရှားဆိုရင် ကျွန်တော်ကန်တဲ့ပွဲတွေကို တခါတလေ လာကြည့်တတ်တယ်။

သူ မလာကြည့်နိုင်တဲ့ အခါမျိုးတွေတောင်မှပဲ ကျွန်တော့်ကို စာပို့ပြီး အမြဲအားပေးစကားပြောပါတယ်”

” ချောင် ရေ .. မင်းကို ငါ စောင့်ကြည့်နေတယ်နော် .. ကောင်းကောင်းကြိုးစားကွာ… ဆိုပြီးတော့ပေါ့ ”

” ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် အကောင်းဆုံး ကြိုးစားနေပါတယ်။

အဲ့ဒီလို ကြိုးစားနေတာတွေကလည်းမန်ယူအသင်းမှာ ပေးဆပ်ပြီး ကစားချင်လို့ပါ” လို့ တာဟစ်ချောင်က ပြောဆိုခဲ့ပါတယ်။

တာဟစ်ချောင်အတွက်တော့ ဒီရာသီ အငှားထွက်ကစားတာက နောက်ဆုံးဖြစ်လာနိုင်ဖွယ်ရှိနေပြီး နည်းပြရဲ့ စိတ် ကျေနပ်မှုကို ရရှိပါက အသင်းထံ ပြန်လည်ခေါ်ယူခြင်းခံရမှာဖြစ်သလို လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရရင်တော့ လာမယ့်နှစ်မှာ ငွေသုံးကြမ်းမယ့် မန်ယူသင်းအနေနဲ့ အသင်းအတွက် မလိုအပ်တဲ့ကစားသမားတွေကို ရောင်းချသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

Zawgyi

ႀကိဳးစားေနတာေတြကလည္းမန္ယူအသင္းမွာ ေပးဆပ္ၿပီး ကစားခ်င္လို႔ပါ – တာဟစ္ေခ်ာင္

မန္ယူလူငယ္ ေတာင္ပံ ကစားသမား တာဟစ္ေခ်ာင္ဟာ လက္ရွိမွာေတာ့ ဘာမင္ဂမ္အသင္းမွာ အငွားထြက္ကစားေနတာျဖစ္ၿပီး အဆိုပါ အသင္းနဲ႔ အတူ ေျခစြမ္းေကာင္းျပသထားပါတယ္။

တာဟစ္ေခ်ာင္ဟာ ဘာမင္ဂမ္အသင္းထံ အငွားထြက္မကစားခင္ မန္ယူအသင္းရဲ႕ ရာသီႀကိဳေျခစြမ္းပြဲစဥ္ေတြမွာလည္း ပါဝင္ကစားခဲ့ၿပီး ဒါဘီအသင္းကို အႏိုင္ရခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာလည္း အသင္းအတြက္ တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

တာဟစ္ေခ်ာင္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ တိုးတက္ေအာင္ ႀကိဳးစားေနၿပီးအခုလို ႀကိဳးစားေနတာဟာလည္း မန္ယူအသင္းအတြက္ ေပးဆပ္ကစားခ်င္လို႔ပါလို႔အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့ပါတယ္။

” ကြၽန္ေတာ္က အေရွ႕ကို အရမ္းအရွည္ႀကီးေတာ့ မေတြးထားပါဘူး။

လက္ရွိ ဘာမင္ဂမ္မွာ ကစားေနတဲ့ အတြက္ ကြၽန္ေတာ္ လုပ္ႏိုင္သေလာက္ ဒီအသင္းအတြက္ အေကာင္းဆုံး ကစားမယ္။

ကစားခြင့္ရတဲ့ ပြဲတိုင္းကို အာ႐ုံစိုက္ၿပီး ကစားမယ္။ အမွားေတြကေန သင္ခန္းစာယူမယ္။

ေနာက္ထပ္မျဖစ္ေအာင္ အေကာင္းဆုံး ႀကိဳးစားမယ္။ ဒါပါပဲ။”

” မန္ယူအသင္းကေတာ့ ကြၽန္ေတာ့္ရဲ႕ မိခင္ကလ္အသင္းမွာပါ။

အသင္းလူေတြ အကုန္လုံးနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိပါတယ္။ နည္းျပ ဆိုးလ္ရွားဆိုရင္ ကြၽန္ေတာ္ကန္တဲ့ပြဲေတြကို တခါတေလ လာၾကည့္တတ္တယ္။

သူ မလာၾကည့္ႏိုင္တဲ့ အခါမ်ိဳးေတြေတာင္မွပဲ ကြၽန္ေတာ့္ကို စာပို႔ၿပီး အၿမဲအားေပးစကားေျပာပါတယ္”

” ေခ်ာင္ ေရ .. မင္းကို ငါ ေစာင့္ၾကည့္ေနတယ္ေနာ္ .. ေကာင္းေကာင္းႀကိဳးစားကြာ… ဆိုၿပီးေတာ့ေပါ့ ”

” ကြၽန္ေတာ္ကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုယ္တိုးတက္ေအာင္ အေကာင္းဆုံး ႀကိဳးစားေနပါတယ္။

အဲ့ဒီလို ႀကိဳးစားေနတာေတြကလည္းမန္ယူအသင္းမွာ ေပးဆပ္ၿပီး ကစားခ်င္လို႔ပါ” လို႔ တာဟစ္ေခ်ာင္က ေျပာဆိုခဲ့ပါတယ္။

တာဟစ္ေခ်ာင္အတြက္ေတာ့ ဒီရာသီ အငွားထြက္ကစားတာက ေနာက္ဆုံးျဖစ္လာႏိုင္ဖြယ္ရွိေနၿပီး နည္းျပရဲ႕ စိတ္ ေက်နပ္မႈကို ရရွိပါက အသင္းထံ ျပန္လည္ေခၚယူျခင္းခံရမွာျဖစ္သလို လုံေလာက္တဲ့ စြမ္းေဆာင္ရည္မ်ိဳး မရရင္ေတာ့ လာမယ့္ႏွစ္မွာ ေငြသုံးၾကမ္းမယ့္ မန္ယူသင္းအေနနဲ႔ အသင္းအတြက္ မလိုအပ္တဲ့ကစားသမားေတြကို ေရာင္းခ်သြားဖြယ္ရွိေနတာျဖစ္ပါတယ္။