ကြောက်စရာကောင်းလှတဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ စီရော်နယ်ဒိုရဲ့ ဖရီးကစ်မှတ်တမ်း

စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၀၇ ဂိုးအထိသွင်းယူထားပြီး ယူရိုပြိုင်ပွဲမှာလည်း ၁၂ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။


စီရော်နယ်ဒိုဟာ အဲဒီစံချိန်အပြင် တခြားစံချိန်အများအပြားတင်ထားပေမယ့် အဓိကပြိုင်ပွဲကြီးတွေမှာ သူ့ရဲ့ဖရီးကစ်သွင်းဂိုးမှတ်တမ်းကတော့ အတော်လေးဆိုးရွားနေပါတယ်။

စီရော်နယ်ဒိုဟာ ဂျာမနီကို ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။


အသက် ၃၆ နှစ်အရွယ်ရှိ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အဓိကပြိုင်ပွဲကြီး(ကမ္ဘာ့ဖလားနဲ့ ယူရို)တွေမှာ အကြိမ် ၅၀ မြောက်အဖြစ် အဲဒီပွဲမှာ ဖရီးကစ်တစ်ကြိမ် ကန်သွင်းခဲ့ပါတယ်။


စီရော်နယ်ဒိုဟာ သူ့ရဲ့ပုံစံအတိုင်း နောက်ကို ခြေလှမ်းတော်တော်များများဆုတ်ကာ အသက်ပြင်းပြင်းရှူသွင်းပြီး အားနဲ့မာန်နဲ့ ကန်လိုက်ပါတယ်။
ဒါပေမဲ့ စီရော်နယ်ဒိုရဲ့ကြိုးစားမှုက အရာမထင်ခဲ့ဘဲ ဘောလုံးက ပွဲကြည့်စင်ပေါ်သာ ရောက်သွားပါတယ်။

စီရော်နယ်ဒိုအတွက်တော့ မှတ်တမ်းဆိုးက ဆက်လက်တိုးသွားပြီး အခုဆိုရင် အဓိကပြိုင်ပွဲကြီးတွေမှာ ဖရီးကစ်ကနေ ဂိုးသွင်းနိုင်တာ တစ်ကြိမ်ပဲရှိပါသေးတယ်။
အဲဒီဂိုးကလည်း ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အဖြစ် စပိန်နဲ့ ၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲမှာ နောက်ကျချေပဂိုးအဖြစ် သွင်းယူခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုလည်း ဟက်ထရစ်ရခဲ့ပါတယ်။


သူ့ရဲ့ရီးရဲလ်အသင်းဖော်ဟောင်း ဂါရတ်ဘေးလ်က အဓိကပြိုင်ပွဲကြီးတွေမှာ ဖရီးကစ် ၆ကြိမ်ကန်ရာမှာ ၂ဂိုးသွင်းယူထားပြီး ယူရို ၂၀၁၆ အုပ်စုအဆင့်တုန်းကဖြစ်ပါတယ်။

စပါးနောက်ခံလူ ဒိုင်ယာက ရာနှုန်းပြည့်ဂိုးသွင်းနိုင်တဲ့မှတ်တမ်းတင်ထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားဘက်ကို ဖရီးကစ်ကနေ ဂိုးသွင်းခဲ့သလို အဲဒီတစ်ကြိမ်ပဲ ကန်သွင်းခဲ့တာပါ။


စီရော်နယ်ဒိုဟာ ကလပ်အသင်းအဆင့်မှာလည်း နောက်ပိုင်းရောက်လာချိန် ဖရီးကစ်မှတ်တမ်း ဆိုးရွားလာပြီး ဂျူဗင်တပ်စ်အတွက် ဖရီးကစ် ၇၂ကြိမ်ကန်သွင်းရာမှာ ၁ဂိုးပဲ ဝင်ပါသေးတယ်။

Zawgyi
ေၾကာက္စရာေကာင္းလွတဲ့ အဓိကၿပိဳင္ပြဲႀကီးေတြမွာ စီေရာ္နယ္ဒိုရဲ႕ ဖရီးကစ္မွတ္တမ္း
စီေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ၁၀၇ ဂိုးအထိသြင္းယူထားၿပီး ယူ႐ိုၿပိဳင္ပြဲမွာလည္း ၁၂ဂိုးသြင္းယူကာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။

