ကွင်းလယ်ဒိုင်ကို ဘောလုံးနဲ့လှမ်းကန်ခဲ့တဲ့ မက်ဆီဟာ အနီကတ်နဲ့ ထုတ်ပယ်ခံရ သင့်တာပါ-လာလီဂါအကြီးအကဲဟောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနည်းပြကြီး ဖာဂူဆန်ပြောခဲ့ဖူးတဲ့ အသင်းအထက်မှာ ဘယ်ကစားသမားမှ မရှိနေရဘူးဆိုတဲ့စကားက ဘာစီလိုနာနဲ့ မက်ဆီအတွက်တော့ မဟုတ်နိုင်ပါဘူး။

နွေရာသီတုန်းက ထွက်ခွာခွင့်တောင်းခဲ့တဲ့မက်ဆီဟာ သူ့ကိုယ်သူ အသင်းရဲ့ အထက်မှာရှိတဲ့ပုံစံမျိုးချိုးပြခဲ့ပြီး အခုနောက်ဆုံး အသင်းဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့ နုတ် ထွက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကွင်းထဲမှာလည်း အသင်းရှုံးရင် ညစ်ကျယ်ကျယ် ပုံစံလုပ်ပြလာတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့အလာဗက်စ်ကို သရေကျခဲ့တဲ့ပွဲမှာ ပြုလုပ်ခဲ့ တဲ့အပြုအမူကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရသင့်တယ်လို့ လာလီဂါ အကြီးအကဲဟောင်း ဂျူအန်အိုလီဗာက ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

အလာဗက်စ်နဲ့ပွဲမှာ မက်ဆီဟာ ဒိုင်လူကြီးကို ဘောလုံးနဲ့ တည်ကန်ခဲ့တာဖြစ်ပြီး အနည်းငယ်သာ လွဲချော်သွားခဲ့ပါတယ်။ ဒီလုပ်ရပ်အတွက် ကွင်းလယ်ဒိုင်က အဝါ ကတ်ပြခဲ့ပေမယ့် တကယ်တမ်းဆိုရင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရသင့် တယ်လို့ အိုလီဗာက ပြောကြားသွားတာပါ။

ဘာစီလိုနာမှာ ကာလတိုပဲကိုင်တွယ် ခဲ့ရတဲ့ နည်းပြဟောင်း ဆီတီယန်ဟာလည်း မက်ဆီဟာ ကိုင်တွယ်ရခက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ အတော်လေးထိန်းရခက်တယ်လို့ ပြော သွားခဲ့ပါတယ်။

ဆီတီယန်က “ကျွန်တော့်အထင် မက်ဆီက ဘောလုံးသမား ကောင်းတစ်ဦးပါ။ ဒါပေမဲ့ သူ့ကို ကိုင်တွယ်ဖို့ခက်ပါတယ်။ သူ့ရဲ့ပုံစံကို ကစားသမားတွေနဲ့ အသင်းကလက်ခံနေတော့ ကျွန်တော် ဘယ်လိုလုပ်ပြောင်းလဲနိုင်မှာလဲ။

ကစားသမားတစ်ဦးကိုထိန်းချုပ်ရခက်ပြီဆိုရင် အသင်းအတွက် အခက်အခဲရှိ ပါတယ်။ ဘတ်စကက်ဘောပြိုင်ပွဲတွေမှာ ထင်ရှားကျော်ကြားခဲ့တဲ့ မိုက်ကယ်ဂျော် ဒန်လိုပဲပေါ့” လို့ ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ အသင်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်နေပြီး လက်ရှိကစားသမားတွေရဲ့ လစာ ပေးချေမှုပြဿနာရပ်တွေအတွက် အခြားအသင်းခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ဂျော်ဒီ အဲလ်ဘာ၊ ဘတ်စ်ကွက်စ်၊ ပီကေးတို့နဲ့အတူ အသင်းနဲ့ထိပ်တိုက်ရင်ဆိုင်နေရပြီး သူ့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းသတင်းတွေကလည်း အဆက်မပြတ်ထွက်ပေါ် နေဆဲပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကြင္းလယ္ဒိုင္ကို ေဘာလံုးနဲ႔လွမ္းကန္ခဲ့တဲ့ မက္ဆီဟာ အနီကတ္နဲ႔ ထုတ္ပယ္ခံရ သင့္တာပါ-လာလီဂါအႀကီးအကဲေဟာင္း

