
ကြောင်ခံတွင်းပျက် ပေါလ်စခိုးနဲ့ ဘားက အကမယ်တစ်ဦးအကြောင်း
မန်ယူနှင့်အင်္ဂလန်ဂန္ထဝင်ကစားသမားပေါလ်စခိုးဟာဘားဆိုင်တစ်ခုမှာထိုင်နေရင်း
အကမယ်တစ်ဦးရဲ့သူ့ကိုယ်ပေါ်တက်ထိုင်ပြီးကပြဖျော်ဖြေမှုကြောင့်
အပျော်တွေအရည်ပျော်ခဲ့ရပါတယ်။
မန်ယူကွင်းလယ်ကစားသမားဟောင်းဟာမန်ချက်စတာက Dirty Martini
ဘားသို့သွားရောက်ခဲ့ပါတယ်။
ယင်းသို့ဘားမှာထိုင်နေရင်းအမျိုးသမီးတစ်ဦးဟာအပျော်လွန်ပြီး
ပေါလ်စခိုးထံသို့လာရောက်ပြီးသူ့ကိုယ်ပေါ်တက်ပြီးကပြသွားခဲ့ပါတယ်။
ပေါလ်စခိုးဟာအမျိုးသမီးရဲ့ခန္ဓာကိုယ်အနှံ့ပွတ်သတ်ပြီးပီတိဖြာနေခဲ့ကြောင်း
ဘားသို့ရောက်ခဲ့သူများကဆိုသွားပါတယ်။
မျက်မြင်တစ်ဦးက “သူကထိုင်သောက်နေတာ။ကောင်မလေးတစ်ယောက်
ရောက်လာပြီးသူ့ရှေ့ကပါလေရော။သူ့လည်းမတတ်နိုင်ဘူး။သူလည်းသူမရဲ့
တစ်ကိုယ်လုံးကိုပွတ်သတ်နေခဲ့တယ်။ကောင်မလေးကပရော်ဖက်ရှင်နယ်
ပေါင်ခွထိုင်အကမယ်မဟုတ်ဘူး။သူမလည်းအဲဒီမှာလာသောက်တာ။
အပျော်ကသွားတာ။သူ(စခိုး)ကလည်းအပျော်သက်သက်ပါ”လို့
ပြောကြားသွားပါတယ်။
အသက်၄၆နှစ်ရှိပေါလ်စခိုးဟာပြီးခဲ့တဲ့နှစ်တုန်းကဇနီးသည်ကလဲယားနှင့်
လမ်းခွဲခဲ့သူဖြစ်ပါတယ်။အခုအွန်လိုင်းမှာထွက်ပေါ်လာတဲ့ပေါလ်စခိုးနှင့်
ပေါင်ခွထိုင်အကမယ်လေးတို့ရဲ့အဖြစ်အပျက်ကအောက်တိုဘာလ
၁၆ရက်နေ့တုန်းကဖြစ်ပျက်ခဲ့တာပါ။
Zawgyi
ေၾကာင္ခံတြင္းပ်က္ ေပါလ္စခိုးနဲ႔ ဘားက အကမယ္တစ္ဦးအေၾကာင္း
မန္ယူႏွင့္အဂၤလန္ဂႏၴဝင္ကစားသမားေပါလ္စခိုးဟာဘားဆိုင္တစ္ခုမွာထိုင္ေနရင္း
အကမယ္တစ္ဦးရဲ႕သူ႔ကိုယ္ေပၚတက္ထိုင္ၿပီးကျပေဖ်ာ္ေျဖမႈေၾကာင့္
အေပ်ာ္ေတြအရည္ေပ်ာ္ခဲ့ရပါတယ္။
မန္ယူကြင္းလယ္ကစားသမားေဟာင္းဟာမန္ခ်က္စတာက Dirty Martini
ဘားသို႔သြားေရာက္ခဲ့ပါတယ္။
ယင္းသို႔ဘားမွာထိုင္ေနရင္းအမ်ိဳးသမီးတစ္ဦးဟာအေပ်ာ္လြန္ၿပီး
ေပါလ္စခိုးထံသို႔လာေရာက္ၿပီးသူ႔ကိုယ္ေပၚတက္ၿပီးကျပသြားခဲ့ပါတယ္။
ေပါလ္စခိုးဟာအမ်ိဳးသမီးရဲ႕ခႏၶာကိုယ္အႏွံ႔ပြတ္သတ္ၿပီးပီတိျဖာေနခဲ့ေၾကာင္း
ဘားသို႔ေရာက္ခဲ့သူမ်ားကဆိုသြားပါတယ္။
မ်က္ျမင္တစ္ဦးက “သူကထိုင္ေသာက္ေနတာ။ေကာင္မေလးတစ္ေယာက္
ေရာက္လာၿပီးသူ႔ေရွ႕ကပါေလေရာ။သူ႔လည္းမတတ္ႏိုင္ဘူး။သူလည္းသူမရဲ႕
တစ္ကိုယ္လုံးကိုပြတ္သတ္ေနခဲ့တယ္။ေကာင္မေလးကပေရာ္ဖက္ရွင္နယ္
ေပါင္ခြထိုင္အကမယ္မဟုတ္ဘူး။သူမလည္းအဲဒီမွာလာေသာက္တာ။
အေပ်ာ္ကသြားတာ။သူ(စခိုး)ကလည္းအေပ်ာ္သက္သက္ပါ”လို႔
ေျပာၾကားသြားပါတယ္။
အသက္၄၆ႏွစ္ရွိေပါလ္စခိုးဟာၿပီးခဲ့တဲ့ႏွစ္တုန္းကဇနီးသည္ကလဲယားႏွင့္
လမ္းခြဲခဲ့သူျဖစ္ပါတယ္။အခုအြန္လိုင္းမွာထြက္ေပၚလာတဲ့ေပါလ္စခိုးႏွင့္
ေပါင္ခြထိုင္အကမယ္ေလးတို႔ရဲ႕အျဖစ္အပ်က္ကေအာက္တိုဘာလ
၁၆ရက္ေန႔တုန္းကျဖစ္ပ်က္ခဲ့တာပါ။