
အေရွန်ဝန်ဘစ်ဆာခါဟာမနေ့ညတုန်းကယန်းဘွိုင်းနှင့်တစ်ဂိုးစီသရေကျတဲ့
မန်ချက်စတာယူနိုက်တက်ရဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအပြီးမှာ
ကြော်ငြာဆိုင်းဘုတ်နှင့်တိုက်မိပြီးလဲကျကာထမ်းစင်ဖြင့်ထွက်ခွာခဲ့ရပါတယ်။
နောက်ခံလူဟာယန်းဘွိုင်းနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲရဲ့ပွဲပြီးခရာမှုတ်ခါနီးတွင်
ဖျက်ထုတ်မှုတစ်ခုကြုံခဲ့ရတာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ညာနောက်ခံလူဟာကွင်းဘေးသို့ထိုးကျသွားခဲ့ပြီးနောက်
ကြော်ငြာဘုတ်ပြားနဲ့ဆောင့်မိခဲ့ပြီး
နာကျင်စွာလူးလိမ့်နေခဲ့ပါတယ်။သူ့ကိုဆေးအဖွဲ့ကကုသမှုများပြုလုပ်ပြီး
နောက်ထမ်းစင်ဖြင့်ခေါ်ဆောင်သွားခဲ့ရပါတယ်။ယူနိုက်တက်နည်းပြရန်နစ်ခ်က
“နှစ်ချက်ထိသွားတာ။တစ်ခုကလက်ကောက်ဝတ်မှာတစ်ခုကဒူးမှာဖြစ်ပါတယ်။
သူ့အခြေအနေစောင့်ကြည့်ရမယ်။
မနက်ဖြန်ကျန်ရင်အဖြေသိမှာပါ။ကျွန်တော်ကတော့မနက်ဖြန်
လေ့ကျင့်ခန်းဆင်းနိုင်မယ်တောင်ထင်ထားတယ်။နော့ဝှစ်ချ်(စနေ)ပွဲမှာ
ပါဝင်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။
ဝန်ဘစ်ဆစ်ခါဟာအာဆင်နယ်၊ပဲလေ့စ်တို့နှင့်ပွဲများတွင်ဒါလော့ကို
ပွဲထွက်နေရာဆုံးရှုံးခဲ့ရပြီးနောက်
ယန်းဘွိုင်းနှင့်ပွဲတွင်ပြန်လည်ပွဲထွက်ခွင့်ရလာသူဖြစ်ပါတယ်။သူဟာယခုရာသီမှာ
ယူနိုက်တက်အတွက်၁၈ပွဲကစားထားပါတယ်။ယူနိုက်တက်နည်းပြရန်နစ်ခ်ဟာ
ယန်းဘွိုင်းနှင့်ပွဲတွင်တွမ်ဟီတန်၊ မန်ဂီ၊ရှိုင်းတိုင်း၊ချာလီဆာ့ဗစ်ချ်နှင့်အိုင်ဘောတို့ကို
အရန်အဖြစ်ကစားစေကာသူတို့ရဲ့ပထမဆုံးယူနိုက်တက်ပွဲကိုကစားခွင့်ပေးခဲ့ပါတယ်။
zawgyi
ေၾကာ္ညာဘုတ္ ၀င္တိုက္မိလို႔ ထမ္းစင္နဲ႔ ထုတ္ခဲ့ရတဲ့ ဘစ္ဆာကာ
ေအ႐ြန္ဝန္ဘစ္ဆာခါဟာမေန႔ညတုန္းကယန္းဘြိဳင္းႏွင့္တစ္ဂိုးစီသေရက်တဲ့
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲအၿပီးမွာ
ေၾကာ္ျငာဆိုင္းဘုတ္ႏွင့္တိုက္မိၿပီးလဲက်ကာထမ္းစင္ျဖင့္ထြက္ခြာခဲ့ရပါတယ္။
ေနာက္ခံလူဟာယန္းဘြိဳင္းႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲရဲ႕ပြဲၿပီးခရာမႈတ္ခါနီးတြင္
ဖ်က္ထုတ္မႈတစ္ခုႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။ယူႏိုက္တက္ညာေနာက္ခံလူဟာ
ကြင္းေဘးသို႔ထိုးက်သြားခဲ့ၿပီးေနာက္ ေၾကာ္ျငာဘုတ္ျပားနဲ႔ေဆာင့္မိခဲ့ၿပီး
နာက်င္စြာလူးလိမ့္ေနခဲ့ပါတယ္။သူ႔ကိုေဆးအဖြဲ႕ကကုသမႈမ်ားျပဳလုပ္ၿပီး
ေနာက္ထမ္းစင္ျဖင့္ေခၚေဆာင္သြားခဲ့ရပါတယ္။ယူႏိုက္တက္နည္းျပရန္နစ္ခ္က
“ႏွစ္ခ်က္ထိသြားတာ။တစ္ခုကလက္ေကာက္ဝတ္မွာတစ္ခုကဒူးမွာျဖစ္ပါတယ္။
သူ႔အေျခအေနေစာင့္ၾကည့္ရမယ္။
မနက္ျဖန္က်န္ရင္အေျဖသိမွာပါ။ကြၽန္ေတာ္ကေတာ့မနက္ျဖန္
ေလ့က်င့္ခန္းဆင္းႏိုင္မယ္ေတာင္ထင္ထားတယ္။ေနာ့ဝွစ္ခ်္(စေန)ပြဲမွာ
ပါဝင္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။ဝန္ဘစ္ဆစ္ခါဟာ
အာဆင္နယ္၊ပဲေလ့စ္တို႔ႏွင့္ပြဲမ်ားတြင္ဒါေလာ့ကိုပြဲထြက္ေနရာဆုံးရႈံးခဲ့ရၿပီးေနာက္
ယန္းဘြိဳင္းႏွင့္ပြဲတြင္ျပန္လည္ပြဲထြက္ခြင့္ရလာသူျဖစ္ပါတယ္။သူဟာယခုရာသီမွာ
ယူႏိုက္တက္အတြက္၁၈ပြဲကစားထားပါတယ္။ယူႏိုက္တက္နည္းျပရန္နစ္ခ္ဟာ
ယန္းဘြိဳင္းႏွင့္ပြဲတြင္တြမ္ဟီတန္၊ မန္ဂီ၊ရႈိင္းတိုင္း၊ခ်ာလီဆာ့ဗစ္ခ်္ႏွင့္အိုင္ေဘာတို႔ကို
အရန္အျဖစ္ကစားေစကာသူတို႔ရဲ႕ပထမဆုံးယူႏိုက္တက္ပြဲကိုကစားခြင့္ေပးခဲ့ပါတယ္။