မန္ယူနည္းျပႀကီး ဖာဂူဆန္ေျပာခဲ့ဖူးတဲ့ အသင္းအထက္မွာ ဘယ္ကစားသမားမွ မရွိေနရဘူးဆိုတဲ့စကားက ဘာစီလိုနာနဲ႔ မက္ဆီအတြက္ေတာ့ မဟုတ္ႏိုင္ပါဘူး။

ေႏြရာသီတုန္းက ထြက္ခြာခြင့္ေတာင္းခဲ့တဲ့မက္ဆီဟာ သူ႕ကိုယ္သူ အသင္းရဲ႕ အထက္မွာရွိတဲ့ပံုစံမ်ဳိးခ်ဳိးျပခဲ့ၿပီး အခုေနာက္ဆံုး အသင္းဥကၠ႒နဲ႔ ဘုတ္အဖြဲ႕ ႏုတ္ ထြက္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ကြင္းထဲမွာလည္း အသင္းရံႈးရင္ ညစ္က်ယ္က်ယ္ ပံုစံလုပ္ျပလာတဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့အလာဗက္စ္ကို သေရက်ခဲ့တဲ့ပြဲမွာ ျပဳလုပ္ခဲ့ တဲ့အျပဳအမူေၾကာင့္ တုိက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံရသင့္တယ္လုိ႔ လာလီဂါ အႀကီးအကဲေဟာင္း ဂ်ဴအန္အိုလီဗာက ေ၀ဖန္ေျပာဆိုသြားခဲ့ပါတယ္။

အလာဗက္စ္နဲ႔ပြဲမွာ မက္ဆီဟာ ဒိုင္လူႀကီးကို ေဘာလံုးနဲ႔ တည္ကန္ခဲ့တာျဖစ္ၿပီး အနည္းငယ္သာ လြဲေခ်ာ္သြားခဲ့ပါတယ္။ ဒီလုပ္ရပ္အတြက္ ကြင္းလယ္ဒိုင္က အ၀ါ ကတ္ျပခဲ့ေပမယ့္ တကယ္တမ္းဆိုရင္ တုိက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံရသင့္ တယ္လုိ႔ အိုလီဗာက ေျပာၾကားသြားတာပါ။

ဘာစီလိုနာမွာ ကာလတိုပဲကိုင္တြယ္ ခဲ့ရတဲ့ နည္းျပေဟာင္း ဆီတီယန္ဟာလည္း မက္ဆီဟာ ကိုင္တြယ္ရခက္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းမွာ အေတာ္ေလးထိန္းရခက္တယ္လို႔ ေျပာ သြားခဲ့ပါတယ္။

ဆီတီယန္က “ကၽြန္ေတာ့္အထင္ မက္ဆီက ေဘာလံုးသမား ေကာင္းတစ္ဦးပါ။ ဒါေပမဲ့ သူ႕ကို ကိုင္တြယ္ဖို႔ခက္ပါတယ္။ သူ႕ရဲ႕ပံုစံကို ကစားသမားေတြနဲ႔ အသင္းကလက္ခံေနေတာ့ ကၽြန္ေတာ္ ဘယ္လိုလုပ္ေျပာင္းလဲႏိုင္မွာလဲ။

ကစားသမားတစ္ဦးကိုထိန္းခ်ဳပ္ရခက္ၿပီဆိုရင္ အသင္းအတြက္ အခက္အခဲရွိ ပါတယ္။ ဘတ္စကက္ေဘာၿပိဳင္ပြဲေတြမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ မိုက္ကယ္ေဂ်ာ္ ဒန္လိုပဲေပါ့” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းရဲ႕ အသင္း ေခါင္းေဆာင္တစ္ဦးလည္းျဖစ္ေနၿပီး လက္ရွိကစားသမားေတြရဲ႕ လစာ ေပးေခ်မႈျပႆနာရပ္ေတြအတြက္ အျခားအသင္းေခါင္းေဆာင္ ၃ ဦးျဖစ္တဲ့ ေဂ်ာ္ဒီ အဲလ္ဘာ၊ ဘတ္စ္ကြက္စ္၊ ပီေကးတို႔နဲ႔အတူ အသင္းနဲ႔ထိပ္တိုက္ရင္ဆိုင္ေနရၿပီး သူ႕ရဲ႕အေျပာင္းအေရႊ႕ဇာတ္လမ္းသတင္းေတြကလည္း အဆက္မျပတ္ထြက္ေပၚ ေနဆဲပါပဲ။