ကြိုးစားလိုက်ပါဦး ဆာလက်
လီယွန်နယ်မက်ဆီက Ballon d’Or စာရင်းတွင်အဆင့် ၇ သာချိတ်ခဲ့တဲ့
မိုဟာမက်ဆာလက်အနေဖြင့်လာမယ့်နှစ်များတွင် Ballon d’Or ဆွတ်ခူးရန်
အခွင့်အရေးများရရှိလာမယ်လို့ပြောကြားလာပါတယ်။
မိုဟာမက်ဆာလက်ဟာလီဗာပူးနှင့်အတူထိပ်တန်းခြေစွမ်းပြ
ကစားနေပေမယ့် Ballon d’Or စာရင်းတွင် အဆင့်၇သာချိတ်ခဲ့ပါတယ်။
အီဂျစ်စူပါစတားဟာပြီးခဲ့တဲ့ရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၃၁ဂိုးသွင်းယူခဲ့ပြီး
ယခုရာသီတွင်လည်းဆက်လက်ခြေစွမ်းပြကစားနေပါတယ်။
သူဟာယခုရာသီတွင်၁၇ဂိုးသွင်းယူထားပြီဖြစ်ပါတယ်။
ဒါပေမယ့်သူဟာ Balon d’Or တွင် အဆင့်၇နေရာတွင်သာရပ်တည်နိုင်ခဲ့ပါတယ်။
ယခုနှစ် Ballon d’Or ဆုကို လီယွန်နယ်မက်ဆီက၇ကြိမ်မြောက်အဖြစ်
ဆွတ်ခူးသွားခဲ့ပါတယ်။မိုဟာမက်ဆာလက်ရဲ့အဖြစ်အပျက်အပေါ်
မက်ဆီက “ဆာလက်အနေနဲ့လာမယ့်နှစ်တွေမှာအခွင့်အရေးတွေရရှိလာမှာပါ။
နှစ်ဦးလုံး(ဆာလက်နဲ့လီဝန်ဒေါ့စကီး)တို့ဟာအခုအချိန်မှာ
သူတို့ကစားသမားဘဝရဲ့အကောင်းဆုံးအနေအထားကိုရရှိနေပါတယ်။
ဒီဆုကိုရရှိဖို့အခွင့်အရေးတွေရလာမှာပါ”လို့ပြောကြားသွားပါတယ်။
မိုဟာမက်ဆာလက်ဟာလာမယ့်ဇန်နဝါရီတွင်ကျင်းပမယ့်
အာဖရိကဖလားပြိုင်ပွဲတွင်ဆက်လက်ဂိုးသွင်းကာအောင်မြင်မှုရရှိလာပါက
၂၀၂၂ ခုနှစ် Ballon d’Or အတွက်အဓိကယှဉ်ပြိုင်သူဖြစ်ပါတယ်။
ဆာလက်ဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး
ကစားသမားအဖြစ်သတ်မှတ်ခြင်းခံနေရပေမယ့်
Ballon d’Or စာရင်းတွင် ဂျော်ဂျင်ဟို၊အန်ဂိုလိုကန်တီ၊
ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲအောက်တွင်သာရပ်တည်နိုင်ခဲ့ပါတယ်။
လီဗာပူးနည်းပြကလော့ပ်ကလည်း Ballon d’Or စာရင်းတွင်
မိုဟာမက်ဆာလက်မှာခရစ္စတီယာနိုရော်နယ်ဒိုအောက်တွင်သာ
ရပ်တည်နိုင်ခဲ့မှုအတွက်အလွန်အံ့ဩသင့်ရကြောင်းဆိုထားပါတယ်။
zawgyi