စီေရာ္နယ္ဒိုဟာ အဲဒီစံခ်ိန္အျပင္ တျခားစံခ်ိန္အမ်ားအျပားတင္ထားေပမယ့္ အဓိကၿပိဳင္ပြဲႀကီးေတြမွာ သူ႕ရဲ႕ဖရီးကစ္သြင္းဂိုးမွတ္တမ္းကေတာ့ အေတာ္ေလးဆိုးရြားေနပါတယ္။
စီေရာ္နယ္ဒိုဟာ ဂ်ာမနီကို ၄-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ တစ္ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ တစ္ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
အသက္ ၃၆ ႏွစ္အရြယ္ရွိ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုဟာ အဓိကၿပိဳင္ပြဲႀကီး(ကမၻာ့ဖလားနဲ႔ ယူ႐ို)ေတြမွာ အႀကိမ္ ၅၀ ေျမာက္အျဖစ္ အဲဒီပြဲမွာ ဖရီးကစ္တစ္ႀကိမ္ ကန္သြင္းခဲ့ပါတယ္။
စီေရာ္နယ္ဒိုဟာ သူ႕ရဲ႕ပုံစံအတိုင္း ေနာက္ကို ေျခလွမ္းေတာ္ေတာ္မ်ားမ်ားဆုတ္ကာ အသက္ျပင္းျပင္း႐ွဴသြင္းၿပီး အားနဲ႔မာန္နဲ႔ ကန္လိုက္ပါတယ္။
ဒါေပမဲ့ စီေရာ္နယ္ဒိုရဲ႕ႀကိဳးစားမႈက အရာမထင္ခဲ့ဘဲ ေဘာလုံးက ပြဲၾကည့္စင္ေပၚသာ ေရာက္သြားပါတယ္။

စီေရာ္နယ္ဒိုအတြက္ေတာ့ မွတ္တမ္းဆိုးက ဆက္လက္တိုးသြားၿပီး အခုဆိုရင္ အဓိကၿပိဳင္ပြဲႀကီးေတြမွာ ဖရီးကစ္ကေန ဂိုးသြင္းႏိုင္တာ တစ္ႀကိမ္ပဲရွိပါေသးတယ္။
အဲဒီဂိုးကလည္း ၂၀၁၈ ကမၻာ့ဖလားအုပ္စုပြဲစဥ္အျဖစ္ စပိန္နဲ႔ ၃-၃ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ေနာက္က်ေခ်ပဂိုးအျဖစ္ သြင္းယူခဲ့တာျဖစ္ၿပီး စီေရာ္နယ္ဒိုလည္း ဟက္ထရစ္ရခဲ့ပါတယ္။
သူ႕ရဲ႕ရီးရဲလ္အသင္းေဖာ္ေဟာင္း ဂါရတ္ေဘးလ္က အဓိကၿပိဳင္ပြဲႀကီးေတြမွာ ဖရီးကစ္ ၆ႀကိမ္ကန္ရာမွာ ၂ဂိုးသြင္းယူထားၿပီး ယူ႐ို ၂၀၁၆ အုပ္စုအဆင့္တုန္းကျဖစ္ပါတယ္။
စပါးေနာက္ခံလူ ဒိုင္ယာက ရာႏႈန္းျပည့္ဂိုးသြင္းႏိုင္တဲ့မွတ္တမ္းတင္ထားၿပီး ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ႐ုရွားဘက္ကို ဖရီးကစ္ကေန ဂိုးသြင္းခဲ့သလို အဲဒီတစ္ႀကိမ္ပဲ ကန္သြင္းခဲ့တာပါ။
စီေရာ္နယ္ဒိုဟာ ကလပ္အသင္းအဆင့္မွာလည္း ေနာက္ပိုင္းေရာက္လာခ်ိန္ ဖရီးကစ္မွတ္တမ္း ဆိုးရြားလာၿပီး ဂ်ဴဗင္တပ္စ္အတြက္ ဖရီးကစ္ ၇၂ႀကိမ္ကန္သြင္းရာမွာ ၁ဂိုးပဲ ၀င္ပါေသးတယ္။