ကွင်းထဲမှာ သေးပေါက်တော့ အပိတ်ခံရပြီပေ့ါ

ဂိုးသမားတစ်ဦးဟာကွင်းအတွင်းသေးပေါက်မှုကြောင့်အထုတ်ခံခဲ့ရပြီးနောက်

ပွဲများစွာအပိတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ပြင်သစ်သတ္တမတန်းလိဂ်ကလပ် AC Saint-Brevin မှ

အမည်ဖော်ပြထားခြင်းမရှိတဲ့ နံပါတ်တစ်ဂိုးသမားဟာစနေနေ့တုန်းက

Mareuil-sur-Lay နှင့်အိမ်ကွင်းပွဲစဉ်ရဲ့ဒုတိယပိုင်း ၁၅မိနစ်တွင်

ဘောင်းဘီလှန်ကာသေးပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာသေးပေါက်ချင်နေမှုကြောင့်အိမ်သာသို့သွားနိုင်ရန်ပွဲကိုခေတ္တရပ်နားပေးရန်

ဒိုင်လူကြီးကိုအသနားခံခဲ့ပေမယ့်မအောင်မြင်ပြီးနောက်

ဂိုးတိုင်နောက်တွင်သေးပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ဒိုင်လူကြီးရောက်လာကာသေးပေါက်တာကိုရပ်စေပြီး

အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။သူအထုတ်ခံရချိန်တွင်

တစ်ဂိုးစီသရေကျနေပြီး ပွဲအပြီးတွင်၃-၂ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဒေသခံလိဂ်အကြီးအကဲများဟာကွင်းအတွင်းတွင်သေးပေါက်ခဲ့တဲ့

ဂိုးသမားကိုကာလရှည်ပွဲပယ်ရန်စီစဉ်နေပါတယ်။သူဟာလက်ရှိအချိန်တွင်

သုံးပွဲပယ်ခံထားရပြီဖြစ်ပြီးထပ်မံအရေးယူမှုခံရဦးမှာဖြစ်ပါတယ်။

၂၀၀၇ခုနှစ်တုန်းကမာဆေးလ်နှင့်အင်တာမီလန်တို့ရဲ့ယူအီးအက်ဖ်အေ

ဖလားပွဲစဉ်တွင်မာဆေးလ်ဂိုးသမားဖေဘီယန်ဘားသက်ဇ်ဟာလည်း

ကွင်းအတွင်းသေးပေါက်ခဲ့ပေမယ့်ဒိုင်လူကြီး မြင်တွေ့လိုက်ခြင်းမရှိမှုနဲ့အတူ

အရေးယူမှုမခံခဲ့ရပါဘူး။

Zawgyi

ကြင္းထဲမွာ ေသးေပါက္ေတာ့ အပိတ္ခံရၿပီေပ့ါ

ဂိုးသမားတစ္ဦးဟာကြင္းအတြင္းေသးေပါက္မႈေၾကာင့္အထုတ္ခံခဲ့ရၿပီးေနာက္

ပြဲမ်ားစြာအပိတ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

ျပင္သစ္သတၱမတန္းလိဂ္ကလပ္ AC Saint-Brevin မွ

အမည္ေဖာ္ျပထားျခင္းမရွိတဲ့ နံပါတ္တစ္ဂိုးသမားဟာစေနေန႔တုန္းက

Mareuil-sur-Lay ႏွင့္အိမ္ကြင္းပြဲစဥ္ရဲ႕ဒုတိယပိုင္း ၁၅မိနစ္တြင္

ေဘာင္းဘီလွန္ကာေသးေပါက္ခဲ့တာလည္းျဖစ္ပါတယ္။ သူဟာ

ေသးေပါက္ခ်င္ေနမႈေၾကာင့္အိမ္သာသို႔သြားႏိုင္ရန္ပြဲကိုေခတၱရပ္နားေပးရန္

ဒိုင္လူႀကီးကိုအသနားခံခဲ့ေပမယ့္မေအာင္ျမင္ၿပီးေနာက္

ဂိုးတိုင္ေနာက္တြင္ေသးေပါက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ဒိုင္လူႀကီးေရာက္လာကာေသးေပါက္တာကိုရပ္ေစၿပီး

အနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။သူအထုတ္ခံရခ်ိန္တြင္

တစ္ဂိုးစီသေရက်ေနၿပီး ပြဲအၿပီးတြင္၃-၂ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ေဒသခံလိဂ္အႀကီးအကဲမ်ားဟာကြင္းအတြင္းတြင္ေသးေပါက္ခဲ့တဲ့

ဂိုးသမားကိုကာလရွည္ပြဲပယ္ရန္စီစဥ္ေနပါတယ္။သူဟာလက္ရွိအခ်ိန္တြင္

သုံးပြဲပယ္ခံထားရၿပီျဖစ္ၿပီးထပ္မံအေရးယူမႈခံရဦးမွာျဖစ္ပါတယ္။

၂၀၀၇ခုႏွစ္တုန္းကမာေဆးလ္ႏွင့္အင္တာမီလန္တို႔ရဲ႕ယူအီးအက္ဖ္ေအ

ဖလားပြဲစဥ္တြင္မာေဆးလ္ဂိုးသမားေဖဘီယန္ဘားသက္ဇ္ဟာလည္း

ကြင္းအတြင္းေသးေပါက္ခဲ့ေပမယ့္ဒိုင္လူႀကီး ျမင္ေတြ႕လိုက္ျခင္းမရွိမႈနဲ႔အတူ

အေရးယူမႈမခံခဲ့ရပါဘူး။