
မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြရန်နစ်ခ်ဟာ
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်မယ့်အချိန်ကျရင်
ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူသွားဖို့
ဆန္ဒပြင်းပြနေတယ်ဆိုပြီး သတင်းထွက်နေပါတယ်။
ယူနိုက်တက်နည်းပြဟောင်းဆိုးလ်ရှားဟာ ဒီရာသီအစပိုင်းက
စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းတို့ကိုခေါ်ယူခဲ့ပေမယ့်
လိုအပ်တဲ့ကွင်းလယ်လူတစ်ဦးကို ခေါ်ယူဖို့ပျက်ကွက်ခဲ့တာကြောင့်
အသင်းက ယိမ်းယိုင်ခဲ့ရပြီး ရန်နစ်ခ်က အဲဒီပြဿနာကိုဖြေရှင်းဖို့
ကစားသမားသစ်အားဖြည့်လိုနေတာပါ။
အဲဒါကြောင့် လာမယ့်အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ
ယူနိုက်တက်အသင်းဟာ ရန်နစ်ခ်ရဲ့တပည့်ဟောင်းဖြစ်တဲ့
လိုက်ပ်ဇစ်ကွင်းလယ်လူအမာဒူဟိုင်ဒါရာကို ခေါ်ယူဖို့
အဓိကဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့
Manchester Evening News သတင်းစာကဖော်ပြခဲ့ပါတယ်။
မာလီလက်ရွေးစင်ကွင်းလယ်လူဟိုင်ဒါရာဟာ ၂၀၁၈၊ ဒီဇင်ဘာလက
ဆာလ်ဘာ့ဂ်အသင်းကနေပြောင်းရွှေ့ခဲ့ချိန်ကတည်းက
အသင်းရဲ့အဓိက,ကွင်းလယ်လူအဖြစ်ပါဝင်ကစားခွင့်ရနေတာဖြစ်ပြီး
ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အသင်းအတွက် (၄၃)ပွဲကစား၊ (၆)ဂိုးသွင်းခဲ့သလို
ဒီရာသီမှာလည်း (၁၂)ပွဲကစား၊ (၃)ဂိုးသွင်းယူထားသူဖြစ်ပါတယ်။
zawgyi
ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးကို မျဖစ္မေနေခၚယူသြားဖို႔ ဆႏၵျပင္းျပေနတဲ့ ရန္နစ္ခ္
မန္ခ်က္စတာယူႏိုက္တက္အသင္းယာယီနည္းျပရန္နစ္ခ္ဟာ
လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ဖြင့္လွစ္မယ့္အခ်ိန္က်ရင္
ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးကို မျဖစ္မေနေခၚယူသြားဖို႔
ဆႏၵျပင္းျပေနတယ္ဆိုၿပီး သတင္းထြက္ေနပါတယ္။
ယူႏိုက္တက္နည္းျပေဟာင္းဆိုးလ္ရွားဟာ ဒီရာသီအစပိုင္းက
စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းတို႔ကိုေခၚယူခဲ့ေပမယ့္
လိုအပ္တဲ့ကြင္းလယ္လူတစ္ဦးကို ေခၚယူဖို႔ပ်က္ကြက္ခဲ့တာေၾကာင့္
အသင္းက ယိမ္းယိုင္ခဲ့ရၿပီး ရန္နစ္ခ္က အဲဒီျပႆနာကိုေျဖရွင္းဖို႔
ကစားသမားသစ္အားျဖည့္လိုေနတာပါ။
အဲဒါေၾကာင့္ လာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္းမွာ
ယူႏိုက္တက္အသင္းဟာ ရန္နစ္ခ္ရဲ႕တပည့္ေဟာင္းျဖစ္တဲ့
လိုက္ပ္ဇစ္ကြင္းလယ္လူအမာဒူဟိုင္ဒါရာကို ေခၚယူဖို႔
အဓိကဦးစားေပးေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔
Manchester Evening News သတင္းစာကေဖာ္ျပခဲ့ပါတယ္။
မာလီလက္ေ႐ြးစင္ကြင္းလယ္လူဟိုင္ဒါရာဟာ ၂၀၁၈၊ ဒီဇင္ဘာလက
ဆာလ္ဘာ့ဂ္အသင္းကေနေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကတည္းက
အသင္းရဲ႕အဓိက,ကြင္းလယ္လူအျဖစ္ပါဝင္ကစားခြင့္ရေနတာျဖစ္ၿပီး
ၿပီးခဲ့တဲ့ရာသီက လိုက္ပ္ဇစ္အသင္းအတြက္ (၄၃)ပြဲကစား၊ (၆)ဂိုးသြင္းခဲ့သလို
ဒီရာသီမွာလည္း (၁၂)ပြဲကစား၊ (၃)ဂိုးသြင္းယူထားသူျဖစ္ပါတယ